Fact Check: အီရန် ခေါင်းဆောင်သစ် မိုဂ်ျတာဘာ ခါမေနီ စစ်ဆင်ရေးကွပ်ကဲနေပုံဟာ AI ပြုလုပ်ချက်သာဖြစ်တယ်

အစ္စ‌‌ရေးရဲ့ ဒီမိုနာ(Dimona) နျူး ကလီးယား ဓာတ်ပေါင်းဖိုတိုက်ခိုက်မယ့် အစီအစဉ်မှာ ပထမဆုံးအကြိမ်အဖြစ် ရုပ်လုံးထွက်ပြပြီး အနီးကပ်ကွပ်ကဲနေတဲ့ အီရန် ခေါင်းဆောင်သစ် မိုဂ်ျတာဘာ ခါမေနီ(Mojtaba Khamenei)လို့ ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းခဲ့တာ တွေ့ရတယ်။ တကယ်တော့ ဗွီဒီယိုဟာ AI နဲ့ပြုလုပ်ထားတဲ့ အထောက်အထားတွေ တွေ့ရပါတယ်။  မြန်မာဘာသာနဲ့ ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “အီရန်က မိုတာဘက်ချ်ခါမေနီ​၏ video ကို ပထမဆုံးထုတ်ပြန်။ စစ်ဆင်ရေးခန်းမအတွင်း ဝင်ရောက်လာပုံဖြစ်ပြီး နံရံတွင်ဖော်ပြထားသော မြေပုံသည် အစ္စရေးနူကလီးယားဓာတ်ပေါင်းဖိုဖြစ်သည်။” Original link | Archive link […]

Continue Reading

Fact Check: အစ္စ‌ရေးမှာ ပြည်သူတွေ ဘေးလွတ်ရာ တောင်ကုန်းတွေဆီ သွားရောက်ခိုလှုံနေတဲ့ မြင်ကွင်းလား – မဟုတ်ပါ

အစ္စ‌ရေးမှာ ပြည်သူတွေ ဘေးလွတ်ရာ တောင်ကုန်းတွေဆီ သွားရောက်ခိုလှုံနေတဲ့ မြင်ကွင်းဆိုပြီး ကုန်းပြင်မြင့်တွေကြားမှာ လူရာပေါင်းများစွာ လှုပ်ရှားသွားလာနေတဲ့ ဗွီဒီယိုတခု ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းမှားသာဖြစ်တယ်။ ဗွီဒီယိုဟာ နီပေါမှာ မှိုရှာနေတဲ့ မြင်ကွင်းသာဖြစ်တယ်။ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်းမှာ အီရန်ဘက်က လက်တုန့်ပြန် ပစ်ခတ်မှုတွေကြောင့် အစ္စရေးမှာလည်း ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “အစ္စရေးပြည်သူများ ဘေးလွတ်ရာ တောင်တန်းများသို့ ခိုလှုံ  ==============  အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲတွင် အီရန်နှင့် ရင်ဆိုင်ဖြစ်ပွားနေသော အစ္စရေး အစိုးရ၏ ဗုံးကြဲတိုက်ခိုက်မှု့ကြောင့် အီရန်ပြည်သူ ၁၂၀၀ ကျော် သေဆုံးခဲ့ကြောင်း အဆိုပါ သေဆုံးမှု့ထဲတွင် စာသင်ကျောင်းထဲက ကလေးငယ်ပေါင်း ၁၃၀ […]

Continue Reading

Fact Check: အီရန်တိုက်ခိုက်မှုကြောင့် အမေရိကန် လေယာဉ်တင်သင်္ဘော‌ ပျက်စီးသွားတဲ့ မြင်ကွင်းလား-မဟုတ်ပါ

အမေရိကန် လေယာဉ်တင် သင်္ဘော‌ကို အီရန်က တိုက်ခိုက်ပြီးနောက် မီးလောင်နေတယ်လို့ ဆိုထားတဲ့ စခရင်ရှော့ ဓာတ်ပုံတချို့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တာတွေ့ရပြီး မြင်ကွင်းတွေဟာ ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ မြင်ကွင်းတွေ ရယူထားခြင်းဖြစ်တာတွေ့ရတယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “အမေရိကန်လေယာဥ်တင် သင်္ဘောတစ်စီးရဲ့ဖြစ်ပျက်နေတဲ့ အခြေအနေ” Original link | Archive link အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ အချက်အလက်စိစစ်ချက်  ပထမဆုံးဓာတ်ပုံဟာ တရုတ်ဘာသာနဲ့ ရေးသားထားတဲ့ မီဒီယာနဲ့ လူမှုကွန်ယက်တွေမှာ အဓိကအားဖြင့် ပျံ့နှံ့ခဲ့တာတွေ့ရတယ်။  အထူးသဖြင့် အီရန်က အမေရိကန်လေယာဉ်တင်သင်္ဘော ‌အေဗရာဟမ်လင်ကွန်း (Abraham Lincoln ) ကို ဒုံးကျဉ် ၄ […]

Continue Reading

Fact Check:အီရန်တိုက်လေယာဉ်ကို အမေရိကန်လေယာဉ်တင်သင်္ဘောက ပစ်ချနေတဲ့ ဗွီဒီယိုလား -မဟုတ်ပါ

