မေ ၁၆ ရက် သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ မှတ်ပုံတင်ရှိတဲ့သူတိုင်း ကျပ် ၄၀၀၀၀ ထောက်ပံ့မယ်လို့ ပြောကြားခဲ့ခြင်းမရှိပါ

“မှတ်ပုံတင်ရှိတဲ့ မြန်မာနိုင်ငံသားတိုင်းကို ၄၀၀၀၀ကျပ်ပေးအပ်မည်”ဆိုတဲ့ သတင်းတစ်ခု လူမှုကွန်ယက် သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ဒီခေါင်းစဉ်နဲ့ ဖော်ပြခဲ့တဲ့ naythimyanmar.com နဲ့ lugyinnews.com ကသတင်းဖော်ပြချက် အပြည့်အစုံမှာ အော်ပါအတိုင်းဖြစ်ပါတယ်။ “အခြေခံလူတန်းစားများအတွက် အစိုးရ၏ ဒုတိယအကြိမ် ထောက်ပံ့မည့်အစီအစဉ်ကို လာမည့် သီတင်းပတ်သုံး ပတ်ခန့်အတွင်း ပေးအပ်ရန် စီစဉ်နေကြောင်းနိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြား လိုက်ပါတယ်။ယခုအကြောင်းကိုတော့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲကို မေလ ၁၆ ရက် တွင် အွန် လိုင်းမှ တစ်ဆင့်ပြုလုပ်ချိန်က ဒီအစီအစဉ်ကိုကြေညာခြင်းဖြစ်ပြီးပထမအကြိမ်ကဲ့သို့ အခြေခံလူတန်းစား များကို စားသောက်ကုန် ငါးမျိုး ပေးအပ်မည်မဟုတ်ဘဲ ငွေသားကျပ်ငွေ ပေးအပ်မည်ဟုဆိုပါတယ်။ ဒီလိုငွေကြေး ထောက်ပံ့တဲ့အခါမှာလည်း Online Payment (အွန်လိုင်းငွေပေးချေခြင်း) နဲ့။ ဥပမာအားဖြင့် Wave Money တို့၊ KBZ […]

Continue Reading

ကြက်သွန်နီကို ဆားနှင့်တို့စားပြီး ၁၀.မိနစ်ခန့် ရေမသောက်ဘဲ နေလျှင် ကိုရိုနာဗိုင်းရပ်စ်သေစေနိုင်တယ်ဆိုတဲ့ သတင်းမှား

ကြက်သွန်နီကို ဆားနှင့်တို့စားပြီး ၁၀ မိနစ်ခန့် ရေမသောက်ဘဲ နေလျှင် ကိုရိုနာဗိုင်းရပ်စ်သေစေနိုင်တယ်ပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ Myanmar Onion Adviser အမည်နဲ့အကောင့်အောက်ပါအတိုင်းဖြန့်ဝေထားတာ တွေ့ရပါတယ်။ FB link  Archive link Mayu Rashid ဆိုတဲ့အကောင့်ကလည်း ကြက်သွန်နီကို ဆားနှင့်တို့စားပြီး ၁၀ မိနစ်ခန့်  ရေမသောက်ဘဲ နေလျှင် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်မှ လွတ်ကင်းနိုင်ကြောင်း ဝါရင့်ဆရာဝန် အကြံပြုဆိုပြီးတော့ တင်ထားပါတယ်။ FB link Archive link အချက်အလက်စိစစ်ချက် ၁။ ကြက်သွန်နီနဲ့ ဆားကို အတူတကွစားပြီး ရေမသောက်ဘဲ ၁၀ မိနစ်လောက်နေရင် ကိုရိုနာရောဂါပိုးသေတယ်ဆိုတဲ့အလက်တွေဟာ မမှန်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးသန့် က Fact Crescendo ကို အတည်ပြုပါတယ်။ […]

Continue Reading

မြန်မာအစိုးရ ဖုံးကွယ်ထားတဲ့ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားနေသော ဒေသမျာစာရင်း ပေါက်ကြားဆိုတဲ့ သတင်းမှား

