Fact Check: နန်းယွန်းမှာ NLD ပါတီက နာဂလက်နက်ကိုင်အဖွဲ့နဲ့ပေါင်းပြီး ခြိမ်းခြောက် မဲထည့်ခိုင်းလို့ မဲနိုင်တယ်လို့ သတင်းမှား

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့မှာ နန်းယွန်းမှာ NLD ပါတီက နာဂ လက်နက်ကိုင်အဖွဲ့နဲ့ပေါင်းပြီး ဒေသခံတွေကို ခြိမ်းခြောက်မဲထည့်ခိုင်းတယ်လို့ ရေးသားထားတဲ့ပို့စ်တစ်ခုကို ၃ ရက်အတွင်း လူမှုကွန်ယက် အသုံးပြုသူ ၂၅၀၀ ကျော်က ပြန်လည်မျှဝေထားပါတယ်။ ဒီဇင်ဘာ ၆ ရက်က Ye Myo Sitt အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့မှာ NLD ပါတီက လူထုကိုခြိမ်းခြောက်ပြီး မဲထည့်ခိုင်းဖို့အတွက် နာဂ လက်နက်ကိုင်အဖွဲ့ကို ငွေပေးခဲ့တယ်လို့ ရေးသားထားတာဖြစ်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဉက္ကဌလည်းပါဝင်ပြီး ဒီသတင်းကို ရဲတပ်ဖွဲ့စုံစမ်းနေ တယ်လို့ ရေးသား မျှဝေထားတာဖြစ်ပါတယ်။   ပို့စ်ပါအကြောင်းအရာဟာ သတင်းတုသတင်းမှားဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။  နာဂဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်း၊ အမျိုးသားဒီမိုရေးစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွှန့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဉက္ကဌ […]

Continue Reading

Fact Check: NLDပါတီက အစိုးရအဖွဲ့အသစ်ကို တံခါးပိတ်ဖွဲ့စည်းလိုက်တယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားဒ္မိုကရေးစီအဖွဲ့ချုပ် NLDပါတီအနေနဲ့ နိုဝင်ဘာ ၈ရက်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တယ်ဆိုပေမဲ့ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ အငြင်းပွားတာတွေ မပြီးပျက်သေးချိန်မှာ NLDပါတီက တံခါးပိတ်(လျိ့ဝှက်)ဖွဲ့စည်းလိုက်တယ်ဆိုတဲ့ ရေးသားချက်မှုတွေကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ မျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “မဲကိစ္စနဲ့ ဒီလောက်ရှုတ်ထွေးနေချိန်မှာ အစိုးရအဖွဲ့ကို တံခါးပိတ်ဖွဲ့စည်းလိုက်တဲ့ nld ပါတီရဲ့ ခြေလှမ်း – ဒါဟာ နိုင်ငံရေးပါတီတွေကို စိန်ခေါ်လိုက်တဲ့ အနေထားတစ်ခုလား ၊ UEC ကို ပြန်ကယ်ဖို့လား ၊ ဒါမှမဟုတ် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ သဘောဆောင်​လိုက်​တာလား – ?စိန်ခေါ်မှု တစ်ခုလို့မြင်ရမယ်ဆိုရင်တော့… မြန်မာပြည်ကြီးကျန်းမာပါစေလို့ ဆုတောင်းပါတယ် -“လို့ “သူရိယ”ဆိုတဲ့ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတစ်ဦးက ဒီဇင်ဘာ ၆ ရက်နေ့က စတင်ရေးသားခဲ့တာတွေ့ရပြီး ဒီပို့စ်ကို တစ်ရက်အတွင်းမှာပဲ ဖေ့စ်ဘွတ်ခ်သုံးစွဲသူပေါင်း ခုနစ်ရာ့ ခုနစ်ဆယ်ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ […]

Continue Reading

Fact Check: မဲစိစစ်တာနဲ့ပတ်သက်ပြီး တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည်က တောင်းပန်တယ်ဆိုတဲ့ သတင်းအမှား

