လက်ဖက်ရည်ကြမ်းက ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်တယ်ဆိုတဲ့ သတင်းမှား
လက်ဖက်ရည်ကြမ်းက covid-19 ရဲ့ လက္ခဏာတွေကို ပျောက်ကင်း စေတယ်ဆို၊ ကုသနိုင်တယ်ဆိုတဲ့ စာသား တွေ ဖေ့စ်ဘွတ်မက်ဆေ့ဂျာကနေ မျှဝေလာတာတွေ့ရပါတယ်။ အမေရိကန်အခြေစိုက်သတင်းဌာနဖြစ်တဲ့ CNN ကို သတင်းရင်းမြစ်အဖြစ်ဖော်ပြထားတဲ့ အောက်ပါစာသားက တော့ ဖေ့စ်ဘွတ်မက်ဆေ့ဂျာကနေ ဓာတ်ပုံအနေနဲ့ ပို့လာတဲ့ စာပဲဖြစ်ပါတယ်။ဒီစာသားတွေကို “ထီလာရွှေပြည် သတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း မျှဝေထား တာတွေ့ ရပါတယ်။ Fb link Archive link လက်ဖက်ရည်ကြမ်းဟာ တကယ်ပဲ ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်ပါသလား။ အချက်အလက် စိစစ်ကြည့်ရ အောင်ပါ။ အချက်အလက်စိစစ်ချက် Google မှာ “cnn green tea covid-19”ဆိုတဲ့ စကားလုံးတွေကိုရိုက်ရှာကြည့်တဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ လက်ဖက်ရည်ကြမ်းဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရှိရပါဘူး။ ဧပြီ ၈ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကို […]
Continue Reading