Fact Check: ရာခိုင်နှုန်းပေးစရာမလိုဘဲငွေသားထုတ်ပေးနေတယ်ဆိုတဲ့ KBZ Pay Service Myanmar အမည်နဲ့အယောင်ဆောင်စာမျက်နှာ

ရာခိုင်နှုန်းပေးစာရာမလိုဘဲငွေသားထုတ်ပေးတယ်၊ ကိုယ်စားလှယ်တွေခေါ်နေတယ်ဆိုပြီးတော့  KBZ Pay Service Myanmar အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ KBZ Pay အမည်အသုံးပြုပြီး လိမ်လည်ဖို့အတွက် ပြုလုပ်ထားတဲ့အတုအယောင်စာမျက်နှာတစ်ခုဖြစ်တာ တွေ့ရပါတယ်။ “လူကြီးမင်း ရဲ့ Acc ထဲကနေ ငွေထုတ်ချင်တဲ့ သူများ ( %  ရာခိုင်နှုန်း ) ပေးစရာမလို့ဘဲ ငွေထုတ်လို့  ရပါတယ် ရှင့် ထုတ်ချင်တဲ့ သူများ  Page ရဲ့ CB မှာ ဆက်သွယ် မေးမြန်းနိုင်ပါတယ် ရှင့်”လို့ ရေးသားပြီး “KBZ PAY Service Myanmar” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   ထို့အပြင် “K Pay […]

Continue Reading

Fact Check: ပြည်ပရောက် KBZ PAY အသုံးပြုသူတွေပိတ်ဆို့ခံရဆိုတာမဟုတ်ပါ

ပြည်ပရောက် KBZ PAY အသုံးပြုသူတွေဟာ ဒီငွေကြေးဝန်ဆောင်မှုကို ဆက်လက်အသုံးပြုနိုင်တော့မှာ မဟုတ် ကြောင်း KBZ PAY ကထုတ်ပြန်လိုက်တယ်ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း ခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုဖြစ်ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ KBZ PAY အသုံးပြုသူတွေဟာ ပြည်ပမှာ KBZ PAY ကိုအသုံးပြုနိုင်မှာမဟုတ်ဘဲ ပြည်တွင်း ပြန်လည်ရောက်ရှိချိန်မှသာလျှင် သူတို့ရဲ့ ငွေတွေကို ပြန်လည်အသုံးပြုနိုင်မယ်ဆိုပြီး KBZ PAY ကပေးပို့တယ်ဆို တဲ့ စာသားဓာတ်ပုံတစ်ခုလည်းပါဝင်ပါတယ်။ “MDY news center”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတဲ့ တူညီတဲ့ပြောဆိုချက်တွေပါဝင်တဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “ပြည်ပရောက် KBZ PAY အသုံးပြုသူများ ဆက်လက်အသုံးပြု့နိုင်မည်မဟုတ်ပဲ ပြည်တွင်းသို့ ပြန်လည် ရောက်ရှိချိန်မှသာလျှင် Login ပြန်လည်ဝင်ရောက် အသုံးပြု့နိုင်မှာဖြစ်ကြောင်း KBZ pay မှထုတ်ပြန်လိုက်ကြောင်းသိရှိရ” […]

Continue Reading