သရုပ်ဆောင်မေသန်းနု ထောင်ကလွတ်လာပြီဆိုတဲ့ သတင်းမှား

ငွေကြေးလိမ်လည်မှုနဲ့တရားစွဲခံရပြီးထောင်ကျခဲ့တဲ့ သရုပ်ဆောင်မေသန်းနုဟာထောင်ဒဏ်တစ်နှစ်ချမှ တ်ခံထားရပါတယ်။ ထောင်ဒဏ်တစ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခံရပြီး သိပ်မကြာသေးခင်မှာပဲ မေသန်းနု ပြန်လွတ်လာပြီဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက်မှာ မျှဝေနေကြတာဖြစ်ပြီး လက်ရှိအချိန်အထိလည်းမျှဝေနေ တာတွေ့ရပါတယ်။ အေးအေးဝင်းအမည်နဲ့ အကောင့်က မေသန်းနု ပြန်လွတ်လာပြီဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက်မှာ မျှဝေခဲ့တာလည်း တွေ့ရပါတယ်။ FB Link Archive link အချက်အလက်စိစစ်ချက် ၁။ ဗွီဒီယိုရဲ့ခေါင်းစဥ◌်မှာ “အတိုင်းမသိဝမ်းသာပါတယ် မင်းသမီးကြီး မေသန်းနုထောင်က ပြန်လွတ်လာပြီ”လို့ ရေးထားပေမဲ့ တကယ်တမ်းဗွီဒီယိုထဲမှာ နောင်ခံစကားပြောထဲမှာ ထောင်တစ်နှစ်ကျသွားတဲ့အကြောင်း သာပါဝင်တာတွေ့ ရပါတယ်။ ၂။ Google မှာပုံကို ပြောင်းပြန်ရှာတဲ့အနည်းအသုံးပြုရှာဖွေရာမှာ အလားတူ ပုံတွေ တွေ့ရပါတယ်။ ဒါပေမဲ့ တရားဝင်သတင်းမီဒီယာတစ်ခုမှ တွေ့ရပါဘူး။ ၃။ “မေသန်းနု ပြန်လွတ်လာ”ဆိုတဲ့ အဓိက စကားလုံးတွေကို Google မှာ […]

Continue Reading

ဓာတ်ပုံဟောင်းတွေကို ယနေ့ဆန္ဒပြထောက်ခံပွဲအဖြစ် ပြန်လည်ဖော်ပြနေသတင်းမှား

ဖေဖော်ဝါရီ ၁၀ ရက်က ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အတွက် မဲခွဲဆုံးဖြတ်နေချိန်မှာ “၅၉ စထောက်ခံပွဲ10. 3.  2020. သွေးကြောင်ရင်ဘေးရှောင်နေခဲ့ကြ ယခုမြင်ကွင်း” ဆိုပြီးတော့ လူတန်းကြီးတွေပါတဲ့ ဓာတ်ပုံတွေ လူမှုကွန်ယက်မှာ မျှဝေမှုများပြားခဲ့ပါတယ်။ Thank Htike အမည်နဲ့အကောင့်က အောက်ပါအတိုင်းဖော်ပြထားပါတယ်။ FB link Archive link Daw Lay Thiri အမည်နဲ့အကောင့်က 🇲🇲မှု့ခင်းနှင့်အထူးသတင်းများ  ဖေ့စ်ဘွတ်အဖွဲ့ထဲမှာ ပြန်လည်မျှဝေထားတာလည်း တွေ့ရပါတယ်။ Fb link  Archive link အချက်အလက်စိစစ်ချက် ၁။ Google မှာကို ပုံကိုပြောင်းပြန်ရှာနည်းအသုံးပြုပြီး ပုံတွေရှာတဲ့အခါမှာ ဒီလိုအလားတူဓာတ်ပုံတွေ  တွေ့ရပါတယ်။ ၂။  Paing Zin Tun အမည်နဲ့အကောင့်က ၂၀၁၈ ခုနှစ် […]

Continue Reading

TIKA တံဆိပ်ပါအိတ်တွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆန်အိတ်တွေအဖြစ်ဖော်ပြ နေတဲ့ သတင်းမှား

တူရကီပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(TIKA)တံဆိပ်နဲ့အိပ်တွေကို  ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းက ရခိုင်လက်နက်ကိုင်အဖွဲ့(AA)ကိုထောက်ပံ့သော ဆန်အိတ်များအဖြစ် လူမှုကွန်ယက်မှာ ဖြန့်ဝေနေပါတယ်။ တပ်မတော်က AA စခန်းကိုသိမ်းမိလို့ ပစ္စည်းလေးတွေကိုစစ်ဆေးလိုက်တော့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကထောက်ပံ့ပေးထားတဲ့ပစ္စည်းတွေဖြစ်နေတယ်ဆိုပြီးတော့ Tin Myo အမည်နဲ့ အကောင့်က ပို့စ်တင်ထားပါတယ်။ FB link Archive link အချက်အလက်စိစစ်ချက် ၁။ တပ်မတော်ကာကွယ်ရေးဥ◌ီးစီးချုပ်ရုံးရဲ့ ဝက်ဆိုဒ်စာမျက်နှာမှာ AA စခန်းကို သိမ်းပိုက်ရရှိတဲ့သတင်းနဲ့ အခုလို ဆန်အိတ်တွေ ဖမ်းဆီးရမိတဲ့ သတင်းမတွေ့ရပါဘူး။ ၂။ ဆန်အိတ်ပေါ်က အမှတ်တံဆိပ်ကို ကြည့်တဲ့အခါမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အမှတ်တံဆိပ်မဟုတ်ပါဘူး။ ၃။ တရားဝင်သတင်းဌာနတွေက ဒီလိုဖမ်းဆီးရရှိမှုသတင်းမတွေ့ရှိရပါဘူး။ ၄။ Google မှာရှာကြည့်ရင် ဒီအမှတ်တံဆိပ်ဟာ တူရကီပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီရဲ့ အမှတ်တံဆိပ်နဲ့တူနေတာတွေ့ရပါတယ်။ ၅။ Google မှာ reverse image ရှာဖွေနည်းနဲ့ […]

Continue Reading

မိဘကို စော်ကား၍မြေမြိုခံရဆိုတဲ့ သတင်းမှား

မိဘကို စော်ကား၍မြေမြိုခံဆိုတဲ့သတင်းကို လူမှုကွန်ယက်မှာ မျှဝေသူတွေ များပြားနေပါတယ်။ မန္တလေးတိုင်း အောင်ပင်လယ်ရပ်ကွက်နေသူမောင်ထင်လင်းဦး ခေါ် မောင်ဆူဟိုဟာ ဇွန် ၁၅ ရက်က ကိုရီးယားအဆိုတော်အဖွဲ့ EXO ရဲ့ သီချင်းခွေဝယ်ရန် အမေဖြစ်သူမုဆိုးမကြီးထံမှ ပိုက်ဆံတောင်းရာ မပေးသဖြင့် မိခင်အိုကြီးအား ဆဲဆိုကန် ကျောက်ရိုက်နက် ၍ အိမ်မှ ဆင်းသွားစဉ် မြေမြိုခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ FB link Archive link အချက်အလက်စိစစ်ချက် ၁။ Google မှာပုံကို ရှာကြည့်တဲ့အခါ အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့ သတင်းအမြောက ်အများကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ၂။ ပထမဆုံး လင့်ခ်ကိုဖွင့်ကြည့်မယ်ဆိုရင် ဒီပုံဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က သဘာဝလှိုင်ဂူထဲကို လူတစ်ယောက်က ဝင်ဖို့ကြိုးစားနေတဲ့ ပုံလို့ဖော်ပြထားပါတယ်။ ၂၀၁၅ ခုနှစ်က အခြားဝင်ပေါက်ရှိပေမဲ့ စွန့်စားချင်တဲ့သူ တစ်ယောက်က […]

Continue Reading

ဖေ့စ်ဘွတ်cele ကျော်ကျော်နန္ဒ ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဆေးရုံတင်ရဆိုတဲ့ သတင်းမှား

