Fact Check: ဒေါ်အောင်ဆန်းစုကြည် သေဆုံးပြီဟု သားဖြစ်သူ ကြေညာတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် သေဆုံးပြီဟု သားဖြစ်သူ ကြေညာတယ်ဆိုတဲ့ ဗွီဒီယို ယူကျူ့ ချန်နယ်တခုက မျှဝေထားရာမှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှာ တခုဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “စိတ်ခိုင်ခိုင်ထားပြီးမှ အဆုံးထိကြည့်ပါ ယနေ့ အရေးပေါ် ဆေးကုသစဉ်မှာပဲ  အမေစု သေဆုံးပြီဟု သားဖြစ်သူကြေညာ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Cele World”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိနေတာတွေ့ရတယ်။ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးရောဂါပိုမိုဆိုးရွားစွာ ခံစားနေရပြီး  ဆရာဝန်နဲ့ ပြသခွင့်တောင်းဆိုပေမဲ့ မရတဲ့အကြောင်း၊ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာလည်း မသိရကြောင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ပြည့်ဝဝရမရလည်း မသိရကြောင်း၊ အင်မတန် […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူကိုယ်တိုင် လာခေါ်ထုတ်သွားပြီဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူကိုယ်တိုင် လာခေါ်ထုတ်သွားပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခု “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအား‌ကောင်းနေတာ တွေ့ရပါတယ်။ လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ဗွီဒီယိုကရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “သားဖြစ်သူကိုယ်တိုင်လာခေါ်ထုတ်လို့  အမေစု ပြည်ပနိုင်ငံကို ရောက်သွားပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်တုတပ်ဖော်ပြတာ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ဝေတာတွေလုပ်နေတဲ့ နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း သတင်းမှားဖြန့်ဝေနေတဲ့ ဗွီဒီယိုထဲမှာ သားဖြစ်သူ […]

Continue Reading

Fact Check: ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီလို့ သူ့သား ကြေညာဆိုတဲ့ သတင်းတု

ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီလို့ သားဖြစ်သူ ကင်အဲရစ်ကြေညာဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့နေတာဟာ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဒီဇင်ဘာ ၂၄ ရက်က စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုအကြိမ်အရေအတွက် ၁ သိန်းရရှိထားတယ်။  “အကျဉ်းထောင်ထဲမှာ အမေစု အသက်မရှိတော့ဘူးဟု သားဖြစ်သူကိုယ်တိုင် အတည်ပြုကြေညာလို့ တကမ္ဘာလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Daily Burmese Vlog”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ အခုလည်း ဗွီဒီယိုထဲမှာ‌ဖော်ပြခဲ့တဲ့အကြောင်းအရာဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ သားဖြစ်သူ […]

Continue Reading