မြန်မာအစိုးရဖုန်းကွယ်ထားတဲ့ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားနေသော ဒေသများစာရင်း ပေါက်ကြားဆိုတဲ့ သတင်းကို လူမှုကွန်ယက်သုံးစွဲသူတွေက ပြန်လည်မျှဝေကြပါတယ်။  လူမှုကွန်ယက်သုံးစွဲသူတစ်ဥ◌ီးကလည်း သတင်းကို မက်ဆေ့ဂျာက တစ်ဆင့်ပေးပို့လာပါတယ်။ လင့်ခ်ကို ထောက်ကြည့်လိုက်တဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၁။ ခေါင်းစဥ◌်မှာ မြန်မာအစိုးရဖုန်းကွယ်ထားတဲ့ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားနေသော ဒေသများစာရင်း ပေါက်ကြား လို့ပေးထားပေမဲ့  ဗွီဒီယိုထဲမှာ ဒီအကြောင်းအရာမပါဝင်ဘဲ တရုတ်နိုင်ငံက အကြောင်းအရာတွေသာဖြစ်နေပါတယ်။ ၂။Google မှာ “မြန်မာ အစိုးရ ဖုံးကွယ်ထားတဲ့”ဆိုတဲ့စကားလုံးကို ရိုက်ရှာကြည့်တဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ၃။ ပထမဆုံးလင့်ကိုထောက်ကြည့်ရင် ဇန်နဝါရီ ၂၆ ရက်မှာ Myanmar News အမည်နဲ့ ယူကျူ့မှာတင်ထားတဲ့ ဗွီဒီယိုကို  တွေ့ရပါတယ်။ မူရင်းခေါင်းစဥ◌်က “ဝူဟန်မှာ အစိုးရဖုံးကွယ်ထားတဲ့ သေဆုံးသူ ပမာဏ ဘယ်လောက်ရှိကြောင်း ပြောပြနေတဲ့ သူနာပြု ဗီဒီယိုဖိုင်”ဖြစ်ပါတယ်။ […]

Continue Reading

ဘာသာကြီးတစ်ခုတည်းကြီးစိုးမှုမ​စေရှိစေရေး ဒေါ်အောင်ဆန်းစုကြည်လျှောက်ထား ဆိုတဲ့ သတင်းမှား

မတ်လ ၅ ရက်က အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဒုတိယအစည်း အဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဘာသာကြီးတစ်ခုတည်းကြီးစိုးမှုမ​စေရှိစေရေး ဆရာတော်ကြီးတွေကို လျှောက်ထားခဲ့တယ်လို့ Forward Media က လူမှုကွန်ယက်မှာ ရေးသားမျှဝေထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ICJ အရေးကိစ္စမှာ မြန်မာဘက်က ခုခံချေပခဲ့တဲ့ ဥပဒေပညာရှင် ဒေါက်တာဝီလီယံရှာဘတ်စ်ကိုကြိုဆိုဖို့ နေပြည်တော်ကနေ ရန်ကုန်မြို့ကို ရောက်ရှိနေစဥ◌်မှာ နိုင်ငံတော်သံဃာမဟာနာယက အစည်းအဝေးကို တက်ရောက်ခဲ့တာလို့လည်း ရေးသာ းထားပါတယ်။ဒေါက်တာဝီလီယံရှားဘတ်စ်နဲ့လည်း သီးသန့်တွေ့ဆုံခဲ့တယ်လို့ ရေးသားထားပါတယ်။ အချက်အလက်စိစစ်ချက် ၁။ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းဖော်ပြချက်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုလျှောက်ထားခဲ့ခြင်းမရှိတာတွေ့ရပါတယ်။  ၂။ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကထုတ်ပြန်ချက်ချက်မှာလည်း ဒီလိုပြောကြားချက် မတွေ့ရှိရပါဘူး။ ပါမောက္ခ ဒေါက်တာဝီလီယံရှာဘတ်စ်နဲ့တွေ့ဆုံတဲ့ ထုတ်ပြန်ချက်လည်း မတွေ့ရှိပါဘူး။ ၃။ အခြားသတင်းဌာနတွေကလည်း ဖော်ပြထားတာမတွေ့ရပါဘူး။ သုံးသပ်ချက် အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေအရ Forward Media ရဲ့ဖော်ပြချက်ဟာ […]

Continue Reading