Fact Check: NLD ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲမဲအောင်နိုင်ရေး အစည်းအဝေး ဆုံးဖြတ်ချက် ၆ ချက်ဆိုတဲ့သတင်းတုသတင်းမှား

NLD ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲမဲအောင်နိုင်ရေး အစည်းအဝေး ဆုံးဖြတ်ချက်ဆိုပြီး ဓာတ်ပုံပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ဓာတ်ပုံပို့စ်မှာ NLD ပါတီ ၂၀၂၀ ရွေးကောက်ပွဲမဲအောင်နိုင်ရေး အစည်းအဝေး ဆုံးဖြတ်ချက်လို့ ရေးသား ထားပြီး ရွေးကောက်ပွဲကော်မရှင်ဟာ မိမိမိတ်ဖက်လို့ အသိပေးထားပြီး အနိုင်မရနိုင်သော မဲရုံများတွင် ဆူပူဆန္ဒပြခြင်း၊ ရန်ပွဲဖန်တီးခြင်း၊ ကိုဗစ်ရောဂါအဖြစ် ဟန်ဆောင်မူးလဲရန်နဲ့ နောက်ဆုံးအနိုင်မရပါ ဆူပူအုံကြွမှုလုပ်ရန်စတဲ့ အချက် ၆ ချက်ညွှန်ကြားထားတယ်ဆိုပြီးတော့  မျှဝေထားတာဖြစ်ပါတယ်။ သို့သော်လည်း မျှဝေထားတဲ့ပုံဟာ စာစီရိုက်ထားတဲ့ စာရွက်တစ်ရွက်ကို ဓာတ်ပုံရိုက်ထားခြင်းဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တံဆိပ်တုံး၊ နေ့စွဲစတဲ့ ပါတီက ထုတ်ပြန်လေ့ရှိတဲ့ ပုံသဏ္ဌာန်မျိုးကင်းမဲ့နေတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ “#အလွန်ကြောက်စရာကောင်းသော အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မဲအောင်နိုင်ရေး အစည်းအဝေးမှ […]

Continue Reading