ဆီနီဂေါနိုင်ငံမှာ ကူညီကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်မှုကို အီတလီနိုင်ငံအခြေ အနေအဖြစ်ဖော်ပြနေတဲ့ ဗွီဒီယိုသတင်းမှား

အီတလီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှာ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်ခုပါ။ ၂၄ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်တဲ့ မတ် ၂၄ ရက်အခြေအနေအရ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၆၀၀၀ ကျော်ရှိပြီဖြစ်ပါတယ်။ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံထက် သေဆုံးမှုများပြားခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “Ye Htet”အမည်နဲ့အကောင့်လည်း အီတလီအခြေအနေဆိုပြီးတော့ မတ် ၂၂ ရက်က အခုလိုမျှဝေထားရာမှာ လူမှုကွန်ယက်သုံးစွဲသူ ၆၀၀၀၀ ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ “ခြောက်ခြားစရာကောင်းလိုက်တာဗျာ၊လတ်တစ်လော အီတလီရှိ COVID-19 ရဲ့ ရက်စက်မှု”ဆိုပြီးတော့ “လောကချမ်းသာ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မတ် ၂၃ ရက်က မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link ဒီဗွီယိုဟာ တကယ်ပဲ အီတလီမှာဖြစ်ပျက်ခဲ့တာလား။ […]

Continue Reading