နိုင်ငံသားဉပဒေသစ်ကို ကန့်ကွက်ဆန္ဒပြပွဲကပုံကို ကိုရိုနာဗိုင်းရပ်စ်သံသယ လူနာရဲ့ နာရေးမှာ ရဲတပ်ဖွဲ့နဲ့ ရွာသားတွေ အချင်းများပုံအဖြစ်ဖော်ပြနေတဲ့ သတင်းဓာတ်ပုံအမှား

“ကိုရိုနာဗိုင်းရပ်စ်သံသယ လူနာတစ်ဦးရဲ့နာရေးမှာ ရဲတပ်ဖွဲ့နဲ့ ရွာသားတွေ အချင်းများအိန္ဒိယနိုင်ငံ ကျေးရွာလေး တစ်ရွာမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါသံသယနဲ့ သေဆုံးခဲ့ရတဲ့ အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးရဲ့ နာရေးမှာ ဒေါသ ထွက်နေတဲ့ရွာသားတွေကို ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရကြောင်း CNNသတင်းကဖော်ပြခဲ့ပါတယ်။  အိန္ဒိယနိုင်ငံ ဟာယန(Haryana)ပြည်နယ်က ချန့်ဒ်ပူရာ လို့အမည်ရတဲ့ ကျေးရွာလေးမှာ တနင်္လာနေ့က ဖြစ်ပွား ခဲ့တဲ့ ဒီပြဿနာတွေ ကြောင့် ရွာသားအယောက် ၃၀ ဖမ်းဆီးခံခဲ့ရပါတယ်။ ပြဿနာဖြစ်ရတဲ့ အဓိကအကြောင်း အရင်းကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးရတယ်လို့ထင်ရတဲ့ အဲဒီအမျိုးသမီးဟာ သူတို့ရွာ ကမဟုတ်လို့ နာရေး ကို ချန့်ဒ်ပူရာ ရွာသင်္ချိုင်းမှာ လာမလုပ်ဖို့ ဆန့်ကျင်ကြရာကနေ နောက်ဆုံးမှာ ရွာသားတွေက ရဲတွေကို ခဲနဲ့ပေါက် တဲ့အဆင့်အထိ ရောက်ခဲ့တာဖြစ်ပါတယ်။  ခရိုင်ရဲမှူး ဂျော်ဝယ်လ်က “ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ဆေးရုံမှာသေဆုံးခဲ့သူတွေကို ဘယ်မှာမီးသင်္ဂြိုလ်ရမလဲ […]

Continue Reading