ဖေ့စ်ဘွတ်cele ကျော်ကျော်နန္ဒ ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဆေးရုံတင်ရတယ်ဆိုပြီး လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာရှိပါတယ်။ ကျော်ကျော်နန္ဒဟာ မိသားစုပြိုင်ပွဲပြီးဆုံးသွားချိန်မှာ ကိုရိုနာဗိုင်းရပ်ကြောင့် ချက်ချင်းဆေးရုံတင်လိုပ်ရတယ်လို့သိရတယ်ဆိုပြီးတော့ သတင်းထဲမှာ ရေးသားပါတယ်။ ဟာသ ဗဟုသုတ သတင်းစုံဆိုတဲ့ ဖေ့စ်ဘွတ်အဖွဲ့မှာ အောက်ပါအတိုင်းမျှ ဝေထားပါတယ်။  FB Link Archieve Link အချက်အလက်စိစစ်ချက် ၁။ ကျော်ကျော်နန္ဒ ရဲ့စာမျက်နှာမှာ မတ်လ ၇ ရက်နေ့မှာ အတွင်းခံဘောင်းဘီကြော်ငြာ ရိုက် တယ်လို့ ဆိုထားပါတယ်။ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်တဲ့ သတင်းဖော်ပြထားတာမတွေ့ရပါဘူး။ ၂။ မိသားစုပြိုင်ပွဲစာမျက်နှာမှာ မတ်လ ၆ ရက် ပြိုင်ပွဲမရှိတာတွေ့ရပါတယ်။ ၃။ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၇ ရက်ထုတ်ပြန်ချက်အရလည်း ရန်ကုန်တိုင်းဒေသကြီးမှာ မတ် ၆ ရက်နေ့က သံသယလူနာတွေ့ရတယ်လို့ မပါရှိပါဘူး။ သုံးသက်ချက် အထက်က […]

Continue Reading

မြန်မာအစိုးရ ဖုံးကွယ်ထားတဲ့ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားနေသော ဒေသမျာစာရင်း ပေါက်ကြားဆိုတဲ့ သတင်းမှား

မြန်မာအစိုးရဖုန်းကွယ်ထားတဲ့ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားနေသော ဒေသများစာရင်း ပေါက်ကြားဆိုတဲ့ သတင်းကို လူမှုကွန်ယက်သုံးစွဲသူတွေက ပြန်လည်မျှဝေကြပါတယ်။  လူမှုကွန်ယက်သုံးစွဲသူတစ်ဥ◌ီးကလည်း သတင်းကို မက်ဆေ့ဂျာက တစ်ဆင့်ပေးပို့လာပါတယ်။ လင့်ခ်ကို ထောက်ကြည့်လိုက်တဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၁။ ခေါင်းစဥ◌်မှာ မြန်မာအစိုးရဖုန်းကွယ်ထားတဲ့ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားနေသော ဒေသများစာရင်း ပေါက်ကြား လို့ပေးထားပေမဲ့  ဗွီဒီယိုထဲမှာ ဒီအကြောင်းအရာမပါဝင်ဘဲ တရုတ်နိုင်ငံက အကြောင်းအရာတွေသာဖြစ်နေပါတယ်။ ၂။Google မှာ “မြန်မာ အစိုးရ ဖုံးကွယ်ထားတဲ့”ဆိုတဲ့စကားလုံးကို ရိုက်ရှာကြည့်တဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ၃။ ပထမဆုံးလင့်ကိုထောက်ကြည့်ရင် ဇန်နဝါရီ ၂၆ ရက်မှာ Myanmar News အမည်နဲ့ ယူကျူ့မှာတင်ထားတဲ့ ဗွီဒီယိုကို  တွေ့ရပါတယ်။ မူရင်းခေါင်းစဥ◌်က “ဝူဟန်မှာ အစိုးရဖုံးကွယ်ထားတဲ့ သေဆုံးသူ ပမာဏ ဘယ်လောက်ရှိကြောင်း ပြောပြနေတဲ့ သူနာပြု ဗီဒီယိုဖိုင်”ဖြစ်ပါတယ်။ […]

Continue Reading

ဘာသာကြီးတစ်ခုတည်းကြီးစိုးမှုမ​စေရှိစေရေး ဒေါ်အောင်ဆန်းစုကြည်လျှောက်ထား ဆိုတဲ့ သတင်းမှား

