ဒေါက်တာရှီကျန်းလီ ထွက်ပြေးလွတ်မြောက်ခြင်း လည်းမရှိသလို သေဒဏ်ကျခံရခြင်း လည်းမရှိပါ
မေလ ၂ ရက်နေ့မှာ လူမှုကွန်ယက်မှာ ဒေါက်တာရှီကျန်းလီဟာ လျို့ဝှက်ဖိုင်တွေနဲ့အတူ တရုတ်နိုင်ငံကနေ ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့ပြီး မတ် ၃ ရက်နေ့မှာ သူ့ကို သေဒဏ်ပေးတော့ မယ်ဆိုတဲ့ သတင်းတွေ ဖေ့စ်ဘွတ် သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ အင်္ဂလိပ်လို့ Dr Shi Zhengli လို့စကားလုံးပေါင်းတဲ့ သူဟာ COVID-19 ရောဂါပိုးဟာ လူက ဖန်တီးထားတာ ဖြစ်တယ်လို့ ယုံကြည်ကြတဲ့ နိုင်ငံတကာစောင့်ကြည့်လေ့လာသူတွေအကြာမှာ ရေပန်းစားနေတဲ့ ဝူဟန် ဇီဝဓာတ်ခွဲခန်းရဲ့ ဉီးဆောင်သူ တစ်ဉီးဖြစ်ပါတယ်။ လင်းနို့တွေမှာ တွေ့ရှိရတဲ့ ရောဂါပိုးမွှားတွေကို သုတေ သနပြု လုပ်သူဖြစ်သလို ယခုရောဂါပိုးနဲ့ မျိုးနွှယ်တူ SARS ရောဂါဖြစ်စေတဲ့ဗိုင်းရပ်စ်လိုမျိုး ရောဂါပိုးမွှားတွေကို ရှာဖွေ တွေ့ရှိတဲ့သူလည်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ပြည်တွင်း ပြည်ပ […]
Continue Reading