Fact Check: ဟောလိဝုဒ် ဆိုင်းဘုတ် မီးလောင်နေတဲ့ ပုံဟာ တကယ်လား-မဟုတ်ပါ
အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယာပြည်နယ် လောစ်အိန်ဂျလိ(Los Angeles)မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်ပြီး နေရာ ၆ ခုထက်မနည်းမှာ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေပြီး ဒီမြို့က ရုပ်ရှင်မင်းသားမင်းသမီးတွေ နေထိုင်ရာ နေရာတွေ၊ ရပ်ကွက်တွေမှာ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့ရပါတယ်။ ဒီလိုအခြေအအနေမှာ ကမ္ဘာကျော် ရုပ်ရှင်ရိုက်ကူးရေ စတူဒီယိုတွေတည်ရှိရာ ဟောလိဝု(Hollywood)ဆိုင်းဘုတ်အနီးမှာပါ မီးလောင်နေတဲ့ ဓာတ်ပုံတွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ AI အသုံးပြုပြီး ဖန်တီးထားတဲ့ ဓာတ်ပုံတွေသာဖြစ်ပြီး ဒီဆိုင်းဘုတ်တည်ရှိတဲ့ နေရာဟာ လက်ရှိအချိန်အထိ မီးလောင်ကျွမ်းတဲ့ အထဲမှာပါဝင်ခြင်းမရှိသေးပါဘူး။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ Hollywood ဆိုင်းဘုတ် မီးလောင်ကျွမ်းနေ တယ်ဆိုတဲ့ ဓာတ်ပုံနဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတဲ့ ပြောဆိုချက်တွေနဲ့ ဒီဓာတ်ပုံကို ဖြန့်ဝေထားတာ ဒီနေရာ၊ ဒီနေရာနဲ့ […]
Continue Reading