တပ်ပြင်မထုတ်တဲ့ တပ်တွင်းမဲရုံမှ မဲများကို ပယ်မဲအဖြစ်သတ်မှတ်မယ်လို့ သတင်းမှားဖြန့်ဝေ

တပ်ပြင်မထုတ်တဲ့ တပ်တွင်းမဲရုံမှ မဲများကို ပယ်မဲအဖြစ်သတ်မှတ်မယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက် သုံး စွဲသူတွေ အကြားမှာ ပျံ့နှံခဲ့ပါတယ်။   “ခိုင်ယဉ် မွန်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။“Pann Ei Kyaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “Aung San Suu Kyi (Myanmar State Counsellor 🇲🇲)”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ အလားတူမျှဝေထားပါတယ်။ ဒီပို့စ်ကို  “ရဲ ဇော်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြု သူက စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး “Bunki Latt” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူလည်းမျှဝေခဲ့ပါသေးတယ်။ အခုချိန်မှာတော့ “Bunki Latt”၊ “ရဲ ဇော်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ စာမျက်နှာ ဒီပို့စ်ရှိမနေတော့ပါဘူး။ Fb link Archive link အချက်အလက်စိစစ်ချက် ဇူလိုင် ၂၇ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကအခုလိုပျံ့နှံ့လျက်ရှိတဲ့ သတင်းဟာ သတင်းတု၊ သတင်းမှားဖြစ်ကြောင်းအောက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့တာတွေ့ရပါတယ်။ “လူမှုကွန်ရက်စာမျက်နှာ ( […]

Continue Reading