လွန်ခဲ့တဲ့ ၆ လက နာမကျန်းဖြစ်နေသော ကလေးပုံကို ကိုရိုနာဗိုင်းရပ်စ် ကူစက်ခံနေရတဲ့ ကလေးအဖြစ်ပြန်လည်ဖော်ပြနေတဲ့ သတင်းမှား
ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝှမ်းမှာ ပျံ့နှံ့ကူးစက်လာချိန်မှာ ကူးစက်မှုမြန်တဲ့ ဗိုင်းရပ်စ်ပိုးဟာ လူတွေကို စိုးရိမ်ပူပန်မှုတွေကို ဖြစ်စေခဲ့ပါတယ်။ ဒီလို လူတွေ စိုးရိမ်ပူပန်ကြောင့် ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို ရှာဖွေနေချိန်မှာ သတင်းအမှားတွေကလည်း လူမှုကွန်ယက်မှာ ကြီးစိုးလာနေပါတယ်။ အသက်ရှုပိုက်တွေ တပ်ထားရပြီး အသက်ရှုကျပ်နေဟန်တူသော နာမကျန်းဖြစ်နေတဲ့ ကလေးပုံနဲ့ ဗွီဒီယိုကို လူမှုကွန်ယက်မှာပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။ “သနားလိုက်တာ ကလေးလေးရယ်ကိုရိုနာဗိုင်းရပ်စ် ကူစက်ခံနေရတဲ့ ကလေးနဲ့ လူကြီးတွေပါ စိတ်ခိုင်မှကြည့်ပါ”ဆိုပြီးတော့ “Khin Zin Htay” အမည်နဲ့ ဖေ့စ်ဘွတ်အကောင့်က မျှဝေထားပါတယ်။ Fb link Fb link Archive link Archive link အခြားအကောင့်တစ်ခုဖြစ်တဲ့ “Joe Lay” က ဒီလိုပဲပြောပြီးမျှဝေထားပါတယ်။ Fb link Fb link […]
Continue Reading