Fact Check: စာရေးဆရာမ အိပန်ဆယ်လို အမေရိကန်က သူလျိုမှုနဲ့ ဖမ်းဆီးခံရတယ်လို့ သတင်းတုသတင်းမှားဖြန့်
စာရေးဆရာမ အိပန်ဆယ်လို အမေရိကန်မှာ သူလျိုလုပ်မှုနဲ့ ဖမ်းဆီးခံရတယ်လို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားမျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ ဧရာဝတီသတင်းဌာနက သတင်းဖော်ပြချက် screenshot ပုံလည်းပါဝင်ပါတယ်။ ဒီလိုမျှဝေနေတာဟာ မှားယွင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံပြီး စစ်တပ်ကို ဆန့်ကျင်သူ ဖေ့စ်ဘွတ်နာမည်ကြီး အိပန်ဆယ်လိုဟာ သူရဲ့ နောက်ထပ် ဖေ့စ်ဘွတ်အကောင့် တစ်ခု ဖြစ်တဲ့ “Pencilo on Earth”ကနေ ဒီကနေ့ live လွှင့်ပြီး ဒီသတင်းတွေက မဟုတ်မမှန်ဘူးလို့ ရှင်းလင်းခဲ့ပြီးတာတွေ့ရပါတယ်။ ဧရာဝတီသတင်းဌာနကလည်း သူအဖမ်းခံရတယ်လို့ သတင်းရေးသားခဲ့ခြင်းမရှိတာကို Fact Crescendo အနေနဲ့ တွေ့ရပါတယ်။ “စာရေးဆရာမ အိပန်ဆယ်လို သူလျိုမှုဖြင့် အမေရိကန် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရ”လို့ ဧရာဝတီသတင်းဌာနက ဖော်ပြတယ်ဆိုတဲ့ screenshots နဲ့အတူ “Myanmar News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားပါတယ်။အလားတူ ရေးသားဖြန့်ဝေမှုတွေကို […]
Continue Reading