Fact Check: လုပ်ကြံခံရသူကျောက်မဲလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြေးတော်စပ်တယ်ဆိုတဲ့ သတင်းအမှား

ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ပြီးခဲ့ရက်ပိုင်းက လုပ်ကြံသတ်ဖြတ်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီရဲ့ ကျောက်မဲခရိုင်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးထိုက်ဇော်ဟာ NLDပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြေးဖြစ်တယ်ဆိုပြီး‌ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေကြတာ တွေ့ရပါတယ်။ ဒီလိုရေးသားနေတဲ့ပို့စ်မှာ “လုပ်ကြံသတ်ဖြတ်ခံရသူ ဦးထိုက်ဇော်သည် အမေစု၏ မြေးတော်စပ်ကြောင်း သိရပါတယ် အမှုမှန်အမြန်ဆုံးဖော်ထုတ်နိုင်ပါစေ”ဆိုပြီးရေးသားနေကြတာတွေ့ရပါတယ်။ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေကြတာ တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက်ဒီလိုရေးသားနေတာတွေနဲ့ပတ်သက်ပြီး NLDပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ မုံရွာအောင်ရှင်ကို Fact Crescendo Myanmarက ဆက်သွယ်မေးမြန်းရာတော့ “ဆွေစဉ်မျိုးဆက်ဇယားနဲ့တွဲပြီး ရေးနေကြတာတွေ့ပါတယ်၊ မဖြစ်နိုင်ဖို့များမယ်ထင်တယ်၊ ဘာလို့ဆို အွန်လိုင်းပေါ်မှာ တစ်ခုခုဆိုရင် နောက်ကသတင်းအမှားက ဖြစ်နေတာပဲလေ”လို့ မုံရွာအောင်ရှင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် ဦးထိုက်ဇော်မိသားစုနဲ့ ပုဂ္ဂိုလ်ရေးအရရင်းနှီးမှုရှိပြီး နိုင်ငံရေးလုပ်ဖော်ကိုင်ဖတ်လည်းဖြစ်သူ […]

Continue Reading