Fact Check: သေ့ဘော့ဘိုးစခန်းသိမ်းပိုက်မှုဗွီဒီယိုကို ဥကရစ်ထစခန်းသိမ်းပိုက်မှု အဖြစ်မျှဝေ

ဥကရစ်ထစခန်းသိမ်းအောင်ပွဲ ဗွီဒီယိုတစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျှက် ရှိပါတယ်။ ဗွီဒီယိုဟာ မေလထဲမှာ သေ့ဘော့ဘိုးစခန်းကို ကော်ဘရာစစ်ကြောင်းက တိုက်ခိုင်သိမ်း ပိုက်မှုဖြစ်ပါတယ်။ ၂ မိနစ် ၅၃ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ လက်နက်ခဲယမ်းတွေစုပုံထားပြီး ဘေးပတ်ပတ်လည်မှာ လက်နက် ကိုင်တွေရပ်နေတဲ့မြင်ကွင်းတွေပါဝင်တယ်။ “ဥကရစ်ထစခန်းသိမ်းလက်နက်ရရှိမှု…. ၂၈-၆-၂၂ vd..crd”လို့ ရေးသားပြီး ၂၀၂၂ခုနှစ် ဇွန် ၂၉ ရက်က “Awba Channel Max”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုပို့စ်ကိုပြန်လည်မျှဝေမှုပေါင်း ၁၁၀၀ ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကိုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ၂၀၂၂ ခုနှစ် မေလထဲ ကဖြစ်ပွားခဲ့တဲ့ ကော်ဘရာစစ်ကြောင်းရဲ့ […]

Continue Reading