လူရာချီသေဆုံးခဲ့ရတဲ့နေရာက NLD ပါတီနဲ့ တရုတ်ကုမ္ပဏီ ၄ ခုပေါင်းထားတဲ့ လုပ်ကွက် နေရာဆိုတဲ့သတင်းမှား

ဖားကန့်မှာ ကျောက်မျက်လုပ်ကွက်တစ်ခုက မြေပြိုကျမှုကြောင့် လူရာချီသေဆုံးခဲ့ရတဲ့နေရာက NLD ပါတီနဲ့ တရုတ်ကုမ္ပဏီ ၄ ခုပေါင်းထားတဲ့ လုပ်ကွက် နေရာဆိုတဲ့ ဓာတ်ပုံစာသား ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ လျက်ရှိပါတယ်။ “ရှေ့ကခိုး နောက်ကဖော် #အောင်ဆန်းသမီးပါးစပ်ပိုကြီး”ဆိုပြီးတော့ “Nay La Yaung”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ Radio Free Myanmar လို့ အမည်ပေးထားတဲ့ သတင်းဌာနက ရေးသားဟန်နဲ့ မျှဝေထားတဲ့ ဓာတ်ပုံပို့စ်မှာ ဒီလို လူရာချီသေဆုံးခဲ့ရတဲ့ လုပ်ကွက်နေရာဟာ NLD ပါတီနဲ့ တရုတ်ကုမ္ပဏီ ၄ ခုတို့ အကျိုးတူပူးပေါင်းနေတဲ့နေရာဖြစ်တယ်လို့လည်း ရေးသားထားပြီး အဲဒီထဲက အကြီးဆုံး ကုမ္ပဏီဟာ ရတနာစန်းရွှင် ကုမ္ပဏီလို့လည်း ရေးသားထားပါတယ်။ Fb link Archive link ကချင်ပြည်နယ် ဖားကန့်ရတနာနယ်မြေ […]

Continue Reading

၂၀၂၀ မှာ NLD ကဝင်ပြိုင်ဖို့ရွေးချယ်ထားတဲ့ အမတ်တွေအဖြစ် မျှဝေနေတဲ့သတင်းမှား

ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေးအရတိုက်ခိုက်မှုတွေတွေ၊ စွပ်စွဲပြစ်တင်မှုတွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ သတင်းတု၊ သတင်းမှာတွေ ဖြန့်ဝေမှုများပြားလာနေပါတယ်။  ၂၀၂၀ မှာ NLD ကရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်ဖော်ပြနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက် သုံး စွဲသူတွေ အကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  “၂၀၂၀ အတွက် NLDလွှတ်တော်ကိုယ်စားလှယ်တွေ မြင်ဖူးအောင်လို့ ပါ ဒီတစ်ခါ NLDကို မဲပေးရင် အိမ်မှာ ကိုးကွယ်နေကြတဲ့ ဘုရားစင် ပျောက်ပါပြီလို့ မှတ်လိုက်ကြပေတော့ ဗုဒ္ဓဘာသာ မြန်မာမှန်ရင် NLDပါတီကိုလုံးဝ (လုံးဝ) မဲမပေးကြပါနှင့်လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ အကောင့် ပိတ်ခံရမှာကို ကြောက်ပြီးမ Share သွားလည်းရပါတယ်၊၊NLD ကိုတော့ မဲမပေးပါနဲ့….”ဆိုပြီးတော့  အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “(ပအိုဝ်ႏတိုင်းရင်းသားများဆုံဆည်းရာ)”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားတာတွေ့ရပါတယ်။ ဒီလိုပဲစတဲ့ သူ့ရဲ့ ကိုယ်ပိုင်စာမျက်နှာမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link […]

Continue Reading

NLD နောက်ကျောကို ဓားနဲ့ထိုးသလိုဖြစ်လို့ ဦးဇော်ဌေးကို မယုံဘူးလို့ မုံရွာအောင်ရှင် ပြောတယ်ဆိုတဲ့ သတင်းတု

