၂၀၁၈ ခုနှစ် အလက်စကာငလျင်တုန်းကပုံတွေကို လျက်ရှိငလျင်မြင်ကွင်းအဖြစ်မျှဝေနေ

ဇူလိုင် ၂၂ ရက်က ဒေသစံတော်ချိန် ည ၁၀ နာရီဝန်းကျင်မှာ အမေရိကန်ုနိုင်ငံ အလက်စကာပြည်နယ်မှာ ပြင်းအား ၇ ဒသမ ၈ ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက်မှာ ၂၀၁၈ ခုနှစ်တုန်းက ငလျင်ကြောင့် လမ်းများပျက်စီးခဲ့ တဲ့ပုံတွေ လက်ရှိငလျင်ကပုံတွေအဖြစ် ဖေ့စ်ဘွတ် သုံးစွဲသူတွေအကြားမှာ ပြန်လည်မျှဝေနေကြတာ တွေ့ရပါတယ်။ “မြင့် ခိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “22.07.2020✔ Alaska ကမ်းလွန်ပင်လယ်ကြမ်းပြင်အောက်လှုပ်ရှား သွားခဲ့သည့် 7.8 ရစ်ခ်ျတာစကေးအဆင့် အားပြင်းငလျင်လှုပ်ရှာပြီးနောက် တွေ့ရသည့်ပျက်စီးမှုအချို့။ #Credit photo”ဆိုပြီးတော့ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link “Ko Sit”၊“Moe Chan”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူတွေက အလားတူ မျှဝေခဲ့တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ပထမဆုံး Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုပြီးရှာဖွေမယ်ကြည့်မယ်ဆိုရင် ဒီဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ […]

Continue Reading