Fact Check: အိုဘားမားနဲ့တွေ့ဆုံစဉ် ဂျပန်ဝန်ကြီးချုပ် မိုရီရဲ့ အင်္ဂလိပ်လို မှားယွင်း ပြောကြားချက်လား- တကယ်မဟုတ်ပါ

အင်္ဂလိပ်လို မပြောတတ်တဲ့ ဂျပန်ဝန်ကြီးချုပ်မိုရီဟာ အမေရိကန်သမ္မတ အိုဘားမားနဲ့တွေ့ဆုံစဉ်မှာ မှားမှားယွင်း ယွင်းပြောဆိုခဲ့တဲ့ တကယ်အဖြစ်အပျက်ဆိုပြီးတော့ ဓာတ်ပုံစာသားပို့စ်တစ်ခု ‌ မြန်မာဘာသာနဲ့ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ အမှန်တကယ်အဖြစ်အပျက် တစ်ခုမဟုတ်ဘဲ နိုင်ငံရေးဟာသတစ်ခုသာဖြစ်ပါတယ်။ အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုဖြစ်ပါတယ်။ ဝန်ကြီးချုပ်မိုရီဟာ ဝါရှင်တန်ကိုသွား ရောက်ပြီး သမ္မတအိုဘားမားနဲ့မတွေ့ခင်မှာ အင်္ဂလိပ်လို အပြန်အလှန်ပြောဆို နှုတ်ဆက်တဲ့ စကားပြောကို သင်ယူခဲ့ပြီး “Who”နဲ့ “How”မှားယွင်းပြောကြားမိတာကြောင့် ဟာသဖြစ်ခဲ့ရသလို အရှက်တကွဲဖြစ်ခဲ့ရတဲ့ အကြောင်းရေးသားထားတာဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဖြန့်ဝေထားတဲ့ ပို့စ်အောက်မှာ ဒီဖြစ်စဉ်တကယ်မဟုတ်ဘဲ ဟာသဖြစ်တဲ့အကြောင်းမှတ်ချက်ပေးကြတာ တွေ့ရပါတယ်။ ပထမဆုံး အမေရိကန်သမ္မတအိုဘားမားနဲ့ ဂျပန်မှာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့အင်္ကျီကိုကိုင်လျှက် သမ္မတအိုဘာမား ဓာတ်ပုံအရိုက်ခံနေပုံလား

ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့အင်္ကျီကိုကိုင်လျှက် အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘာမား(Barack Obama)ဓာတ်ပုံရိုက်ခံနေတဲ့ဓာတ်ပုံအပါအဝင် ဓာတ်ပုံ ၃၀ ကိုဖေ့စ်ဘွတ်အသုံးပြုသူထောင်ဂဏန်းက ပြန်လည်မျှ ဝေလျက်ရှိပါတယ်။ ဓာတ်ပုံတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပုံဝတ်ဆင်ထားတဲ့ ဟောင်ကောင် ရုပ်ရှင်မင်းသား ဂျက်ကီချမ်းပုံအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံ၊အများပြည်သူနဲ့ဆိုင်တဲ့ လှုပ်ရှားမှု၊ ဒေါ်အောင်ဆန်း စုကြည်ပုံပို့စတာတွေလည်းပါဝင်ပါတယ်။  အမေရိကန်သမ္မတဟောင်း အိုဘားမားဟာ သူ့သမ္မတသက်တမ်းမှာ မြန်မာနိုင်ငံထိတွေ့ဆက်ဆံရေးကို စတင် ကျင့်သုံးခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ချီးမွှမ်းခဲ့တဲ့ နိုင်ငံရပ်ခြား ခေါင်းဆောင်တွေထဲက တစ်ဦး ဖြစ်ပါတယ်။  သို့သော် စတင်ပျံ့နှံခဲ့တဲ့ဓာတ်ပုံတွေမှာ အိုဘာမားဟာ တီရှပ်တစ်ထည့်ကို ကိုင်ပြီး ဓာတ်ပုံအရိုက်ခံနေတာမှန်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ တီရှပ်မဟုတ်တာတွေ့ရပါတယ်။ “ပုံပြင်မဟုတ်ဘူး  အမှန်တကယ် ဖြစ်ခဲ့ အားပေးခဲ့တာ  ထောက်ခံခဲ့ကြတာ”လို့ “မင်္ဂလာမောင်နှံ မဂ္ဂဇင်း”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါ အတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း  ၁၆၀၀ ရှိပါတယ်။ တူညီတဲ့ရေးသားမျှ ဝေမှုတွေကို […]

Continue Reading