မတ်လ ၅ ရက်က အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဒုတိယအစည်း အဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဘာသာကြီးတစ်ခုတည်းကြီးစိုးမှုမ​စေရှိစေရေး ဆရာတော်ကြီးတွေကို လျှောက်ထားခဲ့တယ်လို့ Forward Media က လူမှုကွန်ယက်မှာ ရေးသားမျှဝေထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ICJ အရေးကိစ္စမှာ မြန်မာဘက်က ခုခံချေပခဲ့တဲ့ ဥပဒေပညာရှင် ဒေါက်တာဝီလီယံရှာဘတ်စ်ကိုကြိုဆိုဖို့ နေပြည်တော်ကနေ ရန်ကုန်မြို့ကို ရောက်ရှိနေစဥ◌်မှာ နိုင်ငံတော်သံဃာမဟာနာယက အစည်းအဝေးကို တက်ရောက်ခဲ့တာလို့လည်း ရေးသာ းထားပါတယ်။ဒေါက်တာဝီလီယံရှားဘတ်စ်နဲ့လည်း သီးသန့်တွေ့ဆုံခဲ့တယ်လို့ ရေးသားထားပါတယ်။ အချက်အလက်စိစစ်ချက် ၁။ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းဖော်ပြချက်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုလျှောက်ထားခဲ့ခြင်းမရှိတာတွေ့ရပါတယ်။  ၂။ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကထုတ်ပြန်ချက်ချက်မှာလည်း ဒီလိုပြောကြားချက် မတွေ့ရှိရပါဘူး။ ပါမောက္ခ ဒေါက်တာဝီလီယံရှာဘတ်စ်နဲ့တွေ့ဆုံတဲ့ ထုတ်ပြန်ချက်လည်း မတွေ့ရှိပါဘူး။ ၃။ အခြားသတင်းဌာနတွေကလည်း ဖော်ပြထားတာမတွေ့ရပါဘူး။ သုံးသပ်ချက် အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေအရ Forward Media ရဲ့ဖော်ပြချက်ဟာ […]

Continue Reading

ဥက္ကာခဲကြီးဟာ ကမ္ဘာကို ဦးတည်ပြီးလာနေပြီး ဧပြီမှာ ဝင်တိုက်နိုင်တယ်ဆိုတဲ့ သတင်းမှား

ဝူဟန်ဗိုင်းရပ်စ်ကြောင့်သေမှာမစိုးရိမ်ပါနဲ့တော့ ကံမကောင်းရင် ဧပြီလကုန် လူသားအကုန်လုံး ဆန့်သွားနိုင်ပါတယ် ဝူဟန်ကြောင့်တော့မဟုတ်ပါဘူး၊နာဆာရဲ့ထုတ်ပြန်ချက်တစ်ခုအရ အလျား ၂ မိုင်ခွဲခန့် (၄ကီလိုမီတာ)ရှိတဲ့ ဥက္ကာခဲကြီးဟာ ကမ္ဘာကို ဦးတည်ပြီးလာနေပါပြီတဲ့ ဒီဥက္ကာခဲကြီးရဲ့ အရွယ်အစားဟာ လူသားမျိုးနွယ်ကို ပျက်သုန်းအောင် လုံလောက်တဲ့ထုထည်ပမာဏရှိတယ်လို့ လူမှုကွန်ယက်မှာ စွယ်စုံသတင်းထူးများစာမျက်နှာက မျှဝေလာပါတယ်။  ဧပြီ ၂၉ မှာ အဲ့ ကျောက်တုံးကြီးဟာ ကမ္ဘာမြေရဲ့ အနီးဆုံးကို ရောက်ရှိပြီးကမ္ဘာလေထုထဲသာ ဝင်လာခဲ့ရင် ကမ္ဘာနဲ့တိုက်မိပြီး လူသားမျိုးနွယ် အတော်များများ ပျောက်ကွယ်သွားနိုင်ခြေရှိတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ လင့်ကို ထောက်ကြည့်လိုက်တဲ့အခါမှာ ဝက်ဆိုဒ်မှာ ဒီသတင်းကို တင်ထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၁။ နာဆာရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီလိုသတင်းဖော်ပြထားတာမတွေ့ရပါဘူး။ ၂။Google မှာဝက်ဆိုဒ်က ဓာတ်ပုံကို ရှာကြည့်မယ်ဆိုရင် သတင်းတွေအမြောက်အများတွေ့ရပါတယ်။ ဒီသတင်းအများစုမှာ ကမ္ဘာကိုဝင်တိုက်မယ်ဆိုတဲ့ အကြောင်းအရာမပါဝင်တာတွေ့ရပါတယ်။ ၃။ စွယ်စုံသတင်းထူးများမှာ […]

