Fact Check: NDAA ကို ဂျိုးဘိုင်ဒန်လက်မှတ်ထိုးပြီးတဲ့အတွက် ဟောင်ဇာလက်နက်ကြီး တွေ NUG လက်ခံရရှိဆိုတဲ့ သတင်းမှား

အမေရိကန်က အမျိုးသားလုံခြုံရေးဉပဒေကို ဂျိုးဘိုင်ဒန်က အတည်ပြုလိုက်ပြီးနောက် အမေရိကန်ဆီက မြေပြင်ပစ် ဟောင်ဇာ(Howitzer)အမြောက်ကြီးတွေကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က လက်ခံ ရရှိခဲ့တယ်ဆိုပြီး တော့ဖြန့်ဝေထားတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ သတင်းမှားတစ်ခု သာဖြစ်ပါတယ်။ “NDAA သမ္မတ ဘိုင်ဒန်လက်မှတ်ရေးထိုးပြီးနောက် NUG လက်နက်ကြီးတွေ လက်ခံနေပြီ”လို့ရေးသားပြီး “Tsx mar 07”ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုစာသားထဲမှာလည်း ၁၇ ရက်နေ့က ဒီလိုလက်မှတ်ရေးထိုးပြီးနောက် လက်နက်အကူအညီရရှိခဲ့တာလို့ဖော်ပြပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ တော်လှန်ရေးကိုထောက်ခံတဲ့ ဘုန်းကြီးတစ်ပါးရဲ့ အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) အပေါ် အတွေးအမြင်ကို ဆွေးနွေးနေခြင်းသာဖြစ်ပါတယ်။ ဒီဆွေးနွေးမှုမှာလည်း လက်နက်တွေထောက်ပံ့နေပြီ၊ လက်ခံရရှိပြီဆိုတဲ့ ပြောဆိုချက်မပါပါဘူး။ အမေရိကန်ရဲ့ အမျိုးသားကာကွယ်ရေး […]

Continue Reading