Fact Check: ဗိုလ်ချုပ်မြထွန်းဦးဟာ မိသားစုတွေပါခေါ်ပြီး NUG နဲ့ပူးပေါင်းတယ်ဆိုတဲ့ သတင်းတုသတင်းမှား

ဗိုလ်ချုပ်မြထွန်းဦးမိသားစုတွေ လေယာဉ်ပါယူပြီး NUG နဲ့ပူးပေါင်းပြီဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုသတင်းမှားဖြစ်ပါတယ်။ “ပျော်လွန်းလို့မျက်ရည်ကျ။ ဗိုလ်ချုပ်မြထွန်းဦးမိသားစု လေယဥ်ပါယူပြီးNUGနဲ့ပေါင်းပြီ။”လို့ ရေးသားပြီး ဘလော့ဂ်စာမျက်နှာတွေမှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဝက်ဘ်ဆိုဒ်လင့်ခ်ပါ ဓာတ်ပုံစာသားနေရာမှာလည်း “ဗိုလ်ချုပ်မြထွန်းဦးဟာ မိသားစု လေယာဉ်နဲ့ NUG ထံလာရောက်ပူးပေါင်းတဲ့ အတွက် မျက်ရည်ပါကျ”လို့ ရေးသားထားပါတယ်။ တစ်ခြားဖေ့စ်ဘွတ်စာမျက်နှာတွေနဲ့ ဖေ့စ်ဘွတ်ဂရုတွေမှာ လည်း ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေ တာလည်းတွေ့ရပါတယ်။ ဒီနေရာ၊ ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာနဲ့ ဒီနေရာ မှာကြည့်ပါ။ မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် ဝက်ဘ်ဆိုဒ်လင့်ကိုထောက်ကြည့်ရာမှာ Youtubeနဲ့ ဗွီဒီယိုတစ်ခုဖြစ်တာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာ သီရိလင်္ကာ သမ္မတနဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်စစ်တပ်အကြောင်းကို နှိုင်းယှဉ်ပြောကြားချက်တွေပါဝင်ပြီး ခေါင်းစဉ်မှာ ပေးထားလို ဗိုလ်ချုပ်မြထွန်းဦးအကြောင်းမပါဝင်ပါဘူး။ […]

Continue Reading

Fact Check: PDF တစ်လောင်း ကျပ် သုံးသောင်း NUG ထောက်ပံ့ဆိုတဲ့ သတင်းတု သတင်းမှား

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်မျဉ်းနားက ဥကရစ်ထစခန်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်(PDF)တွေအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က တစ်အိမ်ထောင်ကို ကျပ် သုံးသောင်းနှုန်း ထောက်ပံ့မယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ထုတ်ပြန်ချက်အတုတစ်ခုဖြစ်တာတွေ့ရပါတယ်။  â€œá€Ąá€˛á€ˇá€žá€œá€­á€Ż…တဲ့… စိတ်​တောင် မ​ကောင်းဘူးးးး😂😂😂”လို့ ရေးသားပြီး “ဒေဝီ ဒေဝီ”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဒီလိုထုတ်ပြန်ကြေညာ ချက်မျိုးမတွေ့ရပါဘူး။ ဒီစာမျက်နှာမှာ ထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ကြေညာချက်တွေကိုလေ့လာကြည့်ရာမှာ ထုတ်ပြန်စာတွေရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာသာကာကွယ်ရေးဝန်ကြီးဌာန တံဆိပ်တုံးပုံစံကို အသုံးပြု လေ့ရှိပြီး အခုဖေ့စ်ဘွတ်မှာပျံ့နှံ့လျှက်ရှိသလိုမျိုး နိုင်ငံတော်တံဆိပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာန တံဆိပ် နှစ်မျိုးစလုံး အသုံးပြုတာမတွေ့ရပါဘူး။ ထို့အပြင် မဇ္ဈိမရဲ့ […]

