Fact Check: NLDအမတ်လောင်းတွေထဲ မွတ်ဆလင်အမတ်လောင်း ၆၃ဦးပါဝင်တယ်ဆိုတဲ့ သတင်းအမှား

အခု ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် NLDပါတီကနေ ဝင်ရောက်အရွေးခံမဲ့ ကိုယ်စာလှယ်လောင်းတွေထဲမှာ မွတ်ဆလင်ဘာသာကိုးကွယ်တဲ့အမတ်လောင်း ၆၃ဦးပါဝင်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “ရန်ကုန်တိုင်းမှ မွတ်အမတ် ၁၂ဦး၊ စစ်ကိုင်းတိုင်းမှ မွတ်အမတ် ၉ ဦး၊ ဧရာဝတီတိုင်း ၈ ဦး၊ မကွေးတိုင်း ၈ ဦး၊ ရခိုင်ပြည်နယ်မှ ၇ ဦး၊ မွန်ပြည်နယ် ၆ ဦး၊ ပဲခူးတိုင်းမှ ၆ ဦး၊ မန္တလေးတိုင်း ၅ဦး၊ ကရင်ပြည်နယ် ၂ဦး စုစုပေါင်း ၆၃ဦး”ဆိုတာကို Screen Shotရိုက်ထားတဲ့ ပုံနဲ့အတူ NLDပါတီကို ဘာသာရေးအရ တိုက်ခိုက်တဲ့အရေးအသားနဲ့ ပို့စ်တင်ထားတာကို တွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ မူရင်းလင်ခ့် –FB Link  |  Archive […]

Continue Reading

Fact Check: Project K ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ပြောတယ်ဆိုတဲ့ သတင်းတု

ရွှေတိဂုံစေတီပုံစံနောက်ခံဆလိုက်မီးနဲ့ ကကွက်တင်ဆက်မှုမှာ ဘုရားပုံရိပ်ကို ခြေထောက်နဲ့နင်းတယ်ဆိုပြီးတော့ ဝေဖန်ခံနေရပါတယ်။ ဒီလို အခြေအနေမှာ ဘုရားပုံရိပ်ကို ခြေနဲ့နင်းတဲ့ကိစ္စဟာ တီထွင်ဆန်းသစ်မှုပဲဖြစ်ပြီး တကယ်ဘုရားကို နင်းတာမျိုး မဟုတ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုပြီး ပို့စ်တွေ ပျံ့နှံလျက်ရှိပါတယ်။ ဒီပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ Project K အဖွဲ့တွေ့ဆုံနေပုံ အပါအဝင် ဓာတ်ပုံ သုံးပုံနဲ့ အတူမျှဝေထားတာ ဖြစ်ပါတယ်။ သို့သော်လည်း မျှဝေလျက်ရှိတဲ့ပို့စ်မှာပါတဲ့ ဓာတ်ပုံတွေဟာ ဒီဖြစ်စဉ်နှင့်သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံဟောင်း တွေဖြစ်တာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်က Project K ဘက်က ကာကွယ်ပြောဆိုခဲ့တယ်ဆိုတဲ့ အထောက်အထားမတွေ့ရှိရပါဘူး။ “ပန်းချီကားလိုပုံဖော်ထားတာကို နင်းပြီးက တာ တကယ့်ဘုရားကိုနင်းတာမဟုပ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော”လို့ခေါင်းစဉ်တပ်ထားတဲ့ပို့စ်ကို “သိမ့်သိမ့် စိုး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၇ ရာ‌ကျော်ရှိခဲ့ပါတယ်။ ဒီနေရာနဲ့ […]

Continue Reading

Fact Check: ကင်ညာနိုင်ငံ NLD ထောက်ခံသူများမဲဆွယ်လှုပ်ရှားမှုကို ဂမ်ဘီယာနိုင်ငံကထောက်ခံမှုအဖြစ်ဖော်ပြနေ

အာဖရိကန်လူမျိုးတစ်ချို့ NLD အင်္ကျီဝတ်ဆင်ပြီး ဓာတ်ပုံရိုက်နေပုံနဲ့ ဗွီဒီယိုကို ဂမ်ဘီယာနိုင်ငံသူတွေက ထောက်ခံမှု အဖြစ်ဖော်ပြလျက်ရှိတဲ့ ပို့စ်ကို လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲပြီး ပြည်သူတွေက NLD ဒီကိုထောက်ခံပြနေတာဟာ NLD နဲ့ ပြည်ပနိုင်ငံတွေရဲ့ ကြိုတင်ကြံစည်မှုကိုဖော်ပြနေတယ်ဆိုပြီးတော့ ရေးသားမျှဝေနေကြတာဖြစ်ပါတယ်။ သို့သော်လည်း ဓာတ်ပုံပို့စ်ထဲမှာပါတဲ့ NLD အင်္ကျီဝတ် အာဖရိကန်လူမျိုးတွေဟာ ကင်ညာနိုင်ငံကဖြစ်ပြီး ဂမ်ဘီယာနိုင်ငံက မဟုတ်တာတွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားအမျိုးမျိုးနဲ့ ဓာတ်ပုံပို့စ်ကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာနဲ့ ဒီနေရာတွေမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံတွေကို အခြားအချက်အလက်စိစစ်တဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ Boom၊ AFP စတဲ့အချက်အလက်စိစစ်တဲ့ အဖွဲ့အစည်းတွေကလည်း ဂမ်ဘီယာနဲ့သက်ဆိုင်ခြင်းမရှိကြောင်းစိစစ်ထားပြီးဖြစ်ပါတယ်။ Google မှာပုံရှာနည်း၊ […]

