Fact Check: ဗိုလ်နဂါးဦးဆောင်တဲ့ MRDA ကို အကြမ်းဖက်အဖွဲ့အဖြစ် NUG ကြေညာတဲ့သတင်းတု
မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)ကို အမျိုး သားညီညွှတ်ရေးအစိုးရ(NUG)က အကြမ်းအဖွဲ့အဖြစ် ကြေညာ လိုက်တယ်ဆိုပြီး ထုတ်ပြန်ချက်တခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာဟာ သတင်းတုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ ပို့စ်တခုရဲ့ စခရင်ရှော့အတွက်ဖြစ်တယ်။ မူရင်းလင်ခ့် – Fb link | Archive link နွေဦးတော်လှန်ရေးမှာ တက်ကြွလှုပ်ရှားသူ ပန်ဆယ်လိုနဲ့ ပွတ်တိုက်မှုတွေဖြစ်ပြီးနောက် အခုလို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာခဲ့တာလို့လည်း ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ဒီလိုထုတ်ပြန်ထားတာမရှိကြောင်း၊ MRDA ဟာလည်း စစ်အာဏာရှင်ကို တော်လှန်နေသည့် အဖွဲ့အစည်းတခုဖြစ်တာကြောင့် အကြမ်းဖက်အဖြစ် သတ်မှတ်ခြင်းမရှိကြောင်း၊ သွေးကွဲစေရန် ဖြန့်ဝေမှုဖြစ်ကြောင်း မဇ္ဈိမကို ဖြေကြားထားပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ […]
Continue Reading