ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထည့်သွင်းဖို့ ကြံနေတယ်ဆိုတဲ့ လှည့်စားထားတဲ့ သတင်း

ဘင်္ဂလားဒေ့ရှ်ဟာ ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့နိုင်ငံအတွင်း ထည့်သွင်းဖို့ ကြံနေတယ်ဆိုတဲ့ပို့စ်တွေ လူမှုကွန် ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေပါတယ်။ “Bangladesh Military Affairs”စာမျက်နှာက ရေးသားဖော်ပြချက်တွေကို ကိုးကားပြီး ပြန်လည်မျှဝေနေကြရာမှာ “Win Htein Oo” ၊ “Nay Zin Latt” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက အောက်ပါအတိုင်း အသီးသီးဖော်ပြထား တာတွေ့ရပါတယ်။  Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် “Win Htein Oo” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူ ဒီပို့စ်မှာပါတဲ့ပုံတွေထဲက AA တပ်ဖွဲ့ဝင်များအား ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် သင်တန်းပေးနေပုံဆိုတဲ့ ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။  ၂၀၁၄ ခုနှစ်က ဖေဖော်ဝါရီလထဲမှာ တောင်အာဖရိကဖောင်ဒေးရှင်းဟာ တရားမဝင်တောလိုက်တာတွေကို စောင့်ကြည့်မယ့်လုပ်ငန်းအတွက် ဒေါ်လာသန်းပေါင်းများစွာရရှိဆိုတဲ့ […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည်အတွက် နေပြည်တော်မှာ မြေ ၄ ဒသမ ၄ ဧကချထားပေးတယ်ဆို တဲ့သတင်းမှား

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေအတွက် မြေကွက်တွေ ချထားပေးတယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ဒီပို့စ်မှာ ဒုတိယသမ္မတ ဉီးမြင့်ဆွေကလွဲလို့ နိုင်ငံတော်သမ္မတအပါအဝင် ဒုတိယသမ္မတ၊ဝန်ကြီးတွေနဲ့ နေပြည်တော်ကောင်စီလူကြီးတွေစုစုပေါင်း ၁၆ ဉီးရေမြေကွက်အမှတ်နံပါတ်တွေနဲ့ အကျယ်အဝန်း​ေတွကို ဖော်ပြထားတာတွေ့ရပြီး “April May”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက ဖေ့စ်ဘွတ်အုပ်စုအတော်များများမှာ မျှဝေထားတာတွေ့ရပါတယ်။ အလားတူစွာ “Aung Shein”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကလည်း ဒီလိုမြေကွက်အမှတ်တွေနဲ့ အစိုးအဖွဲ့ဝင်လူကြီး တွေအမည်စာရင်းကို မျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဇွန် ၁၂ ရက်က ပြန်ကြားရေးဝန်ကြီးဌာနမှာ နေပြည်တော်ကောင်စီတာဝန်ရှိသူတွေ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ တာတွေ့ရပါတယ်။  နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမည်နဲ့ မြေကွက် ချထားပေးခြင်းမရှိဘူးလို့ နေပြည်တော်ကောင်စီ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောဆိုခဲ့တာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဒီလိုပဲ နိုင်ငံတော်၏အ […]

Continue Reading

၂၀၁၂ Air Bagan လေယာဉ်ပျက်ကျမှုက ပုံတွေကို ရခိုင်ပြည်နယ်မှာ စစ်လေယာဉ်ပျက် ကျမှုအဖြစ်ဖော်ပြနေတဲ့သတင်းမှား

ရခိုင်ဘက်ကို စစ်လက်နက်ကြီးတွေ သယ်ဆောင်လာတဲ့ လေယာဉ်ပျက်ကြတယ်ဆိုပြီးတော့ လူမှုကွန်ယက်သုံး စွဲသူတွေအကြားမှာ လေယာဉ်အစိတ်အပိုင်းပုံတွေနဲ့ မီးလောင်နေတဲ့ ပုံတွေပါတဲ့ လေယာဉ်ပျက်ကြမှုမြင်ကွင်း ဓာတ်ပုံတွေ လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ “ရခိုင်ဖက်ကိုစစ်လက်နက်ကြီးတွေ သယ်ဆောင်လာတဲ့ လေယာဉ်တစ်စီးဟာ ပျက်ကျပြီး ပြာအတိဖြစ်သွား တယ်လို့ သိရပါတယ်၊ ၎င်း လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ စစ်ဗိုလ်တွေက  အချင်းချင်းပစ်ခပ်မှုဖြစ် ကြတယ် လို့လည်း သိရတယ်ခညာ….”ဆိုပြီး “MaGwi MaJap”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကအောက်ပါအတိုင်း  မျှဝေ ထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် အပျက်အစီးတွေက ဓာတ်ပုံတွေကို သေချာဆန်းစစ်ကြည့်ရင်တပ်မတော်နဲ့သက်ဆိုင်တဲ့ အမှတ်သင်္ကေတတစ်ချို့ မဟုတ်တာတွေ့ရပါတယ်။ ပထမဆုံး မီးခိုးတွေနဲ့ မီးလောင်နေတဲ့ မြင်ကွင်းကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ Link Link ၂၀၁၂ ခုနှစ်က ဒီဇင်ဘာ […]

