ညကအုပ်စုဖွဲ့ရမ်းကားသူများအားထိန်းသိမ်းဆိုတဲ့ သတင်းတု

COVID-19 ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံတစ်ဝှမ်းမှာ လူ ၅ ဉီးထပ်ပိုစုဝေးခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာထားပြီး ရောဂါကူးစက်မှုများပြားတဲ့ မြို့နယ်တွေမှာ အိမ်အတွင်းပဲနေထိုင်ဖို့ ညွှန်ကြားထားပါတယ်။ ဒီလိုပဲ ညမ ထွက်ရအမိန့်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အလိုက် အစိုးရက ကောင်ထည်ဖော်နေချိန်မှာ “Kozawgyimps Kozawgyimps” အမည်နဲ့ဖေ့စ်ဘွတ်သုံး စွဲသူက “ညကအုပ်စုဖွဲ့ရမ်းကားသူများအားထိန်းသိမ်း”ဆိုပြီး ပို့စ်တစ်ခုကို မျှဝေလာပါတယ်။ Link Archive link ဘယ်နေရာ ဘယ်အချိန်မှာဖြစ်ပျက်ခဲ့သလိုဆိုတာကို ဖော်ပြထားခြင်းမရှိပေမဲ့ ဒီသတင်းကို ဖေ့စ်ဘွတ်သုံးစွဲသူ ၂ ထောင်ကျော်က ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ပထမဆုံးဉီးစွာ Google မှာပုံပြောင်းပြန်ရှာနည်းနဲ့ ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒေသတွင်းမူးယစ်ဆေးဝါးနှင့်ဆက်နွယ်သောအကြမ်းဖက်မှုများတွင်ပါဝင်ပတ်သက်မှုရှိသည်ဟုသံသယရှိသူ ၈ ဦး အားဖမ်းဆီးခဲ့တဲ့သတင်းကို Cambodia News English အမည်နဲ့သတင်းဝက်ဘ်ဆိုက်က […]

Continue Reading