Fact Check: NUG နဲ့ စကစ အာဏာလွှဲပြောင်းသဘောတူစာချုပ်လက်မှတ်ထိုးတဲ့ သတင်းမှား
NUG နဲ့ စကစ အာဏာလွှဲစာချုပ်လက်မှတ်ထိုးလိုက်ပြီလို့ MRTVကနေကြေညာတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ အောက်ပါ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုက ဒီလိုဖြန့်ဝေထားတဲ့ ဗွီဒီယိုပုံစံပို့စ်ရဲ မြင်ကွင်း screenshot ဖြစ်ပါတယ်။ “အာဏာလွှဲစာချုပ်MRTVကနေကြေငြာပြီ။အချိန်၃မိနစ်ပေးနားထောင်ကြည့်”လို့ရေးထားသားပြီး ဗွီဒီယိုထဲမှာလည်း “NUG နဲ့ နစက သဘောတူလက်မှတ်ထိုးပြီ ၂၅ ရက် MRTV သတင်းမှာကြေငြာပြီ အာဏာလွှဲစာချုပ် ဝမ်းသာလိုက်တာ”စသည်ဖြင့်ရေးသားရာ ဒီဗွီဒီယိုပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူတွေ ရာဂဏန်းကမျှဝေခဲ့ကြပြီး ကြည့်ရှူ့မှုပေါင်း ၅၀၀၀၀ ကျော်ရှိပါတယ်။ ဒီပို့စ်ဟာဖေ့စ်ဘွတ်အသုံးပြုသူတွေအကြာ ထင်ယောင်ထင်မှားဖြစ်စေတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် စစ်တပ်က အာဏာပြန်လွှဲပြီ၊ စစ်တပ်နဲ့ NUG သဘောတူညီမှုရပြီ စတဲ့အကြောင်းအရာတွေဟာ မကြာခဏ ဖြန့်ဝေနေတဲ့ သတင်းမှားတစ်ခုဖြစ်ပါတယ်။ […]
Continue Reading