အမေရိကန် လေယာဉ်တင် သင်္ဘော‌က အီရန်တိုက်လေယာဉ်တစီးကို ပစ်ချနေတဲ့ ဗွီဒီယိုလို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တာတွေ့ရပြီး ဗွီဒီယိုဟာ တိုက်ခိုက်ရေးသရုပ်ပြဂိမ်း တခုဖြစ်တယ်။ အမေရိကန်နဲ့ အစ္စရေးဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ကို လေကြောင်းက ရုတ်တရက်ဝင်ရောက်ခိုက်ခဲ့ပြီး အီရန်ခေါင်းဆောင် ခါမေနီအပါအဝင် အီရန်ခေါင်းဆောင်တချို့ကို သုတ်သင်ရှင်းလင်းခဲ့သလို စစ်ရေးအရ အရေးပါတဲ့နေရာတွေကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “အမေရိကန် Air carriers Group မှ အီရန် Jet fighter ပစ်ချ ဗီဒီယို” Original link | […]

Continue Reading

Fact Check: အီရန်ခေါင်းဆောင် ခါမေနီ ပြည်ပကို ထွက်ပြေးသွားပြီလား- အထောက်အထားမရှိပါ

သီတင်းပတ် ၂ ပတ်ထက်မနည်း ကြာမြင့်လာပြီဖြစ်တဲ့ အီရန် လူထုအုံကြွမှုမှာ လူအများအပြား သေဆုံးခဲ့ရ ပြီးနောက် အီရန်ရဲ့ သက်တော်ရှည် အာဏာရှင် ခါမေနီ ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားပြီဆိုတဲ့ ပြောဆိုချက်တွေ ပျံ့နှံ့နေတာတွေ့ရတယ်။ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက်မဟုတ်ဘဲ ကောလာဟလ ဖြန့်ဝေမှုတွေသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဇန်နဝါရီ ၁၂ ရက်မှာ စတင်ပျံ့နှံ့လာတဲ့ ဒီတူညီတဲ့ ပြောဆိုချက်ကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာတွေမှာလည်း တွေ့ရတယ်။  “အီရန် အီစလမ်မစ် ခေါင်းဆောင် အီရန်ကနေ ထွက်ပြေးသွားပြီဟုသိရ” Original link | Archive link အချက်အလက်စိစစ်ချက် အီရန်နိုင်ငံသုံးငွေကြေးဟာ ရုတ်တရက် တန်ဖိုးကျဆင်းသွားပြီးနောက် ဒီဇင်ဘာ […]

Continue Reading

Fact Check: အီရန်လေပိုင်နက်က အစ္စရေးတိုက်လေယာဉ်လား- မဟုတ်ပါ

အီရန်လေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ အစ္စရေးရဲ့ တိုက်လေယာဉ်အကြား အပြန်အလှန်တိုက်ခိုက်မှုလို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အီရန်ပိုင်နက်ပေါ်မှာ အီးစ္စရေး တိုက်လေယာဉ်” Original link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီဗွီဒီယိုဟာ ဂိမ်းဆော့ဖ်ဝဲလ်တခုကို အသုံးပြုပြီး ဖန်တီးထားတာတွေ့ရပါတယ်။ ဒီလို ကောင်းကင်ထက်က တိုက်လေယာဉ်နဲ့ မြေပြင်လေကြောင်းရန် ကာကွယ်ရေးစနစ်အကြား အပြန်အလှန်တိုက်ခိုက်မှု ဗွီဒီယိုဟာ အိန္ဒိယ-ပါကစ္စတန်တင်းမာမှုမြင့်တက်ချိန်ကလည်း အိန္ဒိယလေယာဉ်ကို ပါကစ္စတန်က ပစ်ချမှုအဖြစ် ပျံ့နှံ့ခဲ့ဘူးပြီး ဖေ့စ်ဘွတ်ပေါ်က နားလည်မှုလွဲစေနိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို အချက်အလက် စိစစ်တဲ့အဖွဲ့တဖွဲ့ဖြစ်တဲ့ AFP က အချက်အလက်စိစစ်ဖော်ပြခဲ့ဘူးပါတယ်။  အခုလည်း ဒီဗွီဒီယိုဟာ လက်ရှိ […]

Continue Reading

Fact Check: အစ္စရေးနဲ့ အီရန် ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးမယ်လို့ စစ်ခေါင်း‌ဆောင်ပြောတဲ့သတင်းတု

အစ္စရေးနဲ့ အီရန် ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးမယ်လို့ စစ်ခေါင်း‌ဆောင်ပြောကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ‌ဖော်ပြချက်အဖြစ် စခရင်ရှော့ဓာတ်ပုံပို့စ် ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အစ္စရေးနှင့် အီရန်တို့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြရန် နစကဥက္ကဌကြီး တိုက်တွန်း ၊ နှစ်နိုင်ငံငြိမ်းချမ်းရေးအတွက် ကိုယ်တိုင်ကြားဝင်စေ့စပ်ပေးမည်ဟုပြောကြား” Original link | Archive link တူညီတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ အချက်အလက်စိစစ်ချက် ဒီလိုရေးသားဖြန့်ဝေထားတာတွေကို ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ တုန့်ပြန်မှုကို လေ့လာကြည့်ရာမှာ အများစုက သရော်စာအဖြစ်နားလည်ပေမဲ့ တချို့က နားလည်းမှုလွဲစေတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရ အောင်ပါ။ မြန်မာစစ်တပ်နဲ့ စပ်ဆက်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ စစ်တပ်ပိုင် သတင်းဌာနတွေကို စစ်အာဏာသိမ်း အပြီး ရက်ပိုင်းအတွင်းမှာပဲ […]

Continue Reading