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ အစိုးရအဖွဲ့နဲ့ ပတ်သက်တဲ့ ပြောကြားချက်တစ်ချို့နဲ့ ပတ်သက်ပြီး NLD အစိုးရနဲ့ NLDပါတီရဲ့နောက်ကျောကိုဓါးနဲ့ထိုးနေသလို ဖြစ်နေတဲ့အတွက် သူ့ကိုမယုံဘူးလို့မုံရွာအောင်ရှင်က ပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု “Forward Media Group”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်ပါအတိုင်း မျှဝေထား ပါတယ်။ ကျည်ကာကားဝယ်တဲ့ ကိစ္စ၊ရဟတ်ယာဉ်ဝယ်တဲ့ကိစ္စနဲ့ မြေကွက်ကိစ္စတွေမှာ NLD ကဖုံးဖုံးဖိဖိလေးလုပ်နေတာကို ဖွင့်ချပြောလိုက်တဲ့အတွက် သူ့လုပ်ရပ်တွေကအစိုးရနဲ့ ကျနော်တို့ NLD ပါတီရဲ့ နောက်ကျောကို ဓါးနဲ့ထိုးနေ တာတာဖြစ်တဲ့အတွက် ဉီးဇော်ဌေးက လုံးဝမယုံဘူးလို့ ပြောကြောင်း မုံရွာအောင်ရှင်က ပြောတယ်ဆိုပြီးတော့ ရေးသားထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီလို ပျံ့နှံ့ခဲ့တဲ့ ပို့စ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ အတွင်းရေး မှူးမုံရွာအောင်ရှင်ကို Fact Crescendo Myanmar […]

Continue Reading

၂၀၂၀ မှာ NLD အမတ် ၆၈ ရာခိုင်နှုန်း အစ္စလာမ်ဘာသာဝင်ဖြစ်ဖို့ မူဝါဒချထားတယ်ဆိုတဲ့ သတင်းမှား

၂၀၂၀ မှာ NLD အမတ် ၆၈ ရာခိုင်နှုန်း အစ္စလာမ်ဘာသာဝင်ဖြစ်ဖို့ မူဝါဒချထားတယ်ဆိုတဲ့ စာသားဓာတ်ပုံတစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  Radia Free Myanmar ဆိုတဲ့အမှတ်တံဆိပ်နဲ့ မီဒီယာတစ်ခုက သတင်းရေးသားထားဟန်ရှိတဲ့ သတင်း screenshot ဒီစာသားဓာတ်ပုံမှာ ပါတီထိပ်တန်းတာဝန်ရှိသူတွေက ပြောတယ်ဆိုပြီးတော့ ရေးသားထားပြီး ၂၀၁၉ ခုနှစ်ကတည်းက ဒီမူဝါဒချမှတ်ထားပြီးဖြစ်တယ်လို့ ရေးသားထားပါတယ်။ ဒီ screehshot ကို “မုန်တိုင်း”၊ “Ngwe Soe”စတဲ့အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ဇွန်၉ ရက်မှာ ဖော်ပြခဲ့တဲ့ မစ္ဈိမသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရေးမူဝါဒအကြောင်းကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က […]

Continue Reading

ညစ်ညမ်းသောနိုင်ငံရေးတိုက်ကွက်များကိုရှောင်ရှားစေလိုကြောင်း ကြံ့ခိုင်ရေးပါတီကို ဒေါ်အောင်ဆန်းစုကြည်သတိပေးဆိုတဲ့သတင်းမှား

