Fact Check: ဒေါ်အောင်ဆန်းစုကြည်ပုံတွေ့ရင် သေဒဏ်လို့ စစ်ကောင်စီအမိန့်ထုတ်တဲ့ နားလည်မှုလွဲစေနိုင်တဲ့သတင်းတု
ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံတွေ့ရင် သေဒဏ်ပေးမယ်လို့ စစ်ကောင်စီထုတ်ပြန်တယ်ဆိုတဲ့ ပို့စ်တစ်ခု ယူကျူ့ချန်နယ်တစ်ခုက မျှဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းတစ်ခုဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။ “ဒေါ်စုပုံတွေ့ရင် သေဒဏ်ဟု စစ်ကောင်စီ ပြင်းထန်အမိန့်ထုတ် ပြည်သူအားလုံး သတိပြုရန်”စသည်ဖြင့် ရေးသားထားပြီး MRTV ရုပ်သံကြေညာသူ၊ စစ်ကောင်စီ သတင်းပြန်ကြားရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်း ထွန်းဓာတ်ပုံတို့နဲ့ အတူ မျှဝေထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ စစ်ကောင်စီ တပ်သားတွေက ဒေသခံ ပြည်သူတွေရဲ့ ဖုန်းထဲ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ဓာတ်ပုံတွေရင် အကြမ်းဖက် ဥပဒေနဲ့ ဖမ်းဆီးတာတွေပြုလုပ်နေတဲ့အကြောင်း […]
Continue Reading