မင်္ဂလာဒုံမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် လူနာ ၃ဦး ဖမ်းမိတဲ့ဆိုတဲ့ ဗီဒီယိုဖိုင်သတင်းအမှား

“Breaking News မင်္ဂလာဒုံမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် လူနာ ၃ဦး ဖမ်းမိတဲ့ ဗီဒီယိုဖိုင်”ဆိုပြီးတော့ လူမှုကွန်ယက်မှာ ပို့စ်တစ်ခုကို ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ အမျိုးသားနှစ်ဉီးနဲ့ အမျိုးသမီးတစ်ယောက်စကားပြောနေတာတွေ့ရပြီး အချိန် ၁ မိနစ် ၂၄ စက္ကန့်ရိုက်ကူးထားတာတွေ့ရပါတယ်။ စက္ကန့် ၃၀ နဲ့ ၄၆ စက္ကန့်ကြားမှာ ကားပေါ်က အမျိုးသမီးက အောက်ပါအတိုင်းစကားပြောခဲ့ပါတယ်။ “အစ်မကြီးမှုံ မင်္ဂလာဒုံကတော့ သတင်းထူးပြီ။ မင်္ဂလာဒုံမှာ ရောဂါတွေ့လို့တဲ့ ၃ ယောက်တဲ့ ။သမီးတို့ကားကိုရပ်ထားတယ်သိလား။ ရှေ့မှာ ambulance ကြီးနဲ့ ဆင်းလာတာလည်းအများကြီးပဲ ဟုတ်တယ်။ အိမ်ထဲမှာနေတာ စုစုပေါင်း ၁၁ ယောက်တဲ့။ လူက ၃ ယောက်ကူးတာတဲ့”ဆိုပြီး ပြောကြားထားပါတယ်။ Nay Myo Thu အမည်နဲ့အကောင့်က “သတင်းစုံ”ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားပြီး “ဂီတစာဆို […]

Continue Reading