Fact Check: လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်လွဲမှား တွေတပ်ပြီး ဗွီဒီယိုတွေဖြန့်ဝေနေတဲ့ Top MM Channel ယူကျူ့စာမျက်နှာ
အများစိတ်ဝင်စားနိုင်တဲ့ ခေါင်းစဉ်မှား ခေါင်းစဉ်လွဲတွေတပ်ပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့အကြောင်းအရာတွေကို အသံအခြေပြုဗွီဒီယိုအဖြစ်ပြောင်းလဲပြီး ဝင်ငွေရှာနေတဲ့ Top MM Channel အမည်နဲ့ ယူကျူ့စာမျက်နှာ(youtube channel)ကအကြောင်းအရာအချို့ကို Fact Crescendo Myanmar ကစိစစ်ဖော်ပြပေးချင်ပါတယ်။ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) တရား ဝင်ရပ်စဲလိုက်ပြီးလို့ခေါင်းစဉ်တပ်ထားတဲ့ ဗွီဒီယိုကို နိုဝင်ဘာ ၂၇ ရက်က အမည်နဲ့ ယူကျူ့စာမျက်နှာမှာ မျှဝေထားရာမှာ ဒီဗွီဒီယိုကို ဝင်ရောက်ကြည့်ရှု့သူ ၂ သောင်းခွဲဝန်းကျင်ရှိပါတယ်။ “USDP ကို ပါတီဝင်အဖြစ် တရားဝင်ရပ်ဆဲလိုက်ပြီဟုUEC ကြေငြာလိုက်ပါပြီ”လို့ ခေါင်းစဉ်တပ်ထားပေမဲ့ ဗွီဒီယိုထဲမှာ ပြည်ခိုင်ဖြိုးပါတီဟာ လူထုထောက်ခံမှုရအောင်မလုပ်ဘဲ တပ်ကိုပဲ စွဲထည့်ပြီး သူတို့ရဲ့ လက်ကိုင်တုတ်လို လုပ်နေတဲ့အကြောင်းတွေပါဝင်ပါတယ်။ ဗွီဒီယိုထဲမှာ USDP နဲ့သက်ဆိုင်တဲ့ဓာတ်ပုံ၊ UEC ရဲ့ သတင်းစာရှင်းလင်းပွဲပုံတွေကို အသုံးပြုထားပေမဲ့ နောက်ခံ စကားပြောမှာ […]
Continue Reading