Continue Reading

Fact Check: ရေနံချောင်း NLD အမတ်လောင်းကို တိုက်ခိုက်တဲ့ အချက်အလက်မှား ဖြန့်ဝေ

အင်းစိန်ရွာမဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ စာသင် ရဟန်းနဲ့ သင်္ဃာ ၇၅ မှာ COVID-19 ကူးစက်ခံရတဲ့ သတင်းနောက်ဆက်တွဲရေးသားပြောဆိုချက်တွေ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ဒီလိုအခြေအနေမှာ ရေနံချောင်းမဲဆန္ဒနယ်မှာ NLD ပါတီက ဝင်ပြိုင်မယ့် အမတ်လောင်း ဉီးခင်မောင်လင်းက အင်းစိန်ရွာမကျောင်း ပိုးတွေ့ရှိမှုအပေါ် မှတ်ချက်ရေးသားခဲ့တဲ့ ပို့စ်တစ်ခုအဖြစ် လူမှုကွန်ယက် အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ “ခင် စစ်သွေး နိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ဝန်ကြီးလုပ်မယ့် nld လွှတ်တော်အမတ်လောင်း ရေးတဲ့မန့်ကိုကြည့် ခင်မောင်ဝင်း ဆိုတဲ့ကောင်ကို စောက်ရမ်း ရွံတယ် “လို့ ရေးသားမျှဝေထားပါတယ်။ Fb link Archive link “ရွှေ နန်း ထက်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကလည်း အလားတူမျှဝေထားပါတယ်။ ဒီလိုချိတ်ဆက်ပြီး မျှဝေနေတဲ့ screenshot ပို့စ်တွေကို ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ရေနံချောင်းမြို့နယ် […]

Continue Reading

NLD ထက်ကောင်းတဲ့အစိုးရမရှိဘူးလို့ ဓာတ်ပုံထဲက ရဲအရာရှိက ပြောခဲ့သလား-မဟုတ်ပါ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပုံနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တံဆိပ်ပါ ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ သတင်းရဲတပ်ဖွဲ့မှ အရာရှိနှစ်ဦးကို နယ်‌ပြောင်းနဲ့ ရာထူးတိုးမြှင့်ခန့်ပယ်ဖျက်နဲ့ ရဲတပ်ဖွဲ့က မကြာသေးခင်က အရေးယူခဲ့ တာတွေ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရဲအရာရှိတစ်ဦးက ဓာတ်ပုံမှာ “NLD ထက်ကောင်းတဲ့အစိုးရမရှိဘူး။စဉ်းစားမနေနဲ့”လို့ ရေးသားမျှဝေထားတယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ “ဝန်ထမ်းအားလုံး မကြောက်ကြပါနဲ့ ဘယ်ပါတီကိုဘဲထောက်ခံထောက်ခံ သတ္တိရှိကြပါ အလုပ်ဖြုတ်မရပါဘူး အာဏာနဲ့ ကြက်ဆူစိုက်ခိုင်းတဲ့ခေတ် ကုန်ခဲ့ပါပြီ ဒါတောင် ပြည်ထဲရေးက အစိုးရ လက်အောက်မရောက်သေးလို့ ရောက်လာရင်အားလုံး တရားကိုနတ်စောင့်လိမ့်မယ်” ဆိုပြီးတော့ “‎ကိုဇော် နိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ “သတင်းထူး သတင်းဦး သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ အောက်ပါ အတိုင်းမျှဝေထားပါတယ်။ Fb link Archive link အလားတူ ပို့စ်မျိုးကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ […]

Continue Reading

မော်တော်ယာဉ်နဲ့ဆိုက်ကားမှာ သာသနာ့အလံထောင်တာတွေကိုအရေးယူဖို့ မုံရွာ အောင်ရှင် ပြောတယ်ဆိုတဲ့ သတင်းတု