Continue Reading

သံပုရာရည်ကိုရေနွေးနဲ့ဖျော်သောက်တာ ကင်ဆာကို ကုသနိုင်တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထား မရှိပါ

သကြားလုံးဝ မစားပါဘဲ သံပုရာသီးကို ရေနွေးနဲ့ဖျော်ပြီးတော့ သောက်မယ်ဆိုရင် ကင်ဆာဆဲတွေအလိုလို သေသွားမယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီပို်စ်ဟာ ၂၀၁၈ ခုနှစ်လောက်ကတည်းက ဖေ့စ်ဘွတ်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေခဲ့တာဖြစ်ပြီး လက်ရှိအချိန် အထိလည်း မျှဝေနေကြဆဲဖြစ်ပြီး ဒီပို့စ်တစ်ခုထဲကိုပဲ လူမှုကွန်ယက်သုံးစွဲ နှစ်သောင်းနီးပါက ပြန်လည်မျှ ဝေခဲ့ကြပြီးဖြစ်ပါတယ်။ “ကင်ဆာကြောင့်မသေနိုင်ကြတော့ပါဘူး” ဒေါက်တာ HEAYTHY LIFE က ပြောတယ် ကိုယ့်ကိုကိုယ်သာ သေချာဂရုစိုက်ပေးနိုင်ရင် ဘယ်သူမှ ကင်ဆာကြောင့်သေစရာမလိုတော့ပါဘူးတဲ့ ပထမအဆင့်က သကြားလုံးဝ မစားပါနဲ့ ရှောင်ပါ အဲဒါကင်ဆာဆဲလ်က အလိုလိုသေသွားပါလိမ့်မယ် ဒုတိယအဆင့်က အစာမစားခင်မှာ သံပုရာတစ်လုံးကို ရေနွေးနဲ့ Blend လုပ်ပြီးသောက်ပါ( ၁)လ ကနေ သုံးလခန့် သောက်ပေးပါ Maryland College of Medicine ရဲ့ Research […]

Continue Reading

သရုပ်ဆောင်စမိုင်းရဲ့မွေးနေ့ကံစမ်းမဲစာရင်းမှာပါဖို့ ဖေ့စ်ဘွတ်အုပ်စု ၅ ခုမှာ ပို့စ်ကို မျှဝေစရာ မလိုပါ

သရုပ်ဆောင် စမိုင်းက မွေးနေ့မှာ အွန်လိုင်းကနေပြီး ငွေကျပ်(၃၆)သိန်းဖိုး ကံစမ်းမဲဖောက်ပေးမှာဖြစ်လို့ ဂရု ၅ ခုရှဲပြီး ဖုန်းနံပါတ်ရေးခဲ့ပါဆိုတဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့နေ တာတွေ့ရပါတယ်။  “May Yati”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက “မွေးနေ့မှာ အွန်လိုင်းကနေပြီး ငွေကျပ်(၃၆)သိန်းဖိုး ကံစမ်းမဲ ဖောက်ပေးမယ်ဆိုတဲ့ စမိုင်း ဂရု၅ခုရှဲပြီး ဖုန်းနံပါတ်ရေးခဲ့ပါ”စသည်ဖြင့်ရေးသားပြီး “ဖုန်းဖြင့် ငွေလက်ခံမည့် သူများစာရင်း”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားပါတယ်။  Fb link Archive link သရုပ်ဆောင်စမိုင်းဟာ သူမမွေးနေ့ပါတီမှာ အွန်လိုင်းကနေပြီးတော့ မဲဖောက်ပေးမယ့်အစီအစဉ်ရှိ တာတွေ့ ရပါတယ်။ သို့သော်လည်း အခုလို့ ပို့စ်ကို ဖေ့စ်ဘွတ်အုပ်စု ၅ ခုမှာ မျှဝေခိုင်းပြီး ဖုန်းနံပါတ်ရေးခိုင်းသလားကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် သရုပ်ဆောင်စမိုင်းရဲ့ တရားဝင်စာမျက်နှာဖြစ်တဲ့ “စမိုင္းလ္ Smile”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ […]

