တရုတ်နိုင်ငံဟီချီမြို့ကလေယာဉ်ကွင်းကို ချင်းပြည်နယ် ဖလန်းမြို့က လေယာဉ်ကွင်း အဖြစ် မျှဝေနေ

ချင်းပြည်နယ်မှာ ဖလမ်းမြို့မှာ မြန်မာနိုင်ငံအတွက် အနောက်ဘက်အကျဆုံးလေယာဉ်ကွင်းကို ယခုအစိုးရ လက်ထက်မှာ ဆောက်လုပ်လျက်ရှိပြီး ယခုနှစ်အတွင်းဖွင့်လှစ်နိုင်ဖို့ဆောင်ရွက်လျက်ရှိတာ တွေ့ရပါတယ်။  ဒီလိုအခြေအနေမျိုးမှာ  တောင်တန်းတွေပေါ်မှာ ဆောက်လုပ်ထားတဲ့ လေယာဉ်ကွင်းတစ်ခုကို ချင်းပြည်နယ် ဖလမ်းက လေယာဉ်ကွင်းအဖြစ်မျှဝေလျက်ရှိပြီး လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပြီး ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေနေခဲ့ကြတာတွေ့ရပါတယ်။ ဒီလိုပဲ ဝက်ဘ်ဆိုဒ်တွေမှာ ချင်းပြည်နယ် ဖလမ်းလေယာဉ်ကွင်းအဖြစ် ဒီလင့်ခ် ဒီလင့်ခ်တွေမှာ ဖော်ပြခဲ့တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီပို့စ်တွေမှာပါတဲ့ တောင်တန်းတစ်ခုပေါ်က လေယာဉ်ကွင်းကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုပြီး ရလာတဲ့ ရလာဒ်ထဲကမှ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်ကြား ရလာဒ်တွေကို ရှာဖွေကြည့်ရာမှာအောက်ပါအတိုင်း တွေ့ရပါတယ်။ ဒီပုံကို တရုတ်ဘာသာနဲ့ရေးသားထားတဲ့ kknews.cc အမည်နဲ့ဝက်ဘ်ဆိုဒ်မှာ ၂၀၁၆ ဒီဇင်ဘာလ ၆ ရက်က အစောဆုံးအသုံးပြုခဲ့တာတွေ့ရပြီး တရုတ်နိုင်ငံ […]

Continue Reading