Fact Check; ရှပ်အင်္ကျီဝတ်ထားပြီး လက်ထိတ်ခတ်ခံထားရတဲ့လက်ကို မြှောက်ပြထားတဲ့ ဦးဝီရသူရဲ့ ပုံအမှား

ဝရမ်းပြေးအဖြစ်တစ်နှစ်ကျော်လောက်တိမ်းရှောင်နေသောဦးဝီရသူက ပြီးခဲ့တဲ့ရက်ပိုင်းက ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံပြီးနောက်မှာတော့ ရှပ်အင်္ကျီဝတ်ဆင်ထားပြီး လက်ထိတ်ခတ်ခံထားရတဲ့လက်ကို မြှောက်ပြနေတဲ့ ဦးဝီရသူရဲ့ပုံဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပုံကို “ဝရမ်းပြေးနေတဲ့ အမျိုးသားရေးအစွန်းရောက် ဆရာတော်ဝီရသူ ရဲတပ်ဖွဲ့သို့ လာရောက်အဖမ်းခံ” “ဝရမ်းအထုပ်ခံ ရဟန်းယုတ် ဝီရသူတော့ အမှန်နန်းစံဘို့ ပြန်လှမ်းလာပီ …။ ကံပဲစမ်းသလားအကြံပဲလှမ်းသလား ညဏ်ပဲနွမ်းလို့ အကြံကုံလို့ဂဠုန်ပဲဆားချက်သလား အမှားပဲကိုဦးတည်ပြီး အရူးတွေတော့အပြောကြွယ် ဘာသာ သာသနာဆိုပြီ မကြာခင်အော်ကြတော့မယ်။….”စသဖြင့် အညွှန်းအမျိုးမျိုးတပ်ပြီး ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ မူရင်းလင့်ခ် –  FB Link |  Archive Link အချက်အလက်စိစစ်ချက် ဒီပုံဟာ Photoshopနဲ့ပြုပြင်ထားတဲ့ပုံဖြစ်ပါတယ်။ ဘာကြောင့်ပြောနိုင်သလဲဆိုရင် ဒီပုံနဲ့အလားတူပုံမျိုးကို ၂၀၁၉ခုနစ်ကလည်း “ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်ကို ဖမ်းဆီးလိုက်ပြီ”ဆိုတဲ့ သတင်းအမှားမှာလည်း အသုံးပြုထားကြောင်းကို အချက်အလက်စစ်ဆေးတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “ဟုတ်တယ် Vs မဟုတ်ဘူး”ကလည်း စစ်ဆေးထားတာကိုတွေ့ရပါတယ်။ […]

Continue Reading