ညစ်ညမ်းသောနိုင်ငံရေးတိုက်ကွက်များကိုရှောင်ရှားစေလိုကြောင်းကြံ့ခိုင်ရေးပါတီကိုဒေါ်အောင်ဆန်းစုကြည်သတိပေးပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်သုံးစွဲသူကတွေက ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ “ဒီမိုချစ်တဲကိုကို”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “Aung San Suu Kyi (State Counsellor)”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ အောက်ပါအတိုင်းမျှဝေထားတာဖြစ်ပါတယ်။ Fb link Archive link Archived အချက်အလက်စိစစ်ချက် “ဒီမိုချစ်တဲကိုကို”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက“ညစ်ညမ်းသောနိုင်ငံရေးတိုက်ကွက်များကိုရှောင်ရှားစေလိုကြောင်းကြံ့ခိုင်ရေးပါတီကိုဒေါ်အောင်ဆန်းစုကြည်သတိပေးပြီ”လို့ခေါင်းစဉ်တပ်ထားတဲ့ ပို့စ်မှာပါတဲ့ လင့်ခ်ကို ဖွင့်ကြည်တဲ့အခါမှာ The Voice က အယ်ဒီတာအာဘော်ဖြစ်နေတာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်က သတိပေးတယ်လို့ ရေးသားထားခြင်းမရှိတာတွေ့ရပါတယ်။ ဒီလိုပဲ “လိုရင်းပြောရမည်ဆိုပါက ဘယ်သူသေသေ ငတေမာလျှင်ပြီးရောဆိုသည့် ခံယူချက်ဖြင့် ညစ်ပတ်သော တိုက်ကွက်များကို အသုံးမပြုဘဲ ပါဝါနိုင်ငံရေးကိစ္စကို လူကြီးလူကောင်းဆန်စွာ၊ သန့်ရှင်းစွာ ယှဉ်ပြိုင်ခြင်းအားဖြင့် ခေတ်သစ်မြန်မာ့ သမိုင်းတွင် လူထု၏ အစဉ်အယုံအကြည်ရှိထိုက်သူ စံပြပုဂ္ဂိုလ်များအဖြစ် နာမည်ကောင်းကျန်ရစ်အောင် ပြုမူဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း ​ကြံခိုင်ရေး ( ခေါ် ) ပြည်ခိုင်ဖြိုးပါတီအားမေတ္တာရပ်ခံလိုပါသည်။”လို့ […]

Continue Reading

NLD အမတ်တွေ လာဘ်စားတာကို စစ်ဆေးခွင့်မရှိဘူးလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ပြောဆိုတဲ့ သတင်းတု

လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ “NLD အမတ်တွေ လာဘ်စားတာကို စစ်ဆေးခွင့်မရှိကြောင်း အဂတိကော်မရှင်ပြော”လို့ရေးသားထားပြီး RFA သတင်းဌာနတံဆိပ်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဉက္ကဌ ဉီးအောင်ကြည်ပုံကို အသုံးပြုထားတဲ့ ဓာတ်ပုံပို့စ်တစ်ခုပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။  ဒီဓာတ်ပုံကို “ဦးဦး မြင့် အောင်”အမည်နဲ့ ဖေ့စ်ဘွတ် သုံးစွဲသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link ဒီဓာတ်ပုံပို့စ်ဟာ လူမှုကွန်ယက်သုံးစွဲသူတွေအကြားမကြာခဏပေါ်လာတဲ့ ဓာတ်ပုံပို့စ်တစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ “ဒီမိုကရေစီရဲ့အရသာ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ခဲ့သလို ၂၀၂၀ ဧပြီ ၆ ရက်မှာ “နော် ဇေ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကလည်း ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ ဒီအချက်ဟာ ဖြစ်နိုင်ပါသလား။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဉက္ကဌ ဉီးအောင်ကြည်က တကယ်ပဲ RFA သတင်းဌာနကို ပြောကြားခဲ့ပါသလား။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ပထမဆုံး RFA […]

Continue Reading

NLD နဲ့ မွတ်ဆလင်များကိုဝေဖန်သူတွေကို ဒေါ်အောင်ဆန်းစုကြည်ဖမ်းခိုင်းဆိုတဲ့ သတင်းမှား

