မြန်မာ့ဂုဏ်ဆောင်MNAကစားသမားအောင်လအန်ဆန်းက ထောက်ပံ့ကြေး ငွေပေးနေတယ်ဆိုတဲ့ သတင်းတု

COVID-19 ကာလမှာ အွန်လိုင်းကနေ ထောက်ပံ့ကြေးတွေပေးနေတယ်၊ ငွေလွှဲပေးနေတယ်၊ လှူနေတယ်ဆို တဲ့ပို့စ်တွေ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာမကြာခဏဖြန့်ဝေနေတာတွေ့ရပါတယ်။ အခုတစ်ခါမှာလည်း မြန်မာ့ဂုဏ်ဆောင်MNAကစားသမားအောင်လှအန်ဆန်းနဲ့ အခြားအလှူရှင်တစ်ဦးနဲ့ပေါင်းပြီး မြန်မာငွေကျပ်သိန်းပေါင်း (၅၀၀၀၀)သိန်း ပူးပေါင်းပြီး အကူအညီ”ဆိုပြီး “နေ ဟိန်း” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူ က “နိုင်ငံတကာ ထီပေါက်သူ သူဌေးကြီးများ အလှူ”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ မျှဝေထားရာမှာ ပြန်လည်မျှဝေသူ တစ်သိန်းခွဲရှိခဲ့ပါတယ်။ Fb link Archive link ဒီလို အွန်လိုင်းကနေ ငွေကြေးထောက်ပံ့နေတယ်၊ အောက်မှာပါတဲ့လင့်ခ်ကို နှိပ်ပြီး “join group”ကိုနှိပ်ပေးပါ၊ အခြားသော group တွေကို ရှယ်ပေးပါ၊ ပြီးရင် ဖုန်းနံပါတ်တွေ ရေးခဲပါဆိုတဲ့ပို့စ်တွေဟာ သတင်းမှားတွေဖြစ်တာ တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် မြန်မာ့ဂုဏ်ဆောင်MNAကစားသမားအောင်လအန်ဆန်းက ဒီလိုမျှဝေထားတာတွေဟာ မဟုတ်မှန်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်ကနေ အောက်ပါအတိုင်းရှင်းလင်းရေးသားထားပါတယ်။ […]

Continue Reading