Fact Check: အာဖဂနစ္စတန်မှာ ရဟတ်ယာဉ်ပျက်ကျမှုကို KNU က ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်ပုံဆိုတဲ့ သတင်းမှား
စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်ပျက်ကျမှု ဓာတ်ပုံ ၂ ပုံနှင့်တကွ ကရင်အမျိုးသားအစည်းအရုံး(KNU)က ရဟတ် ယာဉ်တစ်စီးကိုပစ်ချလိုက်တယ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူထောင်ဂဏန်းက ပြန်လည်မျှဝေနေပါတယ်။ ရဟတ်ယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူးအပါအဝင် ၉ ဦးဖမ်းဆီးရခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ သို့သော်လည်း သတင်းဟာ မှားယွင်းပြီး ဓာတ်ပုံတွေဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာက အာဖဂနစ္စတန်မှာ ရဟတ် ယာဉ်တစ်စီးပျက်ကျစဉ်က ဓာတ်ပုံတွေဖြစ်ပါတယ်။ “သတင်းမှန်👏👏 KNU တပ်မဟာ ၅ နယ်မြေအားစစ်ကောင်စီ အကြမ်ဖက်သူပုန်မှ ရဟတ်ယာဉ် ဖြင့်တိုက်ခိုက်ရာKNU မှ ပြန်လည်ပစ်ခတ်ရာမှလေယာဉ် ပျက်ကျ ထပ်မံ၍ လေယာဉ်မှူးအပါဝင် ၉ ဦးဖမ်းဆီးရမိ”လို့ရေးသားပြီး “Khin Hnin Se Nyo”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြု သူက မျှဝေထားရာမှာ ၁၂ နာရီအတွင်း ပြန်လည်မျှဝေမှု ၂ ထောင် […]
Continue Reading