Fact Check: စစ်ခေါင်းဆောင်ကို NATO အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သတင်းတု

စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့(NATO) က ဖမ်းဆီးခေါ်ဆောင်သွားပြီလို့ဆိုတဲ့  ဗွီဒီယိုယူကျူ့ချန်နယ်တခုက ဒီဇင်ဘာ ၁၄ ရက်က ဖြန့်ချိထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ကခုန်ကြဟေ့ အောင်ပွဲခံလို့ရပြီ အကြမ်းဖက်ခေါင်းဆောင် ကြင်စိုးမအလ NATO အဖွဲ့ဒီနေ့ပဲ ဖမ်းခေါ်သွားကြပြီဟေ့ ခေတ်သစ်တရားဝင်အတည်ပြုကြေညာပြီ” မူရင်းလင်ခ့် – Yotube link | Archive link အချက်အလက်စိစစ်ချက် အခုလို ဖြန့်ဝေ ထားတဲ့ ယူကျူ့ချန်နယ် The Burmese’s on Air ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု သို့မဟုတ် သတင်းခေါင်းလွဲတွေတပ်ကာ ပြန်လည်ဖြန့်ချိနေ ခြင်းဖြစ်တာတွေ့ ရပါတယ်။ အခု ဗွီဒီယိုအစမှာပြသတဲ့ Thumbnail ဓာတ်ပုံမှာ […]

Continue Reading

Fact Check: NUG ကိုစစ်ရေးကူညီဖို့ နေတိုးမဟာမိတ်အုပ်စုလက်မှတ်ထိုးလိုက်ပြီဆိုတဲ့ သတင်းတု

NUG ကိုစစ်ရေးကူညီဖို့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့(NATO)လက်မှတ်ထိုးလိုက်ပြီလို့ရေးသားထား တဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ ဉရောပပါလီမန်က စစ်တပ်ကို ပိုမိုအရေးယူဖို့ဆုံးဖြတ်ချက်အကြောင်းသာဖြစ်ပြီး နေတိုးစစ်စာချုပ်အဖွဲ့နဲ့သက်ဆိုင်ခြင်းမရှိပါဘူး။ “NUG ကိုစစ်ရေးကူညီဖို့ နေတိုးမဟာမိတ်အုပ်စုလက်မှတ်ထိုးလိုက်ပြီ”လို့ ရေးသားပြီး “Meal Breeze” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုတစ်ခုကိုအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုကို Youtube ရဲ့ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “Meal Breeze” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့သတင်းဌာနတွေမှာဖော်ပြပြီး အကြောင်းအရာတွေကို ဗွီဒီယိုပုံစံပြောင်းပြီး ပြန်လည်ကူးယူးဖော်ပြနေတဲ့ စာမျက်နှာတစ်ခုဖြစ်တာ တွေ့ရပါတယ်။ ဒီလိုမျှဝေရာမှာ အကြောင်းအရာဟာ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာကြောင့် လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိဖို့အတွက် ခေါင်းစဉ်အတုခေါင်းစဉ်အမှားတွေပေးပြီး ဗွီဒီယိုကိုဖြန့်ချိပါတယ်။ ၄ မိနစ်ကျော် ရှည်လျားတဲ့ အခုဗွီဒီယိုဖိုင်ကိုဖြန့်ဝေရာမှာ […]

Continue Reading