Fact Check: ချောင်းဆိုးခြင်းက နှလုံးရုတ်တရက်ဖောက်ပြန်မှုကို သက်သာစေနိုင်တယ်ဆိုတဲ့ သတင်းမှား
နှလုံးရုတ်တရက်ဖောက်ပြန်တဲ့အချိန် လူနာဟာ သတိလစ် မေ့မျောဖို့ ၁၀ စက္ကန့် လောက်ပဲကြတာကြောင့် ဆေးရုံကို သွားရောက်ဖို့အတွက် အခွင့်အလမ်းမရှိသေးချိန်မှာ အရေးပေါ်အနေနဲ့ ပြင်းပြင်းချောင်းဆိုးခြင်းက နှလုံးဖောက်ပြန်ပြီး သတိလစ်မေ့မြောမှုကို ကာကွယ်နိုင်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ မကြာခဏပျံ့နှံ့လျက်ရှိပါတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုချက်သာဖြစ်ပါတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ တူညီတဲ့ ပြောဆိုရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “လူတော်တော်များများ နှလုံးရောဂါ ထ ဖောက်တဲ့အချိန် သူ့အနားမှာကူမဲ့သူ တယောက် မှမရှိဘူး ၊ သူ့နှလုံးက ပုံမှန်မခုန်ဘူး ၊ သတိလစ် မေ့မျောတော့မယ်၊ သတိလစ်ဖို့ ၁၀ စက္ကန့် လောက်ပဲလိုတယ်. ဒါပေမဲ့ အဲ့လိုအချိန်မှာ ကိုယ့်ဖာသာ […]
Continue Reading