အာရှမှာ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယအချမ်းသာဆုံးလား-မဟုတ်ပါ

ဒေါ်အောင်ဆန်းစုကြည်ဟာ အာရှမှာ အချမ်းသာဆုံး ၁၀ ဉီးမှာ ဒုတိယချိတ်တယ်ဆိုတဲ့ စာသားဓာတ်ပုံတစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ဒီစာသားဓာတ်ပုံနဲ့အတူ “ဒီရဲဂျာ” အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက ဒေါ်အောင်ဆန်းစုကြည်ကို လိင်ပိုင်းဆိုင်ရာ စော်ကားထားသော အသုံးနှုန်းများနဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းမျှဝေထားပါတယ်။ Fb link Archive link ဒေါ်အောင်ဆန်းစုကြည်ဟာ အာရှမှာ ဒုတိယအချမ်းသာဆုံးဆိုတာ တကယ်လား။ အာရှမှာအချမ်းသာဆုံး ပုဂ္ဂိုလ် တွေက ဘယ်သူတွေလဲဆိုတာ အချက်အလက်စိစစ်ကြည့်ရအောင်ပါ အချက်အလက်စိစစ်ချက် Goolge မှာ “asia richest people” သို့မဟုတ် “asia top 10 richest”ဆိုပြီးရိုက်ရှာကြည့်မယ်ဆိုရင် အာရှက အချမ်းသာဆုံးသူတွေအကြောင်းရေးသားထားတဲ့ ရလာဒ်အမြောက်အများတွေ့ရမှာဖြစ်ပါတယ်။ ဒီထဲမှာ အမေရိကန်အခြေစိုက် Forbes သတင်းဌာနဟာ ကမ္ဘာမှာ အချမ်းသားဆုံးပုဂ္ဂိုလ်တွေကို နှစ်စဉ်ခန့်မှန်း ထုတ်ပြန်တဲ့နေရာမှာ နာမည်ကြီးပါတယ်။ […]

Continue Reading