အီရန်နိုင်ငံမှာ Covid-19 ရောဂါကြောင့်လူတွေသေတာ မြှုပ်လို့မနိုင်တော့လို့ လမ်းပေါ်ထွက် ဆန္ဒပြကုန်ပြီဆိုတဲ့သတင်းမှား
ဧပြီ ၂၂ ရက်အထိ ကမ္ဘာတစ်လွှားမှာ COVID-19 ပိုးကူးစက်ခံရသူ အတည်ပြုလူနာပေါင်း ၂ ဒသမ ၅ သန်းကျော် လာပြီး သေဆုံးသူ ၁ သိန်း ၇ သောင်းကျော်ရှိလာပြီဖြစ်ပါတယ်လို့ worldmeters.info က ဖော်ပြပါတယ်။ အာရှမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံထက် ကူးစက်ခံရသူနဲ့ သေဆုံးသူ ပိုမိုများပြားတဲ့ အီရန်နိုင်ငံဖြစ်ပြီး ဧပြီ ၂၂ ရက်အထိ စုစုပေါင်း အတည်ပြုလူနာ ၈၄၈၀၀ ကျော်နဲ့ သေဆုံးသူ ၅၃၀၀ နီးပါးရှိလာပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “အီရန်နိုင်ငံမှာ Covid-19 ရောဂါကြောင့် လူတွေသေတာ မြှုပ်လို့မနိုင်တော့လို့တဲ့ဗျာ မကယ်နိုင်တဲ့အလ္လာဟ်ကို လမ်းပေါ်ထွက် ဆန္ဒပြကုန်ကြပါပြီ အလ္လာဟ်ထွက်ခဲ့ပါတော့တဲ့”ဆိုပြီး ဗွီဒီယိုဖိုင် တစ်ခုကို“နေ ထက် လင်း”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။ အလားတူပဲ “Myo […]
Continue Reading