Fact Check: UEC ဦးလှသိန်း ဖော်ကောင်လုပ်ပြီ၊ မဲမသမူရှိခဲ့ကြောင်းဝန်ခံလို့ သတင်းတုသတင်းမှားဖြန့်
မဲလိမ်စားတဲ့စာရင်း ထုတ်မပြနိုင်တာ NLD ကခိုင်းလို့လုပ်ရတာဖြစ်ပြီး သူ့မှာအပြစ်မရှိပါကြောင်း UEC ဦးလှသိန်းဖော်ကောင် လုပ်ပြီဆိုပြီးတော့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူတွေ ရာဂဏန်းကပြန်လည်မျှဝေ လျက်ရှိတာတွေ့ရပါတယ်။ ဒီပို့စ်မှာပဲ NLD ပါတီ CEC အဖွဲ့နဲ့ UEC တို့ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က နေပြည်တော် NLD ရုံးချုပ်မှာ အစည်းအဝေးလုပ်ခဲ့ပြီး ရွေးကောက်ပွဲမတိုင်ခင် ၅ လအလိုတုန်းကလည်း နေပြည်တော်မှာ UEC အဖွဲ့တွေနဲ့ အစည်းအဝေး လုပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “#မောင်လှသိန်းကတော့ကိုယ်လွတ်ရုန်းပြီခွတ်ဒေါင်းသွေးရဲလေပြီ”လို့ အစချီထားပြီး “ကြားရတဲ့သတင်းအရ ဦးလှသိန်းက ၎င်းအား စစ်ဆေးသည့်အချိန် အာဏာရှိသူလုပ်ခိုင်းလို့လုပ်ရတာကြောင့် သူ့အပြစ်မဟုတ်ကြောင်း မဲစာရင်းများလိမ်ထားသော်လည်း NLD ပါတီက မထုတ်ပြခိုင်း၍ မထုတ်ပြခဲ့ရတာဖြစ်ကြောင်း မထုတ်ပေးရန်ပြောဆိုထားသည့် သက်သေများလည်းပေးမည်ဟု ပြောဆိုထားကြောင်း မြို့နယ် […]
Continue Reading