Fact Check: Quad နဲ့ မြန်မာကမ်းစောင့်တပ် ပင်လယ်ပြင်တိုက်ပွဲဖြစ်တယ်ဆိုတာ မဟုတ်ပါ
အမေရိကန်ရေတပ် လေယာဉ်တင် သင်္ဘော USS carl vinson ဦးဆောင်တဲ့ Quad အဖွဲ့နဲ့ မြန်မာစစ်တပ် ဘင်္ဂ လားပင်လယ်အော်မှာ တိုက်ပွဲဖြစ်ခဲ့ရာမှာ USS carl vinson သင်္ဘောကို ဖျက်ဆီးလိုက်နိုင်တယ်လို့ ရေးသား တဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ ဒီလိုတိုက်ပွဲအတွင်းမှာ ကိုကိုးကျွန်းအခြေစိုက် မြန်မာရေတပ်ကနေ ဒုံးကျဉ် ၂၁ လုံး၊ကမ်းစောင့်တပ်ကလည်း တော်ပီဒို ၃၂ လုံးနဲ့ ပစ်ခတ်ခဲ့ပြီး မင်္ဂလာဒုံလေတပ်ကနေလည်း SuKhoi-35 တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ တယ်လို့ ရေးသားထားပါတယ်။ သို့သော် ဒီလို ထိပ်တိုက်ထိတွေမှုအပါအဝင် တိုက်ပွဲဖြစ်ခဲ့တယ်ဆိုတဲ့အထောက်အထားမတွေ့ရပါဘူး။ “Min Aung Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသား မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “ပွဲကတော့စပြီ USS carl […]
Continue Reading