Continue Reading

ဒေါက်တာမျိုးညွန့်ကို တာဝန်ရပ်စဲမှု အာဏာရှင်ဆန်တဲ့လုပ်ရပ်လို့ ဝေဖန်ဆိုတဲ့သတင်းမှား

ဒေါက်တာမျိုးညွန့်ကို တာဝန်ရပ်စဲမှု အာဏာရှင်ဆန်တဲ့လုပ်ရပ်လို့ ဝေဖန်ဆိုတဲ့သတင်းကို လူမှုကွန်ယက်မှာ Forward Media Group ဆိုတဲ့စာမျက်နှာက မျှဝေလာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးမှာ ပါတီ ဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကို အကြောင်းပြချက်တစ်စုံတစ်ရာ မထောက်ပြပဲတာဝန်များမှ ရပ်စဲစေလိုက်တဲ့ လုပ်ရပ်ဟာ ပါတီတွင်းမှာ အာဏာရှင်ဆန်ဆန် ဖြုတ်ထုတ်သတ် လုပ်နေတဲ့ လုပ်ရပ်ဖြစ်ပြီး ပါတီအပေါ်အထင်အမြင်လွဲမှား တာတွေဖြစ်လာနိုင်တယ်လို့  ပါတီဗဟိုသတင်းထုတ်ပြန်ရေး ကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ထုတ်ဖော်ပြောဆိုတယ်ဆိုပြီး မုံရွာအောင်ရှင်ဓာတ်ပုံနဲ့တကွဖော်ပြပါတယ်။ အချက်အလက်စိစစ်ချက် ၁။ ဒေါက်တာမျိုးညွှန်က ဒီသတင်းမဟုတ်ဘူးလို့ Fact Crescendo က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ ပြောပါတယ်။ မုံရွာအောင်ရှင်ကလည်း ဒီလို ဘယ်မီဒီယာမှ မပြောကြောင်း ပြောပါတယ်။  ၂။ Google မှာ “မုံရွာအောင်ရှင်”ဆိုတဲ့စကားလုံးကို သုံးပြီး ရှာကြည့်ရင် မတ်လထဲမှာ […]

Continue Reading

ဒဂုံစင်တာ၂ ရှေ့မှာ ဝူဟန်ဗိုင်းရပ်စ်ကူစက်ခံရလို့ယူဆရသူသတိလစ်နေဆိုတဲ့ သတင်းမှား

ဒဂုံစင်တာ၂ ရှေ့မှာ ဝူဟန်ဗိုင်းရပ်စ်ကူစက်ခံရလို့ယူဆရသူသတိလစ်နေဆိုတဲ့ E.T.S Every Time Story  ရဲ့ ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ FB link Archieve link အခြားသော လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၁။ ဒဂုံစင်တာ ၂ရှေ့မှာ ဝူဟန်ဗိုင်းရပ်စ် လက္ခာနဲ့ လူတစ်ဥ◌ီး သတိလစ်နေဆိုပြီး နှာခေါင်းပိုက်တပ်ထားတဲ့ လူတစ်ယောက်နဲ့ လူနာတင်ယာဥ◌်ကို ပြထားပေမဲ့ တကယ်တမ်း လင့်ခ်ကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ စစ်ကိုင်းမှာ သံသယရှိလူနာတွေ့ရှိဆိုတဲ့ သတင်းဖြစ်နေပါတယ်။ ၂။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၄ ရက်နေ့အထိ Covid-19 နဲ့ပတ်သက်တဲ့သတင်းထုတ်ပြန်ချက်မှာ ဒီဖြစ်စဥ်ကို မတွေ့ရှိရပါဘူး။ ၃။ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ်လ ၄ ရက်နေ့အထိထုတ်ပြန်တဲ့ နိုင်ငံအလိုက်ကူးစက်ခံရမှုစာရင်းတွေအရလည်း မြန်မာနိုင်ငံမှာ Covide-19 ဖြစ်ပွားမှုစာရင်းမရှိသေးပါဘူး။ ၃။ ဒဂုံစင်တာကတော့ […]

Continue Reading