Fact Check: အီလွန်မက်က CNN သတင်းဌာနကို ဒေါ်လာ သန်း ၃၀၀၀ နဲ့ဝယ်ဖို့ သဘောတူညီချက်ရတဲ့ သတင်းမှား

ကမ္ဘာ့ အချမ်းသာဆုံးသူဌေး အီလွန်မတ်(Elon Musk)က CNN သတင်းဌာနကို ဒေါ်လာ သန်း ၃၀၀၀ (၃ ဘီလီယံ) နဲ့ ဝယ်ယူဖို့ သဘောတူထားတယ်ဆိုပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိတာဟာ တကယ်တော့ သရော်စာ တခုသာဖြစ်တယ်။  ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပြီး နားလည်မှုလွဲစေနိုင်တဲ့ ဖြန့်ဝေမှုကို အောက်ပါ စခရင်ရှော့မှာ ကြည့်ပါ။ တူညီတဲ့ ‌ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာလည်းတွေ့ရပါတယ်။  “Tesla, Space X, StarLink  သူဋ္ဌေး အီလွန်မတ်စ်က CNN သတင်းဋ္ဌာနကို ဒေါ်လာသန်း၃၀၀၀ ဖြင့် ဝယ်ယူရန် သဘောတူညီမှု ရရှိထားဟုဆို။” မူရင်းလင်ခ့် – Facebook link | Archive link ဒီသရော်စာဟာ အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေမှုတွေလည်းရှိခဲ့ပြီး ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ ဒီနေရာနဲ့ […]

Continue Reading

Fact Check: အံမခန်းနည်းပညာတွေနဲ့ Tesla Pi ဖုန်းကို အမေရိကန်သူဌေးကြီး အီလွန်မက်က ရောင်းချတော့မှာလား-မဟုတ်ပါ

နည်းပညာလောကမှာ ထိပ်တန်းတီထွင်မှုတွေနဲ့ ချမ်းသာလာတဲ့ အမေရိကန်သူဌေးကြီး အီလွန် မက်(Elon Musk)ကအံမခန်းနည်းပညာတွေနဲ့ Tesla Pi ဖုန်းကို ရောင်းချတော့မှာမယ်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အီမွန်မက်ဟာ လွန်ခဲ့တဲ့ သီတင်းပတ်မှာပဲ ကောင်းကင်ကို ပျံတက်သွားပြီးနောက် ကမ္ဘာမြေကို ပြန်လည်ဆင်းသက်လာတဲ့ အာကာယာဉ်တွန်း ဒုံးပျံကို အပျက်အစီးမရှိဘဲ မူလ ဒုံးလွှတ်စင်မှာပဲ ပြန်လည်ဖမ်းယူနိုင်တဲ့ တီတွင်စမ်းသပ်မှုဟာ အောင်မြင်ခဲ့ပြီး အာကာသနည်းပညာ‌လောကမှာ ကြီးမားတဲ့ အောင်မြင်မှုသမိုင်းမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “သူဌေးကြီး အီလွန်မက်စ်ကတော့ ရှယ်တွေ လုပ်ပြပါဦးမယ်၊ အားသွင်းစရာမလို၊ အင်တာနက် မလိုတဲ့ ပိုင်ဖုန်း ထုတ်ပါဦးမယ်တဲ့၊ အင်တာနက် မရှိလို့၊ ဝိုင်ဖိုင်မရလို့ ဖုန်းမသုံးနိုင်လို့ […]

Continue Reading

Fact Check: ဦးနှောက်နဲ့ ချိတ်ဆက်အသုံးပြုရမယ် Tesla Phone ဆိုတဲ့သတင်းမှား

စမတ်ဖုန်း တဖက် မိုက်ခရိုဖုန်းကတဖက်ကိုင်ထားတဲ့ တက်စလာ(Tesla)ကုမ္ပဏီပိုင်ရှင် အီလွန်မက်(Elon Musk) ဓာတ်ပုံနဲ့အတူ လူသားရဲ့ ဦးနှောက်ကနေ တိုက်ရိုက်အမိန့်ပေးခိုင်းစေလို့ရတဲ့ Tesla အမှတ်တံဆိပ် စမတ်ဖုန်းကို ထုတ်လုပ်ဖြန့် ချိလိုက်တယ်ဆိုတဲ့ ပြောဆိုချက်ဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ “Strar Link ဂြိုလ်တုကို တီထွင်သူ Tesla Company ပိုင်ရှင် Elon Musk က Pi Phone ခေါ် Tesla Phone ကို ဖန္တီးထုတ်လုပ်လိုက်ပါတယ် ။ Tesla Phone ဟာ ယနေ့ ကမ္ဘာပေါ်မှာ နံပါတ်တစ် လူကြိုက်များနေတဲ့ I Phone 13 […]

Continue Reading

Fact Check: စက်ရုပ်မိန်းမ Elon Musk တီတွင်ထုတ်လုပ်ပြီး ဈေးကွက်ကို ဖြန့်ချိမလား-မဟုတ်ပါ

၂၀၂၃ ခုနှစ် စက်တင်ဘာလထဲမှာ  ၃ နာရီအားသွင်းရုံနဲ့ တစ်လသုံးလို့ရမယ့် စက်ရုပ်ဇနီးသည်ကို စွန့်ဦးတီထွင် လုပ်ငန်းနဲ့ နာမည်ကြီးတဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မက်က ဈေးကွက်ကို ဖြန့်ဝေတော့မယ် ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဒီစာသားနဲ့ အတူ အီလွန်မက်က အမျိုးသမီးပုံ စက်ရုပ်အချို့နဲ့ အနမ်းပေးနေတဲ့ ဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။ “Elon Musk ၏ ကုမ္ပဏီ မှ လိင်ပိုင်းဆိုင် နှင့် အခြားလူသားတွေအတွက်အကျိုးပြုနိင်မယ့်စက်ရုပ် အမျိုးသမီးများကို မကြာခင်စျေးကွက်သို့ရောက်ရှိလာတော့မှာဖြစ်ပါတယ်  စက်ရုပ်များသည် အမြင့် ၅ပေ ၈ လက်မရှိပြီ အလေးချိန် ၁၂၅ ပေါင် လှုပ်ရှားမူအရှိန် တစ်နာရီ ၅ မိုင်နှုန်းထိရှိပါတယ်။”စသဖြင့် ရေးသားထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း ရေးသားထားပါတယ်။ […]

Continue Reading