Fact Check: ထိုင်းမှာ အမေရိကန် စစ်သား ၅၀၀၀၀ ရောက်နေတယ်ဆိုတာ မဟုတ်ပါ
စစ်အာဏာသိမ်းမှုအပြီး အမေရိကန်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ဆန္ဒပြသူတွေဘက်က ရပ်တည် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကကြေညာထားပြီး မြန်မာလူထုဘက်က အာဏာသိမ်း ခေါင်းဆောင်တွေကို စစ်ရေးအရအရေး ယူဖို့တောင်းဆိုမှုတွေလည်း ထုတ်ပြန်ချက်အောက်က မှတ်ချက် တွေမှာ တွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ အမေရိကန် စစ်သား ၅၀၀၀၀ ထိုင်းကိုရောက်လာပြီဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေလာတာတွေ့ရပြီး နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီအတွင်းမှာ အမေရိကန်နိုင်ငံက မြောက်ကာရိုလိုင်းနား ပြည်နယ်မှာ ညဘက်လေထီးခုံစစ်ရေးလေ့ကျင်မှုအတွက် ပြင်ဆင်နေပုံဖြစ်ပါတယ်။ “ထိုင်းမှာ အမေရိကန်စစ်သား (50000)ရောက်နေတယ်ဆိုတာ သတင်းအမှန်ပါတဲ့ ”လို့ ရေးသားပြီး “San Min ” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ဖေဖော်ဝါရီ ၅ ရက်က မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ သောင်း ၂ ထောင်ကျော်ရှိပါတယ်။ မူရင်းလင်ခ့် […]
Continue Reading