Continue Reading

Fact Check:  NUG က ပန်ဆယ်လိုကို ဘွန်းရောင်းခွင့်ပိတ်ပင်ဆိုတဲ့ သတင်းမှား

စစ်အာဏာသိမ်းဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ဖေ့စ်ဘွတ်မှာလူသိများသူ ပန်ဆယ်လိုဟာ ငွေကြေးအလွဲ သုံးစား လုပ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)က ဘွန်းရောင်းခွင့်ပိတ်ပင်ခံ ရတယ်ဆိုပြီး ဖေ့စ်ဘွတ်မှာ ဖြန့်ဝေ လျက်ရှိပါတယ်။ တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “ပန်ဆယ်လိုနဲ့NUG ဝန်ကြီး ပြဿနာတက်လို့ ပန်ဆယ်လို Bond.ရောင်းချခွင့်ပိတ်ခံရပြီ ဖတ်ရှူရန်လင့် 👉👉 https://t.me/chindwinthar99/20?single အပျံမက Bond agent လုပ်စားရင်း စာရင်းတွေလိမ်ပြီး ကိုယ်ကျိုးအသုံးချမှုတွေများလာလို အချင်းချင်းခွာပြဲလာကြပါပီ။ ခေါင်းစဉ်အမျိုးမျိးတပ်ပြီး အလှူခံတောင်းစားနေတဲ့ အပျံမကို နူဂျီက သိသိနဲ့လွှတ်ပေးထားတာကဘာကြောင့်လဲဆိုရင် သူတိုနူဂျီမှာက အပျံမလောက်အတောင်းအရမ်းညက်တဲ့သူသိပ်မရှိဘူး… တစ်ဝက်လောက်ဘုံးသွားလဲ တစ်ဝက်လောက်တော့ငါတိုစားရပါတယ်လေဆိုတဲ့ အချိုးနဲ့ ဇော်ဝေစိုးက အံကြိတ်ခံနေတာ….. အဲ့တာကို သိလာလို့ MOPFI ဝန်ထမ်းတွေက သူတို့ကိုလည်း အသုံးစရိတ်ပေးသင့်ကြောင်း အပျံမဆီကခွဲတမ်းသွားတောင်းတော့ အပျံမက Bond Agent အဖြစ်က ရပ်နားပါတယ်တဲ့လေ……သိထားတဲ့အကြောင်းအရာက […]

Continue Reading

Fact Check: ဒီဓာတ်ပုံက NUG ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင် မင်္ဂလာဆောင် တဲ့ပုံလား- မဟုတ်ပါ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ရဲ့ မင်္ဂလာဆောင်လို့ဆိုထားတဲ့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့လျှက်ရှိပါတယ်။  တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။  “အနူဂျီးမှာ ဒုဝန်ကြီးဆိုလား အိသင်ဇာမောင်ကတော့ အရီးဒေါ်ပုံအောင်တဲ့ အထိ မစောင့်နိုင်​ေတာ့လို့ပါတဲ့ ကတ်လားနဲ့ မဂ်လာဆောင်လိုက်ပါပြီ”လို့ရေးသားပြီး “ဗိုလ်အောင်ဒင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဓာတ်ပုံ ၆ ပုံနှင့်အတူ အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၆၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link   အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့ခဲ့ဖူးတာကို Fact Crescendo အနေနဲ့ သတိပြုမိပါတယ်။ ဖေ့စ်ဘွတ်မှာ အဓိကကျတဲ့ စကားလုံးအချို့ကို အသုံးပြုပြီး ရလာဒ်တွေကို ရှာဖွေကြည့်ရာမှာ “GX”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ၂၀၂၁ ခုနှစ် […]

Continue Reading

Fact Check: နွေဦးတော်လှန်ရေးမှ မပါတဲ့ AA အပါအဝင်လက်နက်ကိုင် ၅ ဖွဲ့ကိုဖျက်သိမ်းမယ်ဆိုတဲ့ သတင်းတုသတင်းမှား