Continue Reading

ရန်ကုန်ဆေးရုံကြီးမှာ အမျိုးသားများ ကိုယ်ဝန်ဆောင်နိုင်ရန် စမ်းသပ်မှုအောင်မြင်ဆိုတဲ့ သတင်းတု

ရန်ကုန်ဆေးရုံကြီးမှာ အမျိုးသားများ ကိုယ်ဝန်ဆောင် နိုင်ရန် စမ်းသပ်မှု အောင်မြင်တယ်ဆိုပြီး အမျိုးသားတစ်ဦး သာမန်ထက်ဗိုက်ဖောင်းနေတဲ့ ပုံနဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ “မြန်မာနိုင်ငံရန်ကုန်မြို့ရှိ ကုတင် ၁၀၀၀ အထူးကုဆေးရုံကြီးတွင် ဇွန်လ ၁ရက်နေ့က အမျိုးသားများကိုယ်ဝန် ဆောင် ခြင်းကို စမ်းသပ်ခဲ့ရာ အောင်မြင်မှုရှိခဲ့သည်ဟု ဒေါက်တာဦးကိုကိုဝင်းမှ ပြာကြားသွားသည်”ဆိုပြီးတော့ အောက်ပါအတိုင်း မျှဝေထားတဲ့ ပို့စ်မှာရေးသားထားတာတွေ့ရပါတယ်။ Fb link Archive link ရန်ကုန်ဆေးရုံကြီးမှာ အမျိုးသားတွေ ကိုယ်ဝန်ဆောင်ဖို့ စမ်းသပ်မှုရှိခဲ့သလား။ ဓာတ်ပုံထဲက ဗိုက်ပူနေတဲ့သူတွေ က ကိုယ်ဝန်ဆောင်ထားတာလား။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း အမျိုးသားတွေ ကိုယ်ဝန်ဆောင်ဖို့ စမ်းသပ်မှု အောင်မြင်တယ်ဆိုတဲ့ ပို့စ်မျိုးမတွေ့ရှိရပါဘူး။ မြန်မာနိုင်ငံက အထင်ကရ သတင်းမီဒီယာကြီးတွေမှာ ဒီလိုသတင်းမျိုးတစ်စုံတစ်ရာဖော်ပြထားတာ မတွေ့ရှိ ပါဘူး။ […]

Continue Reading

ညစ်ညမ်းသောနိုင်ငံရေးတိုက်ကွက်များကိုရှောင်ရှားစေလိုကြောင်း ကြံ့ခိုင်ရေးပါတီကို ဒေါ်အောင်ဆန်းစုကြည်သတိပေးဆိုတဲ့သတင်းမှား

ညစ်ညမ်းသောနိုင်ငံရေးတိုက်ကွက်များကိုရှောင်ရှားစေလိုကြောင်းကြံ့ခိုင်ရေးပါတီကိုဒေါ်အောင်ဆန်းစုကြည်သတိပေးပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်သုံးစွဲသူကတွေက ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ “ဒီမိုချစ်တဲကိုကို”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “Aung San Suu Kyi (State Counsellor)”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ အောက်ပါအတိုင်းမျှဝေထားတာဖြစ်ပါတယ်။ Fb link Archive link Archived အချက်အလက်စိစစ်ချက် “ဒီမိုချစ်တဲကိုကို”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက“ညစ်ညမ်းသောနိုင်ငံရေးတိုက်ကွက်များကိုရှောင်ရှားစေလိုကြောင်းကြံ့ခိုင်ရေးပါတီကိုဒေါ်အောင်ဆန်းစုကြည်သတိပေးပြီ”လို့ခေါင်းစဉ်တပ်ထားတဲ့ ပို့စ်မှာပါတဲ့ လင့်ခ်ကို ဖွင့်ကြည်တဲ့အခါမှာ The Voice က အယ်ဒီတာအာဘော်ဖြစ်နေတာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်က သတိပေးတယ်လို့ ရေးသားထားခြင်းမရှိတာတွေ့ရပါတယ်။ ဒီလိုပဲ “လိုရင်းပြောရမည်ဆိုပါက ဘယ်သူသေသေ ငတေမာလျှင်ပြီးရောဆိုသည့် ခံယူချက်ဖြင့် ညစ်ပတ်သော တိုက်ကွက်များကို အသုံးမပြုဘဲ ပါဝါနိုင်ငံရေးကိစ္စကို လူကြီးလူကောင်းဆန်စွာ၊ သန့်ရှင်းစွာ ယှဉ်ပြိုင်ခြင်းအားဖြင့် ခေတ်သစ်မြန်မာ့ သမိုင်းတွင် လူထု၏ အစဉ်အယုံအကြည်ရှိထိုက်သူ စံပြပုဂ္ဂိုလ်များအဖြစ် နာမည်ကောင်းကျန်ရစ်အောင် ပြုမူဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း ​ကြံခိုင်ရေး ( ခေါ် ) ပြည်ခိုင်ဖြိုးပါတီအားမေတ္တာရပ်ခံလိုပါသည်။”လို့ […]