မဲလိမ်တာတွေရှိတာကြောင့် တပ်မတော်အနေနဲ့ ခွင့်လွှတ်ပေးဖို့ တပ်မတော်မဲစိစစ်ရေးကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည်ကတောင်းပန်းလိုက်ပြီး တပ်မတော်ဘက်ကလည်း ဥပဒေဘောင်အတွင်းကပဲ စကားပြောမယ်လို့ တုန့်ပြန်လိုက်တယ်ဆိုတဲ့ ပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ “မေမေနိုင်ပြီလို့ အောင်ပွဲခံနေတဲ့ ဆရာများ သို့”လို့ ခေါင်းစဉ်တပ်ထားပြီး “ဒီနေ့ ဘာတွေထူးသွားလဲဆိုတာ- လူငယ်တွေရဲ့ ပါတီအပေါ် စေတနာနဲ့ မှားခဲ့တဲ့မဲ လိမ်လည်မှုတွေရှိခဲ့ပါတယ် ဒါကို တပ်မတော်အနေနဲ့ ခွင့်လွှတ်ပေးပါရန် တပ်မတော် မဲစီစစ်ရေးကော်မရှင်အား တောင်းဆိုလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ တောင်းပန်စကား -တပ်မတော်ကလဲ လုပ်စရာရှိတာကို ဥပဒေဘောင်အတွင်းကပဲ စကားပြောပါ့မယ်လို့ တုန့်ပြန်ပြောဆိုလိုက်တဲ့ မဲစီစစ်ရေးကော်မရှင်ရဲ့ တိကျတဲ့စကား -မဲရုံစောင့် ဆရာမတွေကို စစ်ဆေးရေးလုပ်ငန်းများ စတင်ဆောင်ရွက်ရာမှာ မဲစာရွက်အတုတွေကို ပြည်သူကိုပေးပြီး အစစ်တွေကို သူတို့ကိုယ်တိုင် nld ကိုမဲပေးခဲ့ကြောင်း ၊ ပြည်သူတွေရဲ့ မဲပုံးကို အလုံးလိုက်ချိန်းပြီး ကော်မရှင်ရုံးသို့ […]

Continue Reading

Fact Check: ရွေးကောက်ပွဲမှာ NLD နိုင်ရဖို့ မဲရုံမှုးတွေ ဉပဒေတွေချိုး ဖောက်ပြီး ဘက်လိုက်ခဲ့ကြောင်း UEC အဖွဲ့ဝင် ဦးမြင့်နိုင်ဝန်ခံတယ်လို့ သတင်းတုဖြန့်

ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနိုင်ရဖို့အတွက်မဲရုံမှုးတွေက ဉပဒေချိုးဖောက် ဘက်လိုက်ဆောင်ရွက်ခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အဖွဲ့ဝင် ဦးမြင့်နိုင်ကဝန်ခံလိုက် တယ်ဆိုပြီး တော့ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကိုလူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းဝန်းကျင်က ပြန်လည်မျှဝေထားပါတယ်။  ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ UEC အဖွဲ့ဝင် ဦးမြင့်နိုင်ဓာတ်ပုံနှင့်အတူ NLD ပါတီကို အနိုင်ရစေလိုတဲ့ အတွက် မဲရုံမှူးတွေက တစ်ယောက်ထဲကနေ မဲနှစ်ကြိမ်ပေးခိုင်းတာ၊ မှတ်ပုံတင်မရှိသူ၊ သေဆုံးပြီးသူများကို မဲပေးခိုင်းတာ၊ အသက် (၁၈) နှစ်မပြည့်သေးသူကို မဲပေးခိုင်းတာ၊ NLD ပါတီကိုမဲပေးရင် ပယ်မဲဖြစ်သည့်တိုင် ပယ်မဲမလုပ်တာ၊ မဲရုံပိတ်ချိန် နောက်ပိုင်း မဲများပေးခိုင်းတာတွေ လုပ်ဆောင်ပေးခဲ့တာမှန်ကန်ကြောင်း UEC တွင်း/မှူး ဦးမြင့်နိုင်မှ ဝန်ခံ ပြောကြားလိုက်တယ်လို့ ရေးသားမျှဝေထားခြင်းဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကိုအောက်ပါအတိုင်းတွေ့ ရ ပါတယ်။ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း အလားတူ […]

Continue Reading

Fact Check: မဲခိုးခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင် ဝန်ခံလို့ သတင်းမှားဖြန့်

အောက်ခြေမဲရုံတွေမှာ မဲခိုးခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင်ဝန်ခံလိုက်တယ်လို့ရေးသားမျှဝေလျက်ရှိရာမှာ လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းဝန်းကျင်ကပြန်လည်မျှဝေထားပါတယ်။  ပျံ့နှံခဲ့တဲ့ ပို့စ်တွေမှာ အောက်ခြေမဲရုံတွေမှာ မဲခိုးခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင်ဝန်ခံလိုက်ပြီး ဒီလိုမဲခိုး တာဟာ NLD ပါတီဝန်းရံသူများက ပါတီကို နိုင်လိုဇောနဲ့ ခိုးပေးခဲ့ခြင်းဖြစ်တယ်လို့ပြောကြားကြောင်း ရေးသား မျှဝေနေတာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်တွေကိုအောက်ပါအတိုင်းတွေ့ရ ပါတယ်။  “ဝန်မခံလို့မရတော့ဘူးလေ ပညာရေးဌာနက သင်ကြားရေးဝန်ထမ်းတွေ မဲမသမာမှူ့ပြုခဲ့တာမှန်ကန်ကြောင်း UEC ကဝန်ခံခဲ့တယ် ပြည်ခိုင်ဖြိုးပါတီကလည်း (26-11- 2020)ရက်နေ့မှာ သက်သေအထောက်ထားခိုင်လုံစွာနဲ့ကမ္ဘာသိချပြပြီးပြီ အထို့အတူပါဘဲ့ တပ်မတော်ကလည်း (27-11-2020)ရက်နေ့မှာ သက်ဆိုင်ရာမဲရုံအလိုက်စစ်ဆေးနေပြီ ပြောသင့် ပြောထိုက်တဲ့အချိန် ပြောမယ်လို့ ချပြပြီ ဒါကြောင့်မို့ထင်တယ် ကြိုကာထားဟန်ရှိပါတယ် အစိုးရလည်း UEC သည်သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် အစိုးရနှင့်မဆိုင် လွဲချပြီ UEC ကလည်း အောက်ခြေကပြဿနာ ကျွန်တော်တို့နဲ့မဆိုင်ဟု အောက်ခြေကိုဘဲ လွဲချပြီ […]

Continue Reading

Fact Check: NLDပါတီရဲ့ချောင်းဆုံအမတ် ပညာအရည်ချင်းက တတိယတန်းပဲရှိတယ်လို့ သတင်းအမှားဖြန့်

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ရက်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေအဖွဲ့ချုပ် NLDပါတီကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့တဲ့ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိချိုသဲဟာ ပညာအရည်ချင်းလိမ်လည်တင်ပြခဲ့ကာ တကယ်က တတိယတန်းထိသာ တက်ရောက်ခဲ့ဖူးတာ ဖြစ်တယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားနေကြတာတွေ့ရပါတယ်။ ဒီလိုရေးသားနေတဲ့ပို့စ်တွေမှာ “အရွေးချယ်ခံ ချောင်းဆုံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ် ပညာအရည်အချင်းလိမ်လည်ထား”လို့ခေါင်းစဉ်တပ်ထားပြီး “၂၀၂၀ ရွေးကောက်ပွဲမှာ အရွေးချယ်ခံထားရတဲ့ ချောင်းဆုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိချိုသဲဟာ ပညာအရည်အချင်းလိမ်လည်ထားတယ်လို့ Aye Chan Moe ဆိုတဲ့အကောင့်ကနေ ထောက်ပြထားသလို ထောက်ပြသူတွေသူတွေထွက်ပေါ်လာပါတယ်။ ဒေါ်မိချိုသဲရဲ့ ပညာအရည်အချင်းဟာ ၃ တန်းသာနေရပြီး ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေူရွာမှာ ၂ လုံးထီ သုံးလုံးထီရောင်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်တွင် အိမ်ဖော်လုပ်ခဲ့ပြီး ကာဒရိုင်ဘာနဲ့ အိမ်ထောင်ကျခဲ့ကြောင်း၊ ၎င်းယောက်ကျား ရောဂါတစ်ခုနဲ့ ဆုံးပါးပြီး ကွမ်ရိုက်ကျေးရွာမှာ လာပြန်နေကြောင်း ထောက်ပြပြောဆိုထားသည်။…..”လို့ […]

Continue Reading

Fact Check: ပြည်ခိုင်ဖြိုးအပါအဝင် ၁၆ ပါတီထုတ်ပြန်ချက်ဘာမှားနေသလဲ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီ(USDP)ပါတီအပါအဝင် ၁၆ ပါတီက ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပူးတွဲ ထုတ်ပြန်ချက်တစ်စောင် နိုဝင်ဘာ ၁၁ ထုတ်ပြန်ခဲ့ရာမှာ အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်(NLD)ပါတီကို အမေရိကန်က ဒေါ်လာသန်း ၉၅၀ ထောက်ပံ့ခဲ့ တယ်လို့ရေးသားခဲ့တာ တွေ့ရပါ တယ်။  နိုဝင်ဘာလ(၁၁)ရက်က USDP အပါအဝင် ပါတီ ၁၆ ခု ထုတ်ပြန်ချက်မှာပါတဲ့ အပိုဒ် ၁၂ အနက် အပိုဒ် ၇ မှာ အမေရိကန်က ကြားဖြတ်ရွေးကောက်ပွဲကနေစပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဒေါ်လာ သန်း ၉၅၀ ထောက်ပံ့ခဲ့တယ်လို့ ၂၀၁၉ ခုနှစ် ဧပြီ ၁၀ ရက်နေ့က အမေရိကန်သံအမတ်ကြီး စကော့မာစီရာက ပြောခဲ့တယ်လို့ ရေးသားထားပါတယ်။  ဒီထုတ်ပြန်ချက်ထုတ်ပြန်အပြီးမှာ လူမှုကွန်ယက် ပို့စ်အများစုမှာ “အမေရိကန်သံအမတ်ကိုယ်တိုင် […]

Continue Reading

Fact Check: ပဲခူးမှာ NLD ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်ကို နိုဝင်ဘာ ၇ ရက်အထိ မဖြုတ်ဘူးလို့ သတင်းမှားဖြန့်

ရွေးကောက်ပွဲကော်မရှင်က  နိုဝင်ဘာ ၆ ရက်နေ့ ည ၁၂နာရီ နောက်ဆုံးထားပြီး ဖြုတ်ရမယ်လို့ အမိန့်ထုတ်ထား ပေမဲ့ ပဲခူးမြို့မှာ  ၇ ရက် နေ့  ည နေ ၆နာရီအထိ အမျိုးသားဒီမိုကရ စီအဖွဲ့ချုပ်ပါတီ (NLD)ကရွေးကောက်ပွဲ အောင်နိုင်ရေးဆိုင်းဘုတ် မဖြုတ်ခဲ့ဘူးလို့  ရေးသားပြီး လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “ရွေးကော်က ၆ ရက်နေ့ ည ၁၂နာရီ နောက်ဆုံးထားပြီး ဖြုတ်ရမယ် လို့ အမိန့်ထုတ်ထား တယ်။ မလိုက်နာတဲ့ပါတီ ကို ကြည့် လိုက်။ ၇ ရက် နေ့  ည နေ ၆နာရီအထိ  nld မဖြုတ်သေးပါ။ ပဲခူး မြို့”(မူရင်းရေးသားချက်အတိုင်း)လို့ရေးသားပြီး ဒေါ်အောင်အောင်ဆန်းစုကြည်ပုံပါဝင်တဲ့ ဓာတ်ပုံ ၂ ပုံနဲ့အတူ […]

Continue Reading

Fact Check: ထရမ့် NLD တံဆိပ်ဦးထုပ်ဆောင်းပြီး မဲပေးပို့တိုက်တွန်း ခဲ့သလား-မဟုတ်ပါ

အမေရိကန်သမ္မတထရမ့် NLD စာသားနဲ့ ဦးထုပ်ဆောင်းထားတဲ့ပို့စ်ကို လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “အနိုင်ရရှိသွားတဲ့ Trump က မြန်မာပြည်သူပြည်သားတွေအားလုံး NLDကိုမဲပေးကြပါတဲ့” လို့လည်း ရေးထားပြီး ထရမ့်ဟာ “NLD”လို့ရေးသားထားတဲ့ အဖြူရောင်စာသားပါ အနီရောင်ဉီးထုပ် ကိုလည်း ဆောင်းပြီး လက်မထောင်နေပုံလည်း ပါဝင်ပါတယ်။ ထရမ့်ဆောင်းထားတဲ့ အနီရောင်ဉီးထုပ်မှာ “NLD”လို့ ရေးသားထားတဲ့ စကားလုံးဟာ မူရင်းဓာတ်ပုံကို ပြုပြင် တည်းဖြတ်ထားတာတွေ့ရပြီး ထရမ့်   NLD ကိုမဲပေးပါလို့ပြောခဲ့တဲ့အထောက်အထား Fact Crescendo Myanmar အနေနဲ့မတွေ့ရှိရပါတယ်။  မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ပထမဆုံး အမေရိကန်သမ္မတထရမ့်ရဲ့ ဓာတ်ပုံကိုရှာကြည့်ရာမှာ ဒီဓာတ်ပုံကို သတင်းဓာတ်ပုံတင်တဲ့ Getty Images […]

Continue Reading

Fact Check: အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာ မြန်မာနိုင်ငံ အဆင်းရဲဆုံးလား

အရှေ့တောင်အာရှ ၁၁ နိုင်ငံတွင် မြန်မာနိုင်ငံက အဆင်းရဲဆုံးဆိုပြီး ဓာတ်ပုံပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပို့စ်မှာ “ကမ္ဘာ့ဘဏ်၏နောက်ဆုံးထုတ်ပြန်သော ဆင်းရဲချမ်းသာစာရင်းအရ အရှေ့ တောင် အာရှ ၁၁ နိုင်ငံတွင်  အဆင်းရဲ့ဆုံးနိုင်ငံအဖြစ် မြန်မာအဆင့် တစ်ချိတ်”လို့ ရေးသား မျှဝေနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံ ၁၀ နိုင်ငံမှာ လူတစ်ဦးချင်း ဝင်ငွေအနည်းဆုံးနိုင်ငံဖြစ်ပေမဲ့ အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာပါဝင်တဲ့ တီမောနိုင်ငံထက် ဝင်ငွေမြင့်တာတွေ့ကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။  “(၅)နှစ်တောင်မပြည့်ခင် ဒီဘဝရောက်ခဲ့ပြီ ထပ်ပြီးအားကိုးချင်သေးလား” လို့ရေးသားပြီး အငြိမ်းစား ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က “Ohn Myint” အမည်နဲ့ဖေ့စ်ဘွတ်အကောင့်မှာ အောက်ပါအတိုင်း မျှဝေထားပါတယ်။ ဒီနေရာ၊  ဒီနေရာ နဲ့ ဒီနေရာမှာလည်း အလားတူမျှဝေထားပါတယ်။  မူရင်းလင်ခ့် […]

Continue Reading