Fact Check: ဦးဝါသဝရဲ့ ပျူစောထီးတွေ လက်နက်ချအလင်းဝင်တဲ့ သတင်းမှား

ဘုန်းကြီး စစ်ခေါင်းဆောင် ဦးဝါသဝရဲ့ ပျူစောထီးကွန်မန်ဒိုတပ်တွေ လက်နက်ချ၊ အညံ့ခံအလံဖြူထောင် အလင်းဝင်ပြီလို့ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်မှာ စာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုမျှဝေထားတဲ့ ယူကျူ့ချန်နယ်တခုက ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကို ရယူထားခြင်းဖြစ်တယ်။ ဒီဇင်ဘာ ၂၄ ရက်ကဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ တရက်အတွင်း ကြည့်ရှု့မှု အကြိမ်အရေအတွက် သိန်းခွဲဝန်းကျင်ရှိပါတယ်။ “ပျူကတုံးဝါသဝရဲ့အထူးကွန်မန်ဒိုတပ်ကြီး လက်နက်ချ၊အညံ့ခံအလံဖြူထောင်အလင်းဝင်ပြီဗျို” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့ ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တု သို့မဟုတ် ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းခေါင်းတွေတပ်ပြီး  ပြန် လည် ဖြန့်ချိပါတယ်။ ပြည်တွင်းသတင်းလုပ်ငန်းမှာ […]

Continue Reading

Fact Check: ကန့်ဘလူ ပျူစောထီးခေါင်းဆောင် ဦးဝါသဝ သေဆုံးမှု သတင်းတု

ကန့်ဘလူက သင်္ဃန်းဝတ် ပျူစောထီးခေါင်းဆောင် ဦးဝါသဝ သေဆုံးသွားပြီ၊ စခန်းကျသွားပြီ၊ လက်နက်ချပြီ ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်နဲ့ ယျူကျူ့ချန်နယ်တွေမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဩဂုတ် ၁၅ ရက်ကမျှဝေထားတဲ့ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၃ ‌သောင်း‌ကျော်ရှိပါတယ်။ “August 15,ဦးဝါသဝ ပွဲသိမ်းသွားပြီ” မူရင်းလင်ခ့် – Youtube link  | Archive link အလားတူ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ကန့်ဘလူအခြေစိုက် ၅၅၀ ဆရာတော်လို့ လူသိများခဲ့တဲ့ မဘသ ခေါင်းဆောင် ဦးဝါသဝဟာ စစ်တပ် ထောက်ခံသူ အဖြစ် လူသိများခဲ့ရာကနေ စစ်အာဏာသိမ်းအပြီး လက်နက်ကိုင်တော်လှန်ရေးပေါ်‌ပေါက်လာ ချိန်မှာ စစ်တပ်က ဒေသတွင်းတော်လှန်ရေးအင်းအားစုတွေကို […]

Continue Reading

Fact Check: ဦးဝါသဝအုပ်စုနဲ့ စစ်တပ်တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်း ဗုံးမှားကြဲလို့ ၆၀ ကျော် သေဆုံးတဲ့ သတင်းမှား

ဘုန်ကြီးဝတ် ပျူစောထီး‌ခေါင်းဆောင် ဦးဝါသဝအုပ်စုနဲ့စစ်တပ်တို့တပ်စွဲတဲ့ဘုန်းကြီးကျောင်းကိုဗုံးမှားကြဲ စစ်ကြောင်းမှူးအပါ(၆၀)ကျော်သေဆုံး တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု အွန်လိုင်းမှာ  ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုမှာ “ဝါသဝအုပ်စုနဲ့စစ်တပ်တို့တပ်စွဲတဲ့ဘုန်းကြီးကျောင်းကို ဗုံးမှားကြဲ စစ်ကြောင်းမှူးအပါ(၆၀)ကျော်သေဆုံး” စသည်ဖြင့်လည်း ရေးသားထားပါတယ်။ အောက်ပါစခရင်ရှော့ကတော့ MyanmarHot News အမည်နဲ့ ယူကျူ့ချန်နယ်က ၁၈ ရက်က ဗွီဒီယိုကို ဖြန့်ဝေထားပုံဖြစ်ပါတယ်။ ဒီဗွီဒီယိုကို လက်ရှိအချိန်အထိ ၁၇၀၀၀ ကျော်က ကြည့်ရှု့ထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မတွေ့ရပါဘူး။ ၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်လေ့လာကြည့်ရာမှာ ၂၀၂၃ ခုနှစ် မေ ၁၈ ရက်က ရန်ကုန်ခေတ်သစ်သတင်း ဌာနကဖော်ပြခဲ့တဲ့ […]

Continue Reading