မင်းဝန်တောင်ဘုန်းကြီး ဒေါက်ဖိနပ်စီးပြီး ယတြာချေပေးတာဆိုတဲ့ သတင်းမှား
ဘုန်းကြီးတစ်ပါးဒေါက်ဖိနပ်စီးနေတဲ့ပုံကို မင်းဝန်တောင်ဘုန်းကြီး ဒေါက်ဖိနပ်စီးပြီး ယတြာချေပေးတာဆိုပြီး သတင်းမှားတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ “U Naing Win”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ၂၃ နာရီအတွင်း လူမှု ကွန်ယက်အသုံးပြုသူ ၁ ထောင်ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ Link Archive link မင်းဝန်တောင် စိန္တာမုနိကျောင်းက ကျမ်းဂန်တွေနဲ့ မညီတဲ့ ရုပ်တုတွေဖယ်ရှားခဲ့တဲ့သတင်းတွေနဲ့အတူ အခုလို အချိန်ကိုက် မျှဝေလာတာဖြစ်ပါတယ်။ ပို့အောက်မှာ မှတ်ချက်ရေးသားသူတစ်ချို့က ထိုင်းနိုင်ငံ ဖြစ်တယ်လို့လည်း မှတ်ချက်ပေးခဲ့တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် Goolge မှာ မျှဝေထားတဲ့ပုံကို ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ၂၀၁၉ ခုနှစ် ဇူလိုင်မှာ ထိုင်းဘာသာနဲ့ရေးသားထားတဲ့သတင်းအများအပြားမှာ ဒီပုံကို တွေ့ရပါတယ်။ Google Translate ကို အသုံးပြုပြီး ထိုင်းဘာသာကနေ မြန်မာဘာသာကို ပြန်ဆိုကြည့်ရာမှာ ဘုန်းကြီးတစ်ပါးရဲ့ […]
Continue Reading