၂၀၁၂ Air Bagan လေယာဉ်ပျက်ကျမှုက ပုံတွေကို ရခိုင်ပြည်နယ်မှာ စစ်လေယာဉ်ပျက် ကျမှုအဖြစ်ဖော်ပြနေတဲ့သတင်းမှား
ရခိုင်ဘက်ကို စစ်လက်နက်ကြီးတွေ သယ်ဆောင်လာတဲ့ လေယာဉ်ပျက်ကြတယ်ဆိုပြီးတော့ လူမှုကွန်ယက်သုံး စွဲသူတွေအကြားမှာ လေယာဉ်အစိတ်အပိုင်းပုံတွေနဲ့ မီးလောင်နေတဲ့ ပုံတွေပါတဲ့ လေယာဉ်ပျက်ကြမှုမြင်ကွင်း ဓာတ်ပုံတွေ လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ “ရခိုင်ဖက်ကိုစစ်လက်နက်ကြီးတွေ သယ်ဆောင်လာတဲ့ လေယာဉ်တစ်စီးဟာ ပျက်ကျပြီး ပြာအတိဖြစ်သွား တယ်လို့ သိရပါတယ်၊ ၎င်း လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ စစ်ဗိုလ်တွေက အချင်းချင်းပစ်ခပ်မှုဖြစ် ကြတယ် လို့လည်း သိရတယ်ခညာ….”ဆိုပြီး “MaGwi MaJap”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကအောက်ပါအတိုင်း မျှဝေ ထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် အပျက်အစီးတွေက ဓာတ်ပုံတွေကို သေချာဆန်းစစ်ကြည့်ရင်တပ်မတော်နဲ့သက်ဆိုင်တဲ့ အမှတ်သင်္ကေတတစ်ချို့ မဟုတ်တာတွေ့ရပါတယ်။ ပထမဆုံး မီးခိုးတွေနဲ့ မီးလောင်နေတဲ့ မြင်ကွင်းကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ Link Link ၂၀၁၂ ခုနှစ်က ဒီဇင်ဘာ […]
Continue Reading