Fact Check: ရွေးကောက်ပွဲမသမာမှု အထူးစုံစမ်းရေးအဖွဲ့ ဖွဲ့တယ်ဆိုတဲ့ သတင်းအမှား

နိုဝင်ဘာ ၈ရက်ရွေးကောက်ပွဲမှာ အငြင်းပွားမှုတွေနဲ့အတူ လူသတ်ခြိမ်းခြောက်တာတွေဖြစ်လာတာကြောင့် နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထုရဲ့ဆန္ဒအရ လွတ််လပ်တဲ့ ရွေးကောက်ပွဲ မသမာမှု အထူးစုံစမ်းရေးအဖွဲ့ကို နိုဝင်ဘာလ ၂၀ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်းအကြောင်းကြားတဲ့အမိန့်စာလိုရေးသားထားတဲ့စာကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဒီစာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၈ရက်ရွေးကောက်ပွဲကို အငြင်းပွားစရာတွေနဲ့ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲရလာဒ်အပေါ် လူသတ်ခြိမ်းခြောက်တာတွေရှိလာကြောင့် နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထုရဲ့ဆန္ဒအရ လွတ််လပ်တဲ့ရွေးကောက်ပွဲမသမာမှု အထူးစုံစမ်းရေးအဖွဲ့ကို နိုဝင်ဘာလ ၂၀ရက်နေ့က ဖွဲ့စည်းခဲ့တဲ့အကြောင်း၊ နိုဝင်ဘာ ၂၃ရက်နေ့မှာ စတင်တာဝန်ထမ်းဆောင်မှာဖြစ်တဲ့အကြောင်း၊ ဒီအဖွဲ့ကို အရေးပေါ်စီမံခန့်ခွဲပိုင်ခွင့်ဥပဒေအရဖွဲ့လိုက်တာဖြစ်တဲ့အကြောင်းနဲ့ အဖွဲ့မှူးသောင်းထွန်းနိုင်ဆိုသူက လက်မှတ်ထိုးထုတ်ပြန်ထားတာတွေ့ရပါတယ်။ထိုစာနဲ့အတူ ပူးတွဲအထူးအသိပေးချက်ဆိုတဲ့စာပါဝင်ပြီး ဒီစာမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲမသမာမှုတွေကိုကိုယ်လွတ်ရုံးတာကို တွေ့ရတာကြောင့် အောက်ခြေရပ်ကျေးမဲရုံမှူးတွေအနေနဲ့ ခိုင််းစေသူကိုဖော်လျှင် အပြစ်ကင်းလွတ်ခွင့်ရမှာဖြစ်တဲ့အကြောင်း ဆက်လတ်ရေးသားထားတာကိုတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်ကအလက်စိစစ်ချက် […]

Continue Reading