Fact Check: ခြင်္သေ့ခေါင်းပုံတပ် စေတီအဖြစ်မျှဝေနေတဲ့ သတင်းမှား
ထီးတော်အစား ခြင်္သေ့ခေါင်းပုံနဲ့တည်ဆောက်ထားတဲ့ စေတီအဖြစ်မျှဝေနေတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူများအကြား ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ မိတ္ထီလာနယ် ကတ္ထူကံသိမ်ဝင်း မိုင်တိုင်အမှတ် ၂၈၇/၁ မှာရှိတဲ့ ခြင်္သေ့ခေါင်းတပ်ထားတဲ့ စေတီလို့ ရေးသားထားပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေထားတဲ့ အချက်အလက်ဟာ မှားယွင်းတာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ဒီပုံစံနဲ့စေတီဟာ မူလကတည်းက နဂါးခေါင်းပုံစေတီဖြစ်ပြီး ဒီပုံစံအတိုင်း စေတီအဖြစ် လှူဒါန်းခဲ့ခြင်းဖြစ်တယ်လို့ အလှူရှင်က ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက ပြန်လည်မျှဝေထားတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရ ပါတယ်။ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ မူရင်းလင့်ခ် – Fb link | Archive link အချက်အလက်စိစစ်ချက် မိတ္တီလာမြို့နယ် အမြန်လမ်းမဘေး မိုင်တိုင် ၂၈၇/၁ မှာရှိတဲ့ ဒီစေတီကို […]
Continue Reading