ဒေါ်အောင်ဆန်းစုကြည်၏ အမိန့်ပေးစေခိုင်းချက်အရ NLD အစိုးရနှင့် မွတ်ဆလာမ်ဘာသာဝင်များကို တိုက်ခိုက်ရေးသားပြောဆိုသော သူတွေကို ၂၉၅ က ၅၀၅ ပုဒ်မတွေဖြင့် အမှုဖွင့်ထောင်ချဖို့ အမိန့်ပေးထားတယ်လို့ သမ္မတရုံးဝန်ကြီး ဥ◌ီးဇော်ဌေးကပြောကြားတယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ ဖြန့်ဝေနေပါတယ်။ ဦးကြီးဇော်အမည်နဲ့ အကောင့်က အောက်ပါအတိုင်းရှယ်ထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ၁။ အစ္စလာမ်ဘာသာရေးခေါင်းဆောင်းတစ်ယောက်ဖြစ်တဲ့ ဦးအေးလွင်က ဒီလိုညွှန်ကြားထားတာမရှိဘူးလို့ Fact Crescendo ကိုအတည်ပြုပါတယ်။ မကြာခဏစွပ်စွဲ ပြောခံရမှုတွေရှိပြီး အခုနောက်ပိုင်း အစ္စလာမ်ဘာသာ ရေးနဲ့ ပတ်သက်တဲ့ပွဲတော်တွေမှာ NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်တာမရှိ တော့ဘဲ ခပ်ကင်းကင်းနေတယ်လို့ သူကပြောပါတယ်။ ၂။ ဦးဇော်ဌေးဟာ သမ္မတရုံးဝန်ကြီးမဟုတ်ဘဲ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး ချုပ်ဖြစ်ပါတယ်။ ဒီသတင်းမှာ သမ္မတရုံးဝန်ကြီးဆိုပြီးရေးထားပါတယ်။ စကားလုံးအမှားတွေလည်း တွေ့ရပါတယ်။ ၃။ […]

Continue Reading

ဒေါက်တာမျိုးညွန့်ကို တာဝန်ရပ်စဲမှု အာဏာရှင်ဆန်တဲ့လုပ်ရပ်လို့ ဝေဖန်ဆိုတဲ့သတင်းမှား

ဒေါက်တာမျိုးညွန့်ကို တာဝန်ရပ်စဲမှု အာဏာရှင်ဆန်တဲ့လုပ်ရပ်လို့ ဝေဖန်ဆိုတဲ့သတင်းကို လူမှုကွန်ယက်မှာ Forward Media Group ဆိုတဲ့စာမျက်နှာက မျှဝေလာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးမှာ ပါတီ ဗဟိုပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကို အကြောင်းပြချက်တစ်စုံတစ်ရာ မထောက်ပြပဲတာဝန်များမှ ရပ်စဲစေလိုက်တဲ့ လုပ်ရပ်ဟာ ပါတီတွင်းမှာ အာဏာရှင်ဆန်ဆန် ဖြုတ်ထုတ်သတ် လုပ်နေတဲ့ လုပ်ရပ်ဖြစ်ပြီး ပါတီအပေါ်အထင်အမြင်လွဲမှား တာတွေဖြစ်လာနိုင်တယ်လို့  ပါတီဗဟိုသတင်းထုတ်ပြန်ရေး ကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ထုတ်ဖော်ပြောဆိုတယ်ဆိုပြီး မုံရွာအောင်ရှင်ဓာတ်ပုံနဲ့တကွဖော်ပြပါတယ်။ အချက်အလက်စိစစ်ချက် ၁။ ဒေါက်တာမျိုးညွှန်က ဒီသတင်းမဟုတ်ဘူးလို့ Fact Crescendo က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ ပြောပါတယ်။ မုံရွာအောင်ရှင်ကလည်း ဒီလို ဘယ်မီဒီယာမှ မပြောကြောင်း ပြောပါတယ်။  ၂။ Google မှာ “မုံရွာအောင်ရှင်”ဆိုတဲ့စကားလုံးကို သုံးပြီး ရှာကြည့်ရင် မတ်လထဲမှာ […]

Continue Reading