နွေဦးတော်လှန်ရေးမှာ မပါတဲ့ AA အပါအဝင်လက်နက်ကိုင် ၅ ဖွဲ့ကိုဖျက်သိမ်းမယ်လို့ ဒေါက်တာဇော်ဝေစိုးပြော တယ်ဆိုပြီး”NUG CRPH PDF CDM Support”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေလျက်ရှိပါတယ်။ သို့သော် ဒီသတင်းဟာ မှားယွင်းပြီး သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “နွေဦးတော်လှန်ရေးတွင်မပါသော AAအပါ အဝင် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ကို ဥပဒေနဲ့အညီအရေးယူပြီးလက်နက်ဖျက်သိမ်းမည်ဟုဒေါက်တာဇော်ဝေစိုး ပြောကြား။ နွေဦးတော်လှန်ရေးမှာမပါတဲ့ရခိုင့်တပ်မတော်အပါအဝင်လက်နက်ကိုင်အဖွဲ့၅ဖွဲ့ကိုဥပဒေနဲ့အရေးယူပြီးလက်နက်ဖျက်သိမ်းမည်ဟုဒေါက်တာဇော်ဝေစိုးက Video Call ကနေတဆင့်ပြောကြားခဲ့သည်။ ဒေါက်တာဇော်ဝေစိုးကိုဆက်သွယ်မေးမြန်းရာတွင် ဒေါက်တာဇော်ဝေစိုးက ‘အခုနွေဦးတော်လှန်ရေးမှာမပါတဲ့AAနဲ့တခြားအဖွဲ့ ၅ ဖွဲ့ အားလုံးပေါင်း ၆ ဖွဲ့ကို ကျွန်တော်တို့ ဥပဒေနဲ့အညီ အရေးယူပြီးသွားတာနဲ့ လက်နက်ဖျက်သိမ်းခိုင်းမှာပါ၊ လက်နက်မဖျက်သိမ်းရင်တော့ နိုင်ငံတော်ပုန်ကန်မှုနဲ့သူတို့တွေကို တရားစွဲပြီး ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးသွားမှာပါ’ဟု ဆိုခဲ့သည်။ လက်ရှိအချိန်တွင် NUGဦးဆောင်သောPDFတပ်ဖွဲ့ဝင်များသည်အရေအတွက်အားဖြင့်၅သိန်းခန့်ရှိကာမြန်မာ့တပ်မတော်ပြီးလျှင်လက်နက်အင်အားအတောင့်တင်းဆုံးအဖွဲ့ဖြစ်ပြီးနိုင်ငံတကာအသိမှတ်ပြုသောတစ်ခုထဲသောမြန်မာနိုင်ငံရှိအစိုးရမဟုတ်သောလက်နက်ကိုင်အဖွဲ့စည်းဖြစ်သည်။ #voiceofchina_myanmar Mar 26,2022”လို့ ရေးသားပြီး “NUG CRPH PDF […]

Continue Reading

Fact Check: KNLA တပ်မဟာ (၅) မှာ NUG ကငွေအတုထုတ်နေတယ်ဆိုတာ မဟုတ်ပါ

KNLA တပ်မဟာ (၅) ဧရိယာအတွင်းမှာ NUG ကငွေစက္ကူအတုတွေထုတ်နေတယ်ဆိုပြီးတော့ ငွေစက္ကူ ရိုက်နေတဲ့ဓာတ်ပုံနဲ့ ကျပ် ၅၀၀၀ နဲ့ ကျပ် ၁၀၀၀ တန်အချို့ကိုဖော်ပြထားတဲ့ ဓာတ်ပုံ ၃ ပုံနဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာ သတင်းမှား တစ်ခုသာဖြစ်ပါတယ်။ KNLA တပ်မဟာ ၅ တာဝန်ရှိသူက ဒီသတင်းကို ငြင်းဆိုထားသလို ဓာတ်ပုံတွေဟာလည်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ဖြစ်တဲ့ ငွေစက္ကူနဲ့ပတ်သက်တဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့ပို့စ်ကတော့ အောက်ပါအတိုင်းရေးသားထားပါတယ်။ “တည်နေရာ.KNU.5/7.ဘဲကလော်.ဒုက္ခသည်စခန်း နိုင်ငံခြားသား(WMS) ပညာရှင်တွေလက်ရာတွေ NUG အကြမ်းဖက်များမှ ငွေစက္ကူအတုများထုတ်လုပ်ခြင်းဆောင်ရွက်နေ NLD ပါတီမှတောခိုပြီး ဒုက္ခရောက်နေသည့် PDFများအား ထောက်ပံ့ရန် ငွေးကြေးလုံးလောက်မှုမရှိသည့်အပြင် အလှုငွေများကောက်ခံရရှိမှုနည်းပါလာသည့်အတွက် ငွေစက္ကူအတုများထုတ်ပြီး မြန်မာ့ငွေကြေးအားဖျက်စီးနေ အဆိုပါ ငွေကြေးအတုထုတ်လုပ်သည့်နေရာဟာ KNLA တပ်မဟာ (၅) […]

