ဒေါ်အောင်ဆန်းစုကြည်ပြိုင်မယ့် ဉတ္တရသီရိက ဉီးဌေးအောင်ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းတုသတင်းမှား

ရွေးကောက်ပွဲရက်တစ်ဖြေးဖြေးနီးလာတာနဲ့အမျှ တစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်မှု၊ သတင်းတုသတင်းမှားရေးသား ဖြန့်ဝေမှုတွေ အရှိန်အဟုန်နဲ့ပြုလုပ်တာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရင် ပိုမိုနာမည်ကြီး လာခဲ့သူ Orchid ဟိုတယ်လုပ်ငန်းပိုင်ရှင် ဦးဌေးအောင်နဲ့ပတ်သက်တဲ့ သတင်းတုသတင်းမှားတွေလည်း အပါအဝင်ဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ဦးဌေးအောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ပြိုင် မယ့် ဉတ္တရသီရိ မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ ပို့စ်တစ်ခုပျံ့နှံ့လျက်ရှိပါတယ်။ ပုံနှိပ်မီဒီယာတစ်ခုမှာ ဖော်ပြထားဟန်ရှိပြီး ဦးဌေးအောင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပြိုင်ဖို့ ရွေးချယ်တာဟာ ကမ္ဘာသိဖို့ဖြစ်ပြီး နိုင်ဖို့မဟုတ်ဘူး စသည့်ဖြင့် ပြောကြားတယ်လို့ ရေးသားထားတဲ့ ဓာတ်ပုံပို့စ်ကို အောက် ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ဒီကိစ္စနဲ့ပတ်သက်ပြီး Orchid ဦးဌေးအောင်ကို Fact Crescendo Myanmar က တယ်လီဖုန်းနဲ့ဆက်သွယ် အတည်ပြုခဲ့ရာမှာ အောက်ပါအတိုင်း […]

Continue Reading