အသက် ၁၀ စက္ကန့်အောင့်ထားနိုင်ရုံနဲ့ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိမသိရှိနိုင်ပါ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်လွှားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ ဒသမ ၈ သန်းကျော်ရှိလာပြီး ဒီဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၁၇၀၀၀ ကျော်ရှိပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာလည်း ဧပြီ ၁၅ ရက် မနက် ၁၀ နာရီခွဲအချိန်အထိ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အတည်ပြုလူနာ ၇၄ ဉီးရှိလာပြီး လူနာ ၄ ဉီးသေဆုံးခဲ့ပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လူမှုကွန်ယက်မှာ ကိုယ်တိုင်ကုသနိုင်တဲ့နည်းလမ်း၊ ကိုယ်တိုင်စမ်းသပ်နိုင်တဲ့ နည်းလမ်း တွေအဖြစ် လူမှုကွန်ယက်မှာ ပြန်လည်မျှဝေကြတာတွေရေပန်းစားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိစမ်းသပ်နိုင်တဲ့ နည်းလမ်းအဖြစ် အသက်ရှူလေ့ကျင့်ခန်းနဲ့ စမ်းကြည့်နိုင်တယ်ဆိုတဲ့  ဗွီဒီယိုတစ်ခုမျှဝေကို မျှဝေလာတာအောက် ပါ တိုင်းတွေ့ရှိပါတယ်။ Fb link Archive link အချက်အလက်စိစစ်ကြည့်ကြရအောင်ပါ။ အချက်အလက်စိစစ်ချက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လူတွေကြားမှာ ရေပန်းစားနေတဲ့ ကောလဟာလတွေကို […]

Continue Reading