Continue Reading

Fact Check: Silence Strike (အသံတိတ်သပိတ်)လုပ်မယ့်ရက်ဆိုင်ငံ့ကြောင်း NUG နဲ့ CRPH ကြေညာခဲ့ခြင်းမရှိပါ

အသံတိတ်သပိတ်(Silence Strike)လုပ်မယ့်ရက်ကို ဆိုင်းငံ့လိုက်ကြောင်း အမျိုးသားညီညွှတ်ရေး အစိုးရ(NUG)နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)က ကြေညာချက်ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာ မျှဝေလျှက်ရှိ ပါတယ်။  သို့သော် ဒီလိုထုတ်ပြန်ချက်စာဟာ အတုဖြစ်တာကို Fact Crescendo အနေနဲ့ တွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ NUG နဲ့ CRPH ကဆိုတဲ့ ထုတ်ပြန်ချက်ထဲမှာ ၁-၂-၂၀၂၂ ရက်နေ့မှာ Silence Strike (အသံတိတ်သပိတ်)ပြုလုပ်ဖို့ သတ်မှတ်ထားပေမဲ့ အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေကို ကြိုတင် ဖမ်းဆီးခြင်း၊ ဆိုင်များကို ချိတ်ပိတ်ခြင်းလုပ်နေတာကြောင့် အသံတိတ်သပိတ်လုပ်မယ့်နေ့ကို သီးခြား ထုတ်ပြန်ကြေညာပေးသွားမယ်လို့ ရေးသားထားပါတယ်။  တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် အမျိုးသားညီညွှတ်ရေး အစိုးရ(NUG)နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)ရဲ့ […]

Continue Reading

Fact Check: ဒရုန်းကနေ သေနတ်ပစ်တဲ့ဗွီဒီယိုက ၂၀၁၅ ခုနှစ်က အမေရိကန်က ဖြစ်စဉ်သာဖြစ်

မြန်မာနိုင်ငံမှာ ဒရုန်းကိုသေနတ်တပ်ပြီး ပစ်ခတ်စမ်းသပ်အောင်မြင်မှုဆိုတဲ့ ဗွီဒီယိုတစ်ခု ယနေ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံမှုအားကောင်းလာပြီး ဖေ့စ်ဘွတ်အသုံးပြုတွေအကြားမှာနားလည်မှုလွဲစေနိုင်တာတွေ့ရပါ တယ်။  á€—ွဎဒဎယိုထဲမသဏ ဒရုန်းယာဉ်တစ်စင်းဟာ တောတွင်းတစ်နေရာမှာ ရှေ့တိုးနောက် ဆုတ်အနိမ့်အမြင့်နဲ့ သေနတ်ကို တစ်ချက်ချင်းပစ်ခတ်ပြတဲ့ မြင်ကွင်းပါဝင်ပြီး မှတ်ချက်ပေးသူအများအပြားကလည်း ဒီလိုအောင်မြင်မှုအတွက် ချီးကျူးခဲ့ကြပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ၂၀၁၅ ခုနှစ်အတွင်းကတည်း အင်တာနက်မှာပျံ့နှံ့ခဲ့ဖူးပါတယ်။ “Drone နဲ့ ပစ်ခက် စမ်းသပ်မှု့ အောင်မြင် တော်လိုက်တဲ့ အမေ့သားတွေ “လို့ရေးသားပြီး “KĂľ Ĝýî”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၇၀၀ ကျော်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် Youtubeမှာအဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး ဗွီဒီယိုကို ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ […]

Continue Reading

Fact Check: ဒီဓာတ်ပုံက NUG ရဲ့ ကိုယ်ပျောက်နည်းပညာသုံး ဒရုန်းလား-မဟုတ်ပါ

တမူးမြို့သို့ လေ့လာရေးရောက်ရှိလာတဲ့ NUG နည်းပညာသုံးကိုယ်ပျောက်ဒရုန်းတစ်စင်းပုံဆိုပြီးတော့ အနီရောင် ဒရုန်းတစ်စင်းဓာတ်ပုံဟာ ပျံ့နှံ့မှုအားကောင်းခဲ့ပြီး ဖေ့စ်ဘွတ်အသုံးပြုတွေအကြားမှာ နားလည်မှုလွဲစေနိုင် တာတွေ့ရပါ တယ်။ တကယ်တော့ ဓာတ်ပုံဟာ လွန်ခဲ့တဲ့ ၂ လကစပြီး တရုတ်ကုမ္ပဏီတစ်ခုက ဈေးကွက်မှာရောင်းချနေတဲ့ စိုက်ပျိုး ရေးလုပ်ငန်းသုံး ဒရုန်းမော်ဒယ်တစ်မျိုးရဲ့ ဓာတ်ပုံဖြစ်ပါတယ်။ “ယနေ့ တမူးမြို့ တမူးခရိုင် အတွင်း လေ့လာရေး ဖြစ်ရောက်ရှိလာတဲ့ ပြည်သူ များ အားကိုးတဲ  NUG technology နည်းပညာ ကိုယ်ပျောက် drone၊…..မိုင်၁၂၀ ထိ ရောက်ရှိ နိုင်ပြီး ၊ ၄၈ နာရီ ထိသုံးပြုနိုင် တဲ နောက်ဆုံးပေါ် drone”လို့ရေးသားပြီး ” Demo Michelle Zora “အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဇန်နဝါရီ ၉ ရက် အောက်ပါအတိုင်းမျှဝေထားရာမှာ […]

Continue Reading

Fact Check: မဲဆောက်မှာ PDF၊CDM ဝန်ထမ်းအချို့နဲ့ NUG တို့ခိုက်ရန်ဖြစ်တယ်လို့ သတင်းတုဖြန့်

မဲဆောက်မှာ PDF နဲ့ CDM ဝန်ထမ်းအချို့က ထောက်ပံ့မှုမလုံလောက်တာနဲ့ပတ်သက်ပြီး ခိုက်ရန်ဖြစ်တာကြောင့် နောင်မဖြစ်အောင်ထိန်းသိမ်းဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ((NUG)ရဲ့ ညွှန်ကြားချက်ဆိုပြီးတော့ ဓာတ်ပုံပို့စ် တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့စာတွေမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ NUG အစိုးရခေါင်း ဆောင်ပိုင်းတွေ တည်းခိုနေထိုင်တဲ့နေရာကို CDM ဝန်ထမ်းတွေနဲ့ PDF အချို့ရောက်လာပြီး အချင်းချင်းရန်ဖြစ် အော်ဟစ်ခဲ့တာကြောင့် နောက်ဒီလိုပြဿနာမျိုးမဖြစ်ဖို့ တာဝန်ရှိတဲ့သူတွေအနေနဲ့ တားဆီဖို့ဆိုပြီးတော့ ရေးသားထားတာဖြစ်ပါတယ်။ သို့သော်လည်း ဒီညွှန်ကြားချက်စာဟာ အတုပြုလုပ်ဖန်တီးထားခြင်းဖြစ်တယ်လို့ NUG အစိုးရက ပြန်လည် ရှင်းလင်းထားပါတယ်။ “စိတ်ရှည်ရှည်ထားကြပါခင်ဗျာ… လာမှာပေါ့ 😁 #KT”လို့ရေးသားပြီး “Sergeant Ko THET”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါတိုင်းမျှဝေထား တာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ […]

Continue Reading