မော်တော်ယာဉ်နဲ့ဆိုက်ကားမှာ သာသနာ့အလံထောင်တာတွေ အရေးယူဖို့ တိုက်တွန်းကြောင်း မုံရွာ အောင်ရှင် ပြောတယ်ဆို တဲ့ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ပျံ့နှံလျက်ရှိတဲ့ ပို့စ်မှာ ရန်ကုန်မြို့အပါအဝင် အခြားမြို့ရွာ ရပ်ကွက်တွေမှာ မော်တော်ယာဉ် ဆိုင်ကယ် ဆိုက်ကား အပါအဝင် အချို့အိမ်များအတွင် နိုင်ငံတော် သာသနာနေ့ အထိမ်းအမှတ်အဖြစ် သာသနာ့အလံများ စိုက်ထူခဲ့ကြ သည့်အပေါ် ကညန လက်အောက်ရှိ မော်တော်ယာဉ်များ ဆိုင်ကယ်များနှင့် စည်ပင်သာယာမှ ခွင့်ပြုချက်မယူထားတဲ့ ဆိုက်ကားများကို အရေးယူဖို့ စည်ပင်ကို ပြောမှဖြစ်မယ်လို့ ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကပြေတယ်ဆိုပြီးတော့ ရေးသားထားပါတယ်။ “ဘက်မလိုက် သတင်းဂျာနယ်” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်ပါအတိုင်း မျှဝေထားရာမှာ ၃ နာရီအတွင်း လူမှုကွန်ယက်အသုံးပြုသူ ၂၀၀ ကျော်က ပြန်လည်မျှဝေထားပါတယ်။ […]

Continue Reading

NLDကိုယ်စားလှယ်ကိုတိုင်ကြားပေမဲ့ ရွေးကောက်ပွဲနီးတာကြောင့် ပါတီပုံရိပ်ကျ ဆင်း နိုင်လို့ အရေးမယူဘူးဆိုတဲ့ သတင်းအမှား

တိုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းထားတဲ့ ငွေကျပ်သိန်း ၇၀၀ကို ကိုယ်ကျိုးအတွက်သုံးစွဲခဲ့တဲ့ NLD လွှတ်တော်အမတ်ကို NLDပါတီဝင်တွေက ပါတီဗဟိုသို့ တိုင်ကြားခဲ့ပေမဲ့ အရေးယူခြင်းမရှိဘူးဆိုတဲ့ သတင်းကို Kachin Daily Newsဆိုတဲ့ ‌ဖေ့စ်ဘွတ်စာမျက်နှာကရေးသားခဲ့ပါတယ်။ “တိုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းထားသည့် ငွေကျပ်သိန်း၇၀၀ အား ၎င်းကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည့် NLD လွှတ်တော်အမတ်အား NLDပါတီဝင်များက ပါတီဗဟိုသို့ တိုင်ကြားခဲ့သော်လည်း အရေးယူခြင်းမရှိ”နဲ့ “ရွေးကောက်ပွဲနီးမှ အရေးယူနေရပါက ပါတီပုံရိပ်ကျသွားနိုင်သည်ဟုပါတီပြောရေးဆိုခွင့်ရှိသူမှပြော”ဆိုတဲ့ ခေါင်းစဥ်နှစ်ခုနဲ့ရေးသားထားတဲ့ အဲ့ပို့စ်မှာ “တိုက်ပွဲရှောင်ပြည်သူများအတွက် လှူဒါန်းထားသည့် ငွေကျပ်သိန်း ၇၀၀ အား ၎င်းကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည်ဟုဆိုကာ NLDပါတီမှ လက်ရှိဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးအား NLD ပါတီဝင်များက ပါတီဗဟိုသို့ လက်မှတ်ရေးထိုး တိုင်ကြားခဲ့သော်လည်း ရွေးကောက်ပွဲနီးနေသည့်အတွက် NLDဗဟိုမှ အရေးယူသွားရန် မရှိကြောင်း သိရသည်”လို့ရေးသားထားပါတယ်။ FB […]

Continue Reading

NLD ပါတီဖျက်သိမ်းဖို့ ၉၉ ရာခိုင်နှုန်းသေချာဆိုတဲ့ သတင်းမှား

NLD ပါတီ ဖျက်သိမ်းဖို့ ၉၉ရာခိုင်နှုန်း သေချာသွားပြီဆိုပြီး အကြောင်းအရာဟာ သတင်းအမှား ဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ NLD ပါတီ ဖျက်သိမ်းဖို့ ၉၉ရာခိုင်နှုန်း သေချာသွားပြီ သမိုင်းမရိုင်းရအောင် ညင်သာစွာ ကိုင်တွယ်ဖို့ ဆုံးဖြတ်ထားတယ်စသည်ဖြင့်ရေးသားထားတဲ့ screenshot ပို့စ်ကို“San Lwin” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက “ဟစ်တိုင် ပေါင်းချုပ်”၊ “ဝေဖန်ကြရအောင် “စတဲ့ဖေ့စ်ဘွတ်အုပ်စုတွေမှာ မျှဝေထားတာ အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  Fb link Archive link “Soe Paing”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကလည်း အလားတူ screenshot တစ်ခုကို မျှဝေထားပါတယ်။ အချက်အလက်စိစစ်ချက် အခုလို ပျံ့နှံ့နေတဲ့ ပို့စ်နဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်ကို Fact Crescendo Myanmar က ဆက်သွယ်အတည်ပြုရာမှာ အောက်ပါအတိုင်းပြောပါတယ်။ […]

Continue Reading

ကျေးရွာမီးလင်းရေးနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားတွေ စကားများပြီး ကိုယ်စားလှယ်တွေ အရိုက်ခံရကာ ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်အမှား

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် သရက်ပင်စုကျေးရွာမီးလင်းရေးနဲ့ပတ်သက်ပြီး ဒေသခံရွာသားတွေနဲ့ လွှတ်တော်ကိုယ်စားတွေ အပြန်အလှန်စကားများရာကနေ ရွာသားတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို လိုက်ရိုက်ကြတာကြောင့် ကိုယ်စားလှယ်တွေ ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့ဘွတ်စာမျက်နှာမှာ ပြန်နှံ့ခဲ့ပါတယ်။ “အဲ့မှာဂွမ်းပြီပေါ့ မဲလိုချင်လို့ အနားနီးမှ အပေါ်ယံတွေနှမ်းဖြူးတော့”ဆိုတဲ့ ခေါင်းစဥ◌်နဲ့ “မီးလင်းရေးအတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးက အချွေအရန်တွေနဲ့လာတယ်လို့ဆိုပါတယ်၊ ပြည်သူတွေက ရွေးကောက်ပွဲနီးမှ ဘာမီးလင်းရေးလဲ၊ ကျန်တဲ့အချိန်တွေက ဘယ်ရောက်နေလဲ လို့မေးခွန်းတွေမေးရာကနေ ကိုယ်စား လှယ်တော်ကြီးရဲ့ ဒေသခံကိုယ်စာလှယ်နဲ့ စပြီးပြသနာတတ်တယ်လို့ဆိုပါတယ်၊ အဲ့ဒီမှာရွာသားတွေက ပိုက်ဆံပေးဖို့ဆိုမလာဘူး ၊ ပိုက်ဆံယူဖို့ဆိုလာတယ် ၊ ငါတို့မှာ ပြဲနေအောင်လုပ်ရတယ်ဆိုပြီး အနားရှိတဲ့ ထန်းတုန်းနဲ့ လိုက်ထုကြတာ ကိုယ်စားလှယ်တော်ကြီးရော ကိုယ်စားလှယ်ရဲ့ ကိုယ်စားလှယ်ပါ ပြေးပေါက်တွေ မှားကုန်တယ်လို့သိရပါတယ်”ဆိုပြီး “Nay Thway” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထား အောက်ပါအတိုင်းတွေ့ရပါတယ်။ FB Link Archive […]

Continue Reading

တောင်ကိုရီးယားမှာ ကြိုတင်မဲရလာဒ်ထွက်ပြီလား

တောင်ကိုရီးယားနိုင်ငံက ကြိုတင်မဲရလာဒ်ဆိုတဲ့ ပို့စ်တစ်ခု လှုမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ “တောင်ကိုရီးယားရဲ့ကြိုတင်မဲ အရေအတွက်ပါတဲ့”ဆိုပြီး “Soe Moe Aung Moe ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ ပို့စ်ကို screenshot ရိုက်ပြီး “Bunki Latt”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေက မျှဝေထားတာအောက်ပါအတိုင်းတွေ့ရတယ်။ Fb link Archive link ဒီလိုမျှဝေနတာကို ဒီလင့်ခ် ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တွေ့နိုင်ပါတယ်။ တကယ်တော့ ဒီမဲရလာဒ်ဟာ အွန်လိုင်းကနေ စစ်တမ်းကောက်ယူရရှိတဲ့ ရလာဒ်စာရင်းသို့မဟုတ် စိတ်ကူး ပုံဖော်ထားတဲ့ ရလာဒ်သာဖြစ်နိုင်တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် မြန်မာနိုင်ငံအရပ်ရပ်က ပြည်ပရောက်မဲပေးသူတွေဟာ မဲဆန္ဒနယ်အသီးသီးက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စား လှယ်တွေကို မဲပေးရမှာဖြစ်ပြီး ဒီလိုမဲပေးလိုက်တဲ့ ရလာဒ်တွေကို သက်ဆိုင်ရာ နိုင်ငံအသီးသီးက သံရုံး၊ကောင်စစ်ဝန်ရုံးအသီးသီးကနေ ချိတ်ပိတ်ထားတဲ့ စာအိတ်များအတိုင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် […]

Continue Reading