NLD သာပြန်လည်အနိုင်ရရှိခဲ့ရင် တိုင်းပြည်အန္တရာယ်ရှိတယ်လို့ ဒေါက်တာသက်သက်ခိုင် ဝေဖန်ခဲ့တယ်ဆိုတာမဟုတ်ပါ

“၂၀၂၀ မှာသာ NLD သာပြန်လည်အနိုင်ရရှိခဲ့ရင် တိုင်းပြည်အန္တရာယ်ဟာ အလွန်ကြောက်စရာကောင်းပါ တယ်”လို့ ဒေါက်တာသက်သက်ခိုင်ပုံနဲ့ ဓာတ်ပုံပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိပါတယ်။ “လင်းလင်း”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်း မျှဝေထားပါတယ်။  Fb link Archive link လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က ဒီကိစ္စနဲ့ ပြန်ရှင်းလင်းဖူးပါတယ်။ အချက်အလက်စိစစ်ချက် သူရိယနေဝန်းဂျာနယ်မှာပါတဲ့ ရေးသားချက်တွေဟာ သူ့အနေနဲ့ တစ်ကြိမ်တစ်ခါမျှ ပြောဆိုခဲ့ဖူးခြင်း မရှိဘူးသလို ဘယ်မီဒီယာကိုမှ ပြောဆိုခဲ့ခြင်းမရှိတဲ့အတွက် ပြန်လည်ရှင်းလင်းဖို့ ဒေါက်တာသက်သက်ခိုင်က ၂၀၁၈ စက်တင်ဘာ ၂၂ ထုတ် ကြေးမုံသတင်းစာမှာထည့်သွင်းကြော်ငြာခဲ့ပြီးနောက်မှာ သူရိယနေဝန်းဂျာနယ် ကလည်း စက်တင်ဘာ ၂၆ ထုတ် ကြေးမုံသတင်းစာမှာ International Social Media Network က တစ်ဆင့် ကူးယူ ဖော်ပြခဲ့မိခြင်းဖြစ်ပြီး သတင်းမှားဖြစ်ကြောင်း ပြန်လည် ဖြေရှင်းခဲ့ တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်တွေမှာ […]

Continue Reading