Continue Reading

မြေပုံမြို့နယ်ဆရာဝန် ဒေါက်တာနေလင်းထွေး ရုတ်တရက် သေဆုံးမှုဟာ ဒဏ်ရာ ဒဏ်ချက် ကြောင့်ဆိုတဲ့ အထောက်အထားမရှိပါ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ဆရာဝန် ဒေါက်တာနေလင်းထွေး ရုတ်တရက် သေဆုံးမှုဟာ မြန်မာတပ်မတော်မှ ဖမ်းဆီးစစ်ဆေးမှုအပြီးရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ ပို့စ်တစ်ခု ပျံ့နှံ့ခဲ့ တာတွေ့ရပါတယ်။  ‎”ဆရာဝန်လောကကိုခြိမ်းခြောက်လာနေသောမြန်မာ့တပ်မတော်နှင့်မြန်မာ့အစိုးရ” ဆိုပြီးတော့ Freedom for Burma အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာ မေ ၁၆ ရက်နေ့က အောက်ပါအတိုင်းဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဆေးရုံမှ ဒေါက်တာ (နေလင်းထွန်း)အား စစ်ပွဲအတွင်း ရွာကိုပစ်ခံရလို့ ဒဏ်ရာရသည့် ရခိုင်ပြည်သူ များအား ဆေးကုပေးတယ်ဟုဆိုကာ မြန်မာတပ်မတော်မှ ဖမ်းစီးထားစဉ် နောက်နေ့မနက် သေဆုံးခဲ့တယ် ဆိုပြီးတော့ အောက်ပါအတိုင်းရေးသားဖော်ပြထားပါတယ်။ ဆက်လက်ပြီး နားနှစ်ဖက်သွေး ယိုထွက်ဒဏ်ရာ၊ ဦးခေါင်းသွေးယိုစိမ့်ဒဏ်ရာ၊ ကိုယ်တစ်ကိုယ်လုံး မဲညိုပုပ်လျက် အလီးအပေါ့များထွက်ကျ လျက်သားသေဆုံးခဲ့ တယ်လို့ ရေးသားထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

မြန်မာနိုင်ငံမှာ ဗုဒ္ဓခြေတော်ရာအဖြစ်မျှဝေနေတဲ့ ဟာနုမာန်ခြေရာ

ဗုဒ္ဓရဲ့ ခြေရာတော် အစစ်ဆိုပြီးတော့ ခြေတော်ရာကြီးတစ်ခုကို လူတွေက ထိုင်ကန်တော့နေဟန် ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ “ဗုဒ္ဓရဲ့ ခြေရာတော် အစစ်ပလိုရာ ဆုတောင်းပြီး ရှဲပါ ကိုယ်တွေ့ပါသူများတွေလဲ ဖူးရအောင် ရှဲပေးကြနော်ဗုဒ္ဓရဲ့ ခြေရာတော် အစစ်ပါလိုရာ ဆုတောင်းပြီး ရှဲပါ ကိုယ်တွေ့ပါသူများတွေလဲ ဖူးရအောင် ရှဲပေးကြနော်”ဆိုပြီးတော့ mmrepublic.com ကရေးသားထားတဲ့ ပို့စ်ကို ပြန်လည်မျှဝေနေကြတာဖြစ်ပါတယ်။ Link Archive link ဗုဒ္ဓခြေတော်ရာတွေထဲမှာ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်မှာရှိတဲ့ ရွှေစက်တော်ဟာ နာမည်ကြီးပါတယ်။ တကယ်ပဲ ဒီခြေတော်ရာဟာ ဗုဒ္ဓခြေတော်ရာလားဆိုတာ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် Goolge မှာ မျှဝေထားတဲ့ပုံကို ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၁၃ ခုနှစ်လောက်ကတည်း အင်တာနက်မှာ ဒီပုံဟာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေအရ ဒီခြေတော်ရာဟာ ဗုဒ္ဓခြေတော်ရာထက် ထိုင်းနိုင